ဘဏ်လုပ်ငန်းများ စည်းကမ်းနှင့်အညီ ပုံမှန်လည်ပတ်ရန်လိုအပ်ပြီး စည်းကမ်း လိုက်နာမှုမရှိသည့်ဘဏ်များအား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ရန်လိုအပ်

နေပြည်တော် မတ် ၁၁ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စီမံခန့်ခွဲရေး ကော်မတီအစည်းအဝေး (၃/၂၀၂၁) ကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြား သည်။ အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော် ကာကွယ် ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း)၊ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ပြည်ထောင်စုဝန်ကြီး များ ဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်၊ ဦးဝဏ္ဏမောင်လွင်၊ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးဝင်းရှိန်၊ ဦးအောင်နိုင်ဦး၊ ဦးချစ်နိုင်၊ ဦးကိုကို၊ ဦးတင်ထွဋ်ဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဦးခင်မောင်ရီ၊ ဦးအောင်သန်းဦး၊ ဦးမြင့်ကြိုင်၊ ဒေါက်တာပွင့်ဆန်း၊ ဒေါက်တာညွန့်ဖေ၊ ဒေါက်တာ သက်ခိုင်ဝင်း၊ ဦးရွှေလေး၊ ဒေါက်တာသက်သက်ခိုင်၊ ဦးမောင်မောင် အုန်း၊ ဦးစောထွန်းအောင်မြင့်နှင့် ပြည်ထောင်စု ရှေ့နေချုပ် ဒေါက်တာ ဒေါ်သီတာဦးတို့ တက်ရောက် ကြသည်။ ပြန်လည်တည့်မတ်အောင်ဆောင်ရွက် အစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက အဖွင့်အမှာစကား ပြောကြားရာ တွင် မိမိတို့စီမံခန့်ခွဲရေးကော်မတီ၏ အဓိကလုပ်ငန်း တာဝန်မှာ တိုင်းပြည်၏ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံ တကာဆက်ဆံရေးကိစ္စရပ်များကို အကောင်အထည်ဖော်ဆောင်ရွက်ရသည့် အဖွဲ့အစည်းတစ်ခု ဖြစ်ကြောင်း၊ မိမိတို့တာဝန်ယူ ဆောင်ရွက်ခဲ့သည့်တစ်လကျော်ကာလအတွင်း တချို့လုပ်ငန်းများ ရာနှုန်းပြည့် အောင်မြင်မှုများရှိပြီး ဆောင်ရွက်ရန် ကျန်ရှိသည့်လုပ်ငန်းကိစ္စရပ်များကိုလည်း ဖြစ်နိုင် သည့်လမ်းကြောင်းများမှ ဖြစ်အောင်ဆောင်ရွက်ရန် လိုကြောင်း၊ မိမိတို့ စတင်တာဝန်ယူသည့် အချိန်မှစ၍ ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ် ၅ ရပ်တွင် COVID-19 ကြောင့် ယိုင်နဲ့သွားသည့်စီးပွားရေး လုပ်ငန်းများ ပြန်လည်တည့်မတ်အောင်ဆောင်ရွက် ရမည်ဟုပါရှိကြောင်း၊ တိုင်းပြည်၏ အဓိကမောင်းနှင် အားသုံးခုတွင် စီးပွားရေးသည် ပို၍အဓိကကျ ကြောင်း၊ ဦးတည်ချက် ၉ ရပ်တွင် ပါဝင်သည့် စိုက်ပျိုး မွေးမြူရေးကို အခြေခံသည့် စီးပွားရေးကို အဓိက လုပ်ရန်၊ ဈေးကွက်စီးပွားရေးကို ပီပီပြင်ပြင် ဖော်ဆောင်၍ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ရန်နှင့် အဆိုပါအချက်များနှင့် ဆက်စပ်သည့် ပြည်တွင်းစီးပွားရေးလုပ်ငန်း SME များကိုလည်း အားပေးကူညီ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ရောင်းကုန်ပစ္စည်းများ ပိုမိုထုတ်လုပ်ရရှိအောင် မျှော်မှန်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြည်သူလူထု ၏ စီးပွားရေးကောင်းမွန်လာပါက ဝယ်လိုအားများ ကောင်းမွန်လာပြီး ရောင်းလိုအားကောင်း၍ လူမှု စီးပွားဘဝတိုးတက်ကောင်းမွန်လာမည် ဖြစ်ကြောင်း၊ စီးပွားရေးဆိုင်ရာလုပ်ငန်းများ ရေတို/ ရေရှည် ဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာဌာနများ အလိုက် ဆောင်ရွက်သွားကြရန်နှင့် အခြားဌာနများ အနေဖြင့်လည်း ပူးပေါင်းဆောင်ရွက်ခြင်း၊ အကြံ ဉာဏ်ပေးဆောင်ရွက်ခြင်းဖြင့် လုပ်ငန်းများပိုမို တိုးတက်အောင်မြင်အောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ထို့အပြင် နိုင်ငံ၏ စီးပွားရေးကို အလျင်အမြန် အထောက်အကူပြုနိုင်သည့် ခရီးသွား လုပ်ငန်းအောင်မြင်ရေးအတွက် အားလုံးဝိုင်းဝန်း ကူညီဆောင်ရွက်သွားကြရန်လိုကြောင်း၊ ခရီးသွား လုပ်ငန်းသည် အောက်ခြေမှစ၍ နယ်ပယ်အားလုံးကို အကျိုးပြုသည့် လုပ်ငန်းတစ်ခုဖြစ်ကြောင်း။ ဒီမိုကရေစီကျင့်စဉ်နှင့် အညီ ဆောင်ရွက် ဝန်ကြီးဌာနများတွင် ဝန်ထမ်းများတာဝန်ထမ်း ဆောင်မှု၊ လုပ်ငန်းများ ဆောင်ရွက်မှု နှင့် ပတ်သက်၍ မိမိတို့သည် ပါတီစုံဒီမိုကရေစီ လမ်းကြောင်းကို သွားနေခြင်း ဖြစ်ကြောင်း၊ ဒီမိုကရေစီစနစ်သည် ဝါဒ မဟုတ်ဘဲ ကျင့်စဉ်တစ်ခုသာဖြစ်ပြီး ဝန်ကြီးဌာန များအနေဖြင့် ဒီမိုကရေစီကျင့်စဉ်နှင့် အညီ ဆောင်ရွက် သွားရန်လိုအပ်ကြောင်း၊ မိမိတို့ လက်အောက် ဝန်ထမ်းများကို နားလည်အောင် ရှင်းလင်းပြောကြား ဆောင်ရွက်ပေးရန်လိုကြောင်း၊ ဝန်ထမ်းများ ရာထူး တိုးမြှင့်ရေးများနှင့်ပတ်သက်၍ လုပ်ငန်းကျွမ်းကျင် ပြီး နိုင်ငံတော်အပေါ် သစ္စာစောင့်သိသူများကိုလည်း ထိုက်သင့်သည့်အဆင့်သို့ တိုးမြှင့်ပေးရန်ပြောကြားပြီးဖြစ်ကြောင်း၊ ဝန်ထမ်းများ လုပ်ငန်းကျွမ်းကျင်ရန် အတွက် လက်တွေ့လုပ်ငန်းများတွင် သင်ကြားပေး