ဘင်္ဂလားပင်လယ်အော်၌ ဖြစ်ပေါ်လာနိုင်သည့် ဆိုင်ကလုန်းမုန်တိုင်းကြောင့် လေပြင်းတိုက်ခြင်းနှင့် မိုးကြီးခြင်းများဖြစ်ပေါ်နိုင်

 

နေပြည်တော်   မေ   ၅


ယနေ့မြန်မာစံတော်ချိန်   မွန်းလွဲ ၁ နာရီခွဲ တိုင်းထွာချက်များအရ   ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် မေ ၇ ရက်၌ လေဖိ အားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နိုင်သည်။ အဆိုပါ လေဖိအားနည်း ရပ်ဝန်းသည် ပိုမိုအားကောင်းလာနိုင်ပြီး မေ ၈ ရက်တွင် မုန်တိုင်းငယ် အဖြစ်သို့ ရောက်ရှိနိုင်ကာ မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး မေ   ၁၀   ရက်တွင်   ဘင်္ဂလားပင်လယ်အော်   အရှေ့အလယ်ပိုင်း၌ ဆိုင်ကလုန်း မုန်တိုင်းအဖြစ်သို့ အားကောင်းလာနိုင်သည်ဟု ခန့်မှန်း ရသည်။ သင်္ချာပုံစံပြုမော်ဒယ်များ၏ ခန့်မှန်းချက်များအရ မြစ်ဝ ကျွန်းပေါ်ဒေသနှင့် ရခိုင်ကမ်းရိုးတန်းအနီးသို့ ရောက်ရှိနိုင်ပါသဖြင့် မေ ၉  ရက်မှ  ၁၃ ရက်အထိ မြစ်ဝကျွန်းပေါ်နှင့် ရခိုင်ကမ်းရိုးတန်း တစ်လျှောက်တွင်   ရံဖန်ရံခါ   မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးနိုင်သည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၅၀ မှ မိုင် ၆၀ ခန့်အထိ တိုက်ခတ်နိုင်သည်ဟု ခန့်မှန်းရသည်။

 


ယခုအချိန်တွင်     မုန်တိုင်းစတင်အစပျိုးခြင်း    မရှိသေးပါသဖြင့် ခန့်မှန်းချက်များအားလုံးသည် တိုင်းထွာသည့် အချိန်၊ အသုံးပြုသည့် Data နှင့် ခန့်မှန်းတွက်ချက်သည့်မော်ဒယ်တို့အပေါ်မူတည်၍ မုန်တိုင်း ရွေ့လျားမည့်လမ်းကြောင်း အမျိုးမျိုးပြောင်းလဲနေပါသည်။ မိုးလေ ဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနအနေဖြင့် အချိန်နှင့်တစ်ပြေးညီ  တွက်ချက်ရရှိသည့် ခန့်မှန်းချက်များကို ဆက်လက်ထုတ်ပြန်ပေးသွား မည်ဖြစ်သည်။

 


အဆိုပါဖြစ်ပေါ်လာနိုင်သည့် ဆိုင်ကလုန်းမုန်တိုင်း၏ အရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့်အတူ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင် ကြသူများအနေဖြင့်   မြေပြိုမှုအန္တရာယ်ကိုလည်းကောင်း၊   မြန်မာ့ ကမ်းရိုးတန်းတစ်လျှောက်နှင့်    မြစ်ငယ်၊   ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများ ဖြစ်ပေါ်နိုင်သော ကြောင့် ကြိုတင်သတိပြုနေထိုင်ကြပါရန်နှင့် ပြည်တွင်းလေကြောင်း  ပျံသန်းရေးနှင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ် ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့် လည်း ကြိုတင်သတိပြု ရှောင်ရှားနိုင်ပါရန်နှင့်  ပြည်သူလူထုအနေဖြင့် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ အချိန်နှင့်တစ်ပြေးညီ   ထုတ်ပြန်ချက်များကို စောင့်ကြည့်၍ လိုအပ်သည့် ကြိုတင်ပြင်ဆင်မှု များကို ဆောင်ရွက်သွားနိုင်ပါရန် အကြံပြုအပ်ပါသည်။


မိုး/ဇလ