
နေပြည်တော် ဇူလိုင် ၁၄
ဘဏ္ဍာငွေရှာဖွေရေးနှင့် ရန်ပုံငွေထိန်းသိမ်းရေးလုပ်ငန်းကော်မတီ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ Online Platform ဖြင့် ကျင်းပသည်။
အစည်းအဝေးတွင် ကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်က ယနေ့ အစည်းအဝေးတွင် အမျိုးသား သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေ၏ ရရှိ/သုံးစွဲ/ လက်ကျန် အခြေအနေများ၊ ရန်ပုံငွေသုံးစွဲမှုနှင့်စပ်လျဉ်း၍ စာရင်းစစ်ဆေး အကြံပြုချက်များ၊ တိုင်းဒေသ ကြီး/ ပြည်နယ်များ၌ ဘဏ္ဍာငွေ ရှာဖွေရေးနှင့် ရန်ပုံငွေထိန်းသိမ်း ရေး လုပ်ငန်းကော်မတီအဖွဲ့ ဖွဲ့စည်းထားရှိမှု အခြေအနေများ ကို ဆွေးနွေးသွားမည်ဖြစ် ကြောင်း၊ ကော်မတီဝင်များ အနေဖြင့် ကော်မတီ၏ လုပ်ငန်း ဆောင်ရွက်ချက်များအပေါ် ဝိုင်း ဝန်း အကြံပြုဆွေးနွေးပေးစေလို ကြောင်း ပြောကြားသည်။
ဆက်လက်ပြီး ကော်မတီ ဒုတိယဥက္ကဋ္ဌ၊ စီမံကိန်းနှင့် ဘဏ္ဍာ ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ရန်ပုံငွေ စာရင်းများ ပြုစုရာတွင် ဖေဖော်ဝါရီ ၁ ရက်မှစပြီး ရရှိ/ သုံးစွဲ/ လက်ကျန်စာရင်း အပိုင်း ခွဲခြား ပြုစုရန်လိုအပ်ကြောင်း ဆွေးနွေးသည်။
ထို့နောက် ကော်မတီအတွင်း ရေးမှူး၊ အမြဲတမ်းအတွင်းဝန်က အမျိုးသား သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေ ရရှိ/သုံးစွဲ/ လက်ကျန် အခြေအနေများ၊ ရန်ပုံငွေသုံးစွဲမှု နှင့် စပ်လျဉ်း၍ စာရင်းစစ်ဆေး အကြံပြုချက်များကို ရှင်းလင်း တင်ပြပြီး တင်ပြမှုများအပေါ် ကော်မတီအဖွဲ့ဝင်များနှင့် တာဝန် ရှိသူများက ဝိုင်းဝန်းဆွေးနွေးကာ ပြည်ထောင်စုဝန်ကြီးက နိဂုံး ချုပ်အမှာစကား ပြောကြားသည်။
မွန်းလွဲပိုင်းတွင် အမျိုးသား သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု လုပ်ငန်းကော်မတီ အစည်းအဝေး (၁/၂၀၂၁)ကို Online Platform ဖြင့် ဆက်လက် ကျင်းပသည်။
အစည်းအဝေးတွင်အမျိုးသား သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်က သဘာဝဘေးတုံ့ပြန်ရေး လုပ်ငန်း များ၌ အားလုံးဝိုင်းဝန်းပူးပေါင်း ကာ စုပေါင်းအားဖြင့် ဆောင်ရွက် ကြရန် လမ်းညွှန်ထားရှိကြောင်း၊ နေပြည်တော်ကောင်စီ အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်များရှိ Quarantine Center များ၌ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရေး အတွက် ကယ်ဆယ်ရေးပစ္စည်း များဖြစ်သည့် စောင်၊ ခြင်ထောင်၊ မြက်ဖျာ၊ တာပေါ်လင်စများကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ထောက်ပံ့ပေးနိုင်ရေး ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ စေတနာ့ ဝန်ထမ်း Volunteer အဖွဲ့အစည်း များအတွက် လိုအပ်သည့် စက် သုံးဆီ၊ စားစရိတ်နှင့် ကျန်းမာရေး ဆိုင်ရာ လိုအပ်သောနည်းစနစ်နှင့် အထောက်အကူပြု ပစ္စည်း များ ပံ့ပိုးပေးနိုင်ရေး ဆက်လက် တင်ပြ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်းဖြင့် ဆွေးနွေး ပြောကြားသည်။
ဆက်လက်၍ လုပ်ငန်း ကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ပြည်ထဲ ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်စိုးတင့်နိုင်က သဘာဝ ဘေး စီမံခန့်ခွဲမှု အဖွဲ့များအနေ ဖြင့် စီမံချက်များရေးဆွဲရန်၊ ကိုဗစ်-၁၉ နှင့် ပတ်သက်၍လည်း ထည့်သွင်း စဉ်းစားဆောင်ရွက် ရန်လိုကြောင်း ဆွေးနွေးသည်။
ဆက်လက်၍ လုပ်ငန်း ကော်မတီအတွင်းရေးမှူး၊ ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီး ဌာန၊ ညွှန်ကြားရေးမှူးချုပ်က လုပ်ငန်းကော်မတီ ဖွဲ့စည်းမှု၊ လုပ်ငန်းတာဝန်များနှင့် အမျိုး သားကော်မတီ အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင် ရွက်မှု အခြေအနေများကို ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် လုပ်ငန်းကော်မတီ အဖွဲ့ဝင်များဖြစ်သည့် နေပြည် တော်ကောင်စီနှင့် တိုင်းဒေသ ကြီး/ ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီ၊ အဖွဲ့ဝင်(၁)များ၊ ဝန်ကြီး ဌာနများမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များက လတ်တလောတွင် COVID-19 နှင့် ပတ်သက်၍ ဆောင်ရွက်မှုနှင့် လိုအပ်ချက်များကို ဆွေးနွေး တင်ပြရာ လုပ်ငန်းကော်မတီ ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့က လိုအပ်သည်များကို ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။
သတင်းစဉ်