ဘဏ္ဍာနှစ်အလိုက် တိုးချဲ့စိုက်ပျိုးလာမည့် နေကြာသီးနှံစိုက် ဧရိယာအတွက် လိုအပ်လာမည့် မျိုးစေ့ပမာဏပြည့်မီအောင် ဖြည့်ဆည်းပေးနိုင်ရေးကြိုးပမ်း

 

နေပြည်တော်   မတ် ၂၁         


နေကြာမျိုးစေ့ ထုတ်လုပ်ရာတွင်   ဆောင်ရွက်ရမည့်အစီအစဉ်များ  ညှိနှိုင်းခြင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌  ကျင်းပရာ အစည်းအဝေးသို့  ဒုတိယဝန်ကြီး  ဒေါက်တာတင်ထွဋ်၊ စီမံကိန်းဦးစီးဌာန  ညွှန်ကြားရေးမှူးချုပ်         ဦးကျော်ဆွေလင်း၊ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း၊   စိုက်ပျိုးရေးသုတေ သနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်းနှင့် တာဝန်ရှိသူများ  တက်ရောက်ကြသည်။

 


ဦးစွာ        ဒုတိယဝန်ကြီးက နိုင်ငံတော်၏    လယ်ယာကဏ္ဍ ဆိုင်ရာ  မူဝါဒများနှင့်အညီ စားရေ ရိက္ခာဖူလုံပိုလျှံရေးနှင့်  လယ်ယာ ကုန်ထုတ်လုပ်မှု        ကွင်းဆက် တစ်လျှောက် ဖွံ့ဖြိုးတိုးတက်ရေး အတွက်    မိမိတို့ဝန်ကြီးဌာနက အကောင်အထည်ဖော်ဆောင်ရွက် ပေးနေမှုနှင့်  ဆောင်ရွက်ပေးလိုမှု ကို တောင်သူများ၊  ပုဂ္ဂလိကများ ကျယ်ကျယ်ပြန့်ပြန့်         သိရှိပြီး ဟန်ချက်ညီ  ပူးပေါင်းဆောင်ရွက် လာရေးအတွက်    မီဒီယာအားကို ထိထိရောက်ရောက်       အသုံးချရန် လိုအပ်ကြောင်း၊         ပြည်တွင်း စားသုံးဆီလိုအပ်ချက်ကို စိုက်ပျိုး ရာသီ တစ်ရာသီ  နှစ်ရာသီအတွင်း ဖြည့်ဆည်းပေးနိုင်ရန်    ဆီထွက် သီးနှံနေကြာအား   တိုးချဲ့စိုက်ပျိုး လျက်ရှိရာ    တစ်ဧက  နေကြာ အထွက်နှုန်းနှင့် ဆီထွက်ကောင်းမွန် သည့်  မျိုးကောင်းမျိုးသန့်မျိုးစေ့များ      အသုံးပြုစိုက်ပျိုးနိုင်ရေး အတွက်     စီမံကိန်းဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနနှင့်  စိုက်ပျိုး ရေး       သုတေသနဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်ရန်       ဖြစ် ကြောင်း၊ သက်ဆိုင်ရာဌာနအလိုက် နေကြာမျိုးစေ့    ထုတ်လုပ်ရေး လုပ်ငန်းအတွက် ပညာရှင်ဝန်ထမ်း များ သီးခြားတာဝန်ချထားပေးနိုင် ရေး ၊  တိကျသည့်  လုပ်ငန်းကာလ နှင့်     ရန်ပုံငွေအသုံးပြုနိုင်ရေး၊ ဒေသအလိုက်       ရာသီအလိုက် နေကြာမျိုးစေ့ ထုတ်လုပ်သွားမည့် အစီအစဉ်များနှင့်  ထွက်ရှိလာမည့် မျိုးစေ့များ သိုလှောင်မည့် အအေး ခန်းသိုလှောင်ရုံ အသုံးပြုနိုင်ရေး၊ နေကြာမျိုးသန့်မျိုးပွား    ဆောင် ရွက်မည့်   တောင်သူများ  မျိုးစေ့ သန့်စင်စက် အသုံးပြုနိုင်ရေးအတွက် စီမံဆောင်ရွက်သွားမည်   ဖြစ် ကြောင်း ဆွေးနွေးပြောကြားသည်။

 


ထို့နောက်  ဦးစီးဌာနအလိုက် တာဝန်ရှိသူများက    ဘဏ္ဍာနှစ် အလိုက်  တိုးချဲ့စိုက်ပျိုးလာမည့် နေကြာသီးနှံ စိုက်ဧရိယာအတွက် လိုအပ်ချက်အရ       မျိုးစေ့ပမာဏ ပြည့်မီအောင် ဖြည့်ဆည်းပေးနိုင် ရေး၊ နေကြာမျိုးစေ့ထုတ် လုပ်ငန်း စဉ်တစ်လျှောက်ဆောင်ရွက်ရမည့် အစီအစဉ်များ၊         စိုက်ပျိုးရေး သုတေသနဦးစီးဌာနက ထုတ်လုပ် ထားသည့်       ရေဆင်းစပ်မျိုး နေကြာ-၁ နှင့်  ဆင်းရွှေကြာ -၂ နေကြာမိဘလိုင်းများ     ဆောင် ရွက်ထားရှိမှု၊  စပ်မျိုး (F1) မျိုးစေ့ ထုတ်လုပ်နိုင်မည့်  အခြေအနေနှင့် ဆင်းရွှေကြာ-၂ မျိုးသန့်ပွားများ မှုနှင့်  ဖြန့်ဖြူးပြီးစီးမှု၊ စိုက်ပျိုးရေး ဦးစီးဌာန မျိုးသန့်ခြံများမှ နေကြာ မျိုးများ   ဖြန့်ဖြူးပေးမည့်   အစီ အစဉ်များ၊   မျိုးစေ့   စီးဆင်းမှု မှန်ကန်ရေးနှင့်     တောင်သူများ ပူးပေါင်းပါဝင်သော           နေကြာ မျိုးသန့်ပွားများ     ပြန့်ပွားရေး လုပ်ငန်းများကို    ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။ 


သတင်းစဉ်