
နေပြည်တော် မေ ၁၂
ပြည်ထဲရေးဝန်ကြီးဌာနကွပ်ကဲမှုအောက်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန နှင့် မီးသတ်ဦးစီးဌာနတို့မှ မုန်တိုင်းဘေးအန္တရာယ်ကျရောက် လာပါက ကူညီကယ်ဆယ်ရေး လုပ်ငန်းများ၊ အရေးပေါ်ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းများနှင့် အရေးပေါ်ပြုစုခြင်း၊ အရေးပေါ် ရွှေ့ပြောင်းပေးခြင်း လုပ်ငန်းများ ကို လျင်မြန်စွာတုံ့ပြန်ဆောင်ရွက် နိုင်ရေးအတွက် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီး၌ ကြိုတင် ပြင်ဆင်ခြင်းလုပ်ငန်းများ၊ ဘေး အန္တရာယ် ကျရောက်နိုင်သော နေရာများမှ ပြည်သူများအား ကြိုတင် ရွှေ့ပြောင်းပေးခြင်း၊ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းသုံး ပစ္စည်းကိရိယာများ၊ ရိက္ခာများ အသင့်စုဖွဲ့ထားရှိခြင်းများ အရှိန် အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိ သည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ချင်းပြည်နယ် ဟားခါး မြို့နယ်၌လည်းကောင်း ၊ တနင်္သာရီတိုင်းဒေသကြီး လောင်း လုံးမြို့နယ်၊ မြိတ်မြို့နယ်တို့တွင် လည်းကောင်း၊ ပဲခူးတိုင်းဒေသ ကြီး ညောင်လေးပင်မြို့နယ်၊ တောင်ငူမြို့နယ်၊ ပဲခူးမြို့နယ် တို့တွင်လည်းကောင်း၊ မကွေး တိုင်းဒေသကြီး မင်းတုန်းမြို့နယ် တွင်လည်းကောင်း၊ မွန်ပြည်နယ် ကျိုက်မရောမြို့နယ်၊ ပေါင်မြို့နယ်၊ ဘီးလင်းမြို့နယ်၊ မုဒုံမြို့နယ်၊ ရေးမြို့နယ်တို့တွင် လည်းကောင်း၊ ရခိုင်ပြည်နယ် ကျောက်တော်မြို့ နယ်၊ ဂွမြို့နယ်၊ စစ်တွေမြို့နယ်၊ တောင်ကုတ်မြို့နယ်၊ ပုဏ္ဏားကျွန်း မြို့နယ်၊ ပေါက်တောမြို့နယ်၊ မင်းပြားမြို့နယ်၊ မာန်အောင် မြို့နယ်၊ မြေပုံမြို့နယ်၊ ရသေ့ တောင်မြို့နယ်၊ ရမ်းဗြဲမြို့နယ်၊ သံတွဲမြို့နယ်၊ အမ်းမြို့နယ် တို့ တွင်လည်းကောင်း၊ ဧရာဝတီတိုင်း ဒေသကြီး မော်လမြိုင်ကျွန်းမြို့ နယ်၊ မြန်အောင်မြို့နယ်၊ ရေကြည် မြို့နယ်၊ လပွတ္တာမြို့နယ်တို့တွင်လည်းကောင်း ပြည်ထဲရေးဝန်ကြီး ဌာနကွပ်ကဲမှုအောက်ရှိ တပ်ဖွဲ့/ ဦးစီးဌာနတို့မှ တပ်ဖွဲ့ဝင်/ဝန်ထမ်း များက သက်ဆိုင်ရာ တိုင်းဒေသ ကြီး/ ပြည်နယ်များ၊ ခရိုင်များ၊ မြို့နယ်များတွင် ကူညီကယ်ဆယ် ရေးလုပ်ငန်းများ ၊ အရေးပေါ်ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းများ၊ အရေးပေါ်ပြုစုခြင်း၊ အရေးပေါ် ရွှေ့ပြောင်းပေးခြင်း လုပ်ငန်းများ စသည့် မုန်တိုင်းအန္တရာယ် လျင်မြန်စွာ တုံ့ပြန်ဆောင်ရွက်နိုင် ရေးအတွက် ဆောင်ရွက်လျက်ရှိ ကြောင်းနှင့် ပြည်သူများကို အသိ ပေးနှိုးဆော်ခြင်း၊ အသိပညာပေး ခြင်း၊ ဘေးအန္တရာယ် ကျရောက် နိုင်သော နေရာများမှ