ဘရာဇီးနိုင်ငံ၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သေဆုံးသူ ၁၀၀ အထိရှိလာ

 

ရီယိုဒီဂျနေးယိုး  မေ  ၉
ဘရာဇီးနိုင်ငံ       တောင်ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သေဆုံးသူဦးရေမှာ   ၁၀၀   အထိ ရှိလာပြီဖြစ်ကြောင်း   အာဏာပိုင် များက  ပြောသည်။   မိုးသည်စွာ ရွာသွန်းမှုဖြစ်ပွားနေသည့်   နေရာ ဒေသများတွင်     ခိုးဆိုးလုယက်မှု များ ပေါ်ပေါက်လာသည့်အတွက် လုံခြုံရေးစိုးရိမ်ပူပန်မှုများ မြင့်မား လာရသည်။   ဧပြီလနှောင်းပိုင်းမှ စတင်ခဲ့သည့် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရီယိုဂရန်ဒီဒိုဆူးလ် ပြည်နယ်တစ်လွှား  ရေကြီးမှုများ ဖြစ်ပေါ်ခဲ့သည်။ ပြည်နယ်မြို့တော် ပေါ်တိုအယ်လီဂရီရှိ    အပြည်ပြည် ဆိုင်ရာလေဆိပ်နှင့် ဘောလုံးကွင်း တို့မှာလည်း ရေမြုပ်ခဲ့ရသည်။ 
ရေကြီးမှုကြောင့် သေဆုံးသူ ၁၀၀ ရှိပြီး ပျောက်ဆုံးနေသူ  ၁၂၈ ဦး ရှိသည်ဟု ဒေသခံအရာရှိများက မေ ၈ ရက်တွင် ပြောသည်။ အဆိုပါ သဘာဝဘေးကြောင့်   လူပေါင်း ၁၆၀၀၀၀ ကျော်ကို ဘေးလွတ်ရာ သို့ ပြောင်းရွှေ့ပေးခဲ့ရပြီး  လူဦးရေ ၁ ဒသမ ၄၅ သန်းမှာ  လျှပ်စစ်မီး ပြတ်တောက်မှုနှင့်  သောက်သုံးရေ ပြတ်လပ်မှုတို့ကို ခံစားခဲ့ရသည်။ ဈေးဆိုင်များနှင့် နေအိမ်များတွင် လုယက်ခံရမှုများ၊ အသက်ကယ် လှေ အခိုးခံရမှုများ ဖြစ်ပေါ်ခဲ့သည် ဟု ဒေသတွင်းမီဒီယာတွင် ဖော်ပြ သည်။ 
ရီယိုဂရန်ဒီဒိုဆူးလ်  ပြည်နယ် သည်   ဘရာဇီးနိုင်ငံရှိ      အဓိက ဆန်စပါးစိုက်ပျိုးရာ ဒေသဖြစ်ပြီး  တိုင်းပြည်၏ ဆန်စပါးထုတ်လုပ်မှု ၇၀  ရာခိုင်နှုန်းရှိသည်။ အကယ်၍ လိုအပ်လာပါက         ဆန်စပါးနှင့် အခြားသောပစ္စည်းများကို ပြည်ပ မှ       တင်သွင်းမည်ဟု     ဘရာဇီး သမ္မတ လူဝစ်ဇ်အန်နာစီယို လူလာ ဒီ ဆေးလ်ဗာက ပြောသည်။
 အင်န်အိတ်ချ်ကေ