
ဆော်ပိုလို ဇူလိုင် ၄
ဘရာဇီးနိုင်ငံတောင်ပိုင်း ရီယို ဂရန်းဒေးဒိုဆိုလ် ပြည်နယ်၌ ရက်သတ္တပတ် များစွာကြာ ရေလွှမ်းမှုကြောင့် သေဆုံးသူ ၁၈၀ ထက်မနည်းရှိခဲ့ပြီး ၃၂ ဦး ပျောက်ဆုံးနေဆဲ ဖြစ်သည်ဟု ပြည်သူ့ကာကွယ်ရေး အေဂျင်စီ က ဇူလိုင် ၃ ရက်တွင် ပြောသည်။
ဧပြီ ၂၉ ရက်မှ စတင်ကာ မိုးအဆက်မပြတ်ရွာသွန်းမှု ဖြစ်ပေါ် ခဲ့ပြီး ရက်အတန်ကြာ မိုးရွာသွန်းမှု ဖြစ်ပေါ်ခဲ့သည်။ ထို့ကြောင့် ပြည်နယ်တစ်လွှား မြို့များတွင် ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်ခဲ့သည်။ ဇွန်လလယ်ပိုင်းမှ စတင်ကာ ကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများ စတင် ခဲ့သည်။ ပြင်းထန်သည့် ရာသီဥတု ကြောင့် မြို့ပေါင်း ၄၇၈ မြို့မှ လူပေါင်း ၂၃၉၈၂၅၅ ဦး ထိခိုက်ခဲ့ရ သည်ဟု အေဂျင်စီ၏ အစီရင်ခံစာ အရ သိရသည်။
ရီယိုဂရန်းဒေးဒိုဆိုလ် ပြည် နယ် ပြန်လည်ထူထောင်ရေး အတွက် ဘရာဇီးအစိုးရက ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၄ ဘီလီယံ ခွဲဝေချထားပေး ခဲ့သည်ဟု လူထုဆက်သွယ်ရေး အတွင်းရေးမှူးဖြစ်သူ ပေါ်လို မီမန်တာက ပြောသည်။ ရီယို ဂရန်းဒေးဒိုဆိုလ် ပြည်နယ်သည် စိုက်ပျိုးရေးကို အဓိကလုပ်ဆောင် သည့် ပြည်နယ်ဖြစ်ပြီး သဘာဝ ဘေးကြောင့် စီးပွားရေးဆိုင်ရာ ဆုံးရှုံးမှုများ စံချိန်တင်ပေါ်ပေါက် ခဲ့သည်ဟု သိရသည်။
ဆင်ဟွာ