
နေပြည်တော် မတ် ၁၁
မြန်မာနိုင်ငံတော်ဗဟိုဘဏ် လုပ်ငန်းဆိုင်ရာဆွေးနွေးပွဲကို ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ် Assembly Hall ၌ ကျင်းပသည်။
ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးသန်းညိန်း၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌများဖြစ်ကြသော ဦးဝင်းသော် နှင့် ဒေါ်သန်းသန်းဆွေ၊ ညွှန်ကြားရေးမှူးချုပ်များဖြစ်သော ဒေါ်တင် မိုးမိုးနှင့် ဦးဝင်းမြင့်၊ အရာထမ်းများနှင့် အမှုထမ်းများ တက်ရောက် ကြသည်။
စနစ်တကျအကောင်အထည်ဖော်
ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌက စီမံခန့်ခွဲမှု နှင့်လူသားအရင်းအမြစ်ဖွံ့ဖြိုးရေးဌာနသည် ဌာနတစ်ခုတွင် အရေးကြီး သော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်လျက်ရှိသော ဌာနဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ဝန်ထမ်းများကို စည်းကမ်းထိန်းသိမ်းခြင်း၊ ဌာနနှင့်ဝန်ထမ်းများ၏ လိုအပ်ချက်များကို သတ်မှတ်ထားသော ဘဏ္ဍာရေး အရ/ အသုံးဆိုင်ရာ စည်းမျဉ်းဘောင်အတွင်း ဖြည့်ဆည်းဆောင်ရွက်ပေးခြင်း၊ ဝန်ထမ်း များ၏ လူ့စွမ်းအားအရင်းအမြစ်တိုးတက်စေရေးအတွက် သင်တန်းများ ဆောင်ရွက်ပေးခြင်း၊ IT နည်းပညာများတိုးတက်စေရန် ဆောင်ရွက် ပေးခြင်း စသည်တို့ကို ဆောင်ရွက်ပေးနေသောဌာနဖြစ်၍ အရေးကြီး ကြောင်း၊ ဘဏ္ဍာနှစ်အတွင်း သာမန်နှင့် ငွေလုံးငွေရင်း အသုံးစရိတ် များကို သတ်မှတ်ထားသော ဘတ်ဂျက်ဘောင်အတွင်း ဘဏ္ဍာရေး စည်းမျဉ်းများနှင့်အညီ စနစ်တကျအကောင်အထည်ဖော် ဆောင်ရွက် ရန် ဖြစ်ကြောင်း။
ဝန်ထမ်းများ သိရှိလိုက်နာ
နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများ အားလုံးကို ဝန်ထမ်းများ သိရှိလိုက်နာရန် လိုအပ်ပါကြောင်း၊ မိမိအား ပေးအပ်ထားသော တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ကြရန် ဖြစ်ပါကြောင်း၊ ယခုကာလတွင် သတင်းအချက်အလက်နည်းပညာ များ တိုးတက်လာသည်နှင့်အမျှ နည်းပညာများ လုံခြုံမှုရှိရေးသည် အရေးကြီးပါကြောင်း၊ ဆိုက်ဘာလုံခြုံရေး (Cyber Security)ကို အလေးထား ဆောင်ရွက်ရန်ဖြစ်ကြောင်းနှင့် ဝန်ထမ်းများ၏ လူ့စွမ်းအားအရင်းအမြစ် တိုးတက်စေရေးကို အဓိကထားဆောင်ရွက် ရန် ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယညွှန်ကြားရေးမှူးချုပ်က ဌာန၏လုပ်ငန်းတာဝန် များကို ခြုံငုံရှင်းလင်းပြီး တက်ရောက်လာသော ညွှန်ကြားရေးမှူးများ က သက်ဆိုင်ရာဌာနစိတ်တစ်ခုချင်းစီ၏ လုပ်ငန်းဆောင်ရွက်မှုများ နှင့်ပတ်သက်၍ ဆက်လက်ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြရာ၌ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဌာနများ၏ လိုအပ်ချက်များအပေါ် ဆောင်ရွက်ပေးလျက်ရှိသော အခြေအနေများ၊ သတင်းအချက်အလက်နှင့် နည်းပညာ ဖွံ့ဖြိုး တိုးတက်ရေးအတွက် E-Government ၊ SWIFT စနစ်များနှင့် CBM-NET System များကို ဆောင်ရွက်နေမှုအခြေအနေများ၊ ငွေရေးကြေးရေး ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းအောက်၌ ကမ္ဘာ့ဘဏ် ချေးငွေဖြင့် ဆောင်ရွက် လျက်ရှိသည့် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရန်ကုန်ဘဏ်ခွဲရှိ Training Center အား ဆောက်လုပ်ပြီးစီးမှု၊ ငွေကြေး စီမံခန့်ခွဲမှုနှင့် စာရင်း ရေးသွင်းမှုများအတွက် အဆင့်မြှင့်တင်ဆောင်ရွက်မှု၊ MIS Reporting System နှင့် SWIFT Reporting Service လုပ်ငန်းများကို ဆောင်ရွက် ပြီးစီးမှုအခြေအနေများ၊ သတင်းနှင့် လုံခြုံရေးဌာန၏ ဆောင်ရွက်မှု များနှင့် လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များကို တင်ပြကြသည်။
ထပ်မံဖြည့်စွက်ဆွေးနွေး
ဆက်လက်၍ ဒုတိယဥက္ကဋ္ဌများက ထပ်မံဖြည့်စွက်ဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌက လုပ်ငန်းဆိုင်ရာ လိုအပ်ချက် များအပေါ် ဆောင်ရွက်ပေးနိုင်မည့်အခြေအနေများကို ဆွေးနွေးခဲ့ ကြောင်း သိရသည်။
သတင်းစဉ်