
ဘရာဇီးလီးယား ဇန်နဝါရီ ၉
ဘရာဇီးနိုင်ငံရှိ မီနာဂီရက်စ်ပြည်နယ် ကက်ပီတို လီအိုမြို့အနီး ဖာနတ်စ်ရေကန် ကျောက်အငူရှိ ရေတံခွန်မှ ကျောက်သားများပြိုကျခဲ့ရာ အဆိုပါ ရေကန်အတွင်း မော်တော်ဘုတ်ဖြင့် ရှုခင်းများ ကြည့်ရှုနေသည့်ခရီးသည် အနည်းဆုံး ခုနစ်ဦးသေဆုံး ပြီး ကိုးဦး ဒဏ်ရာရရှိကြောင်း မီးသတ်တပ်ဖွဲ့က ပြောကြားသည်။
ဆိုရှယ်မီဒီယာများ၌ လွှင့်တင်ခဲ့သည့် ဗီဒီယိုဖိုင် တစ်ခု၌ အဆိုပါကျောက်အငူရှိ ရေတံခွန်မှ ကျောက်လွှာအချပ် ရေကန်ထဲသို့ ပြုတ်ကျလာချိန် တွင် ကြောက်လန့်တကြား အော်ဟစ်နေသော ခရီးသည်များကို တွေ့မြင်ခဲ့ရပြီး အဆိုပါကျောက် အငူမှ ပြိုကျလာသော ကျောက်သားအလွှာတစ်ချပ် သည် မော်တော်ဘုတ်ကို ထိမှန်ပြီး မော်တော်ဘုတ် နစ်မြုပ်သွားခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိအချိန်၌ ပျောက်ဆုံးသူများကို ရေငုပ် ရှာဖွေကယ်ဆယ်ရေးသမားများက ရှာဖွေလျက် ရှိသည်။ လွန်ခဲ့သော သီတင်းနှစ်ပတ်က အဆိုပါ ဒေသအတွင်း မိုးသည်းထန်စွာရွာသွန်းခဲ့ရာမှ အဆိုပါ ကျောက်အငူမှ ကျောက်သားများ ထိခိုက်ပျက်စီး ခဲ့ခြင်းဖြစ်နိုင်ကြောင်း သိရသည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-စိုးသူရ