ခြင်းနှင့် သင်တန်းကျောင်းများတွင် သင်ကြားပေးခြင်း ဖြင့် ဌာနအတွင်း အထက်အောက်ရိုသေလေးစားမှုများ ဖြစ်ပေါ်ပြီး စည်းလုံးညီညွတ်လာမည်ဖြစ်ကြောင်း၊ ဒီမိုကရေစီစနစ်ကို သွားရာတွင် ပရမ်းပတာ ဆောင်ရွက်၍မရဘဲ စည်းကမ်းနှင့်သာ သွားရန်လို ကြောင်း၊ ထို့ကြောင့် လုပ်ငန်းများဆောင်ရွက်ရာတွင် အောင်မြင်မှုရရှိစေရန်အတွက် မိမိတို့သက်ဆိုင်ရာ ဌာနအလိုက် ဒီမိုကရေစီကျင့်စဉ်နှင့် အညီသာ ဆောင် ရွက်ရန်လိုကြောင်း ပြောကြားသည်။ ရှင်းလင်းတင်ပြ ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြ သည့် ပြည်ထောင်စုဝန်ကြီးများက ရခိုင်ပြည်နယ် မောင်တောခရိုင်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်ရှိ ဝန်ထမ်းများနှင့် နေ့စားများအား ဝန်ထမ်းလစာနှစ်ဆ နှင့် နေ့တွက်စရိတ် တိုးမြှင့်ခံစားခွင့်ပြုရေး၊ မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံချုပ်ဆိုထားသည့် သဘောတူ စာချုပ်၊ စာတမ်းများနှင့် နားလည်မှု စာချွန်လွှာဆိုင်ရာ ကိစ္စရပ်များ၊ အခွန်ကင်းလွတ်ခွင့်ပြုရေး၊ ငွေချေး သက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေး ကော်မရှင်အဖွဲ့ဝင်များ ခန့်အပ်ရေးနှင့် ချီးမြှင့်ငွေပေးအပ်ခြင်းဆိုင်ရာများ၊ ကိုဗစ် အထူးချေးငွေထုတ် ချေးမှုနှင့် ပြန်လည်အပ်နှံခြင်း၊ နိုင်ငံပိုင်ရုပ်ရှင်ရုံများ ကြီးကြပ်ခြင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးကဏ္ဍများတွင် အရေးပေါ်ရန်ပုံငွေ မှ ကျခံသုံးစွဲနိုင်ရေး၊ ဓာတ်သတ္တုတူးဖော်ရေးလုပ်ငန်း များနှင့် ပတ်သက်သည့် လူမှုစီးပွားဖွံ့ဖြိုးရေး ရန်ပုံငွေ ထားရှိခြင်း၊ ခဲသတ္တုတူးဖော်ရေးနှင့် ဖြစ်မြောက်နိုင် စွမ်းလေ့လာရေးတို့နှင့်စပ်လျဉ်၍ ရှင်းလင်းတင်ပြ ကြသည်။ နည်းလမ်းများရှာဖွေဆောင်ရွက် ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ယခုကာလတွင် ဆေးရုံများ ပြန်လည် ဖွင့်လှစ်နိုင်ရေးအတွက် လိုအပ်ချက်များရှိကြောင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အားလုံးတွင်‌ ဆေးရုံ ပေါင်း ၁၁၇၇ ခုရှိပြီး အချို့ဆေးရုံများပိတ်ထားသည် ကို တွေ့ရကြောင်း၊ ကျန်းမာရေးဝန်ထမ်းများ၏ ကျင့်ဝတ်ဖြစ်သည့် ရန်သူ မိတ်ဆွေ ခွဲခြားမှုမရှိဘဲ ဆေးကုသပေးရန်ဆိုသည့်အတိုင်း ကျန်းမာရေး ဝန်ထမ်းများအနေဖြင့် လိုက်နာစောင့်ထိန်းရန် လိုကြောင်း၊ ဆရာဝန်များအတွက်လည်း ၎င်းတို့၏ ဂုဏ်ဒြပ်နှင့် ကိုက်ညီသည့် ခံစားခွင့်များရရှိအောင် နိုင်ငံတော်မှ ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ ထိုသို့ဖြည့်ဆည်းပေးနိုင်ရန်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် သက်ဆိုင်ရာဝန်ကြီးဌာန အသီးသီးမှလည်း နည်းလမ်းများရှာဖွေ ဆောင်ရွက်ကြရန်လိုကြောင်း၊ ဆရာဝန်များအနေဖြင့်လည်း မိမိတို့ကျင့်ဝတ်သိက္ခာ နှင့် အညီ နေထိုင်ရပ်တည်ဆောင်ရွက်သွားနိုင်ရန် လိုကြောင်း၊ ပြည်သူလူထု၏ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများသည် မဖြစ်မနေ ဆောင်ရွက်ရမည့် လုပ်ငန်းများဖြစ်သဖြင့် ရေရှည် အတွက် ထည့်သွင်းစဉ်းစားရန်လိုကြောင်း။ ဘဏ်လုပ်ငန်းများ ပုံမှန်လည်ပတ် ဘဏ်လုပ်ငန်းများနှင့် ပတ်သက်၍ ဘဏ်များ သည် ငွေကြေးစီးဆင်းမှုအတွက် အဓိကဆောင်ရွက် နေသည့်လုပ်ငန်းဖြစ်ကြောင်း၊ ဘဏ်လုပ်ငန်းများ စည်းကမ်းနှင့်အညီ ပုံမှန်လည်ပတ်ရန် လိုအပ်ပြီး စည်းကမ်းလိုက်နာမှုမရှိသည့် ဘဏ်များအား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ရန် လိုအပ် ကြောင်း၊ ခေတ်စနစ်နှင့် လျော်ညီသည့် ဘဏ်စနစ် ဖြစ်စေရန်အတွက်လည်း ဆောင်ရွက်သွားရန် လိုကြောင်း၊ ဘဏ်လုပ်ငန်းများ ပုံမှန်လည်ပတ်နိုင် မှသာ ပြည်သူများ၏ ငွေကြေးနှင့် ပတ်သက်သော လုပ်ငန်းရပ်များ အဆင်ပြေစွာ ပြန်လည် လည်ပတ် နိုင်ကြမည်ဖြစ်ကြောင်း။ ကျောင်းများစနစ်တကျ ပြန်လည်ဖွင့် ပညာသင်ကြားရေးနှင့် ပတ်သက်၍ တိုင်းပြည် တစ်ခုတွင် ပညာရေးမကောင်းပါက တိုးတက်မှုမရှိ နိုင်ကြောင်း၊ ထို့ကြောင့် ပညာရေးကို အဆင့်မြှင့် တင်ရန်လိုအပ်ပြီး ထိုသို့ အဆင့်မြှင့်တင်ခြင်းများဆောင်ရွက်ရာတွင်လည်း ကျောင်းသား ကျောင်းသူ များ အစမ်းသပ်ခံ မဖြစ်စေရေးအတွက် ရှိပြီးသား အမျိုးသားမဟာဗျူဟာ စီမံကိန်းများ အပေါ်တွင်သာ အခြေခံပြီး ဆောင်ရွက်သွားရန်လိုကြောင်း၊ ကျောင်းများပိတ်ထားခြင်းသည် ကျောင်းသား ကျောင်းသူတစ်ဦးချင်းစီ၏ နစ်နာဆုံးရှုံးမှုအပြင် တိုင်းပြည်အတွက်လည်း နစ်နာကြောင်း၊ ထို့ကြောင့် ကျောင်းများစနစ်တကျ ပြန်လည်ဖွင့်လှစ်နိုင်ရေး အတွက် ကြိုတင်ပြင်ဆင်လျက်ရှိကြောင်း၊ ပညာရည် မြှင့်တင်ရေးအတွက် အခြားဝန်ကြီးဌာနများ အနေ ဖြင့်လည်း ဝိုင်းဝန်းကူညီ ဆောင်ရွက်သွားရန် လိုကြောင်းဖြင့် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။ သတင်းစဉ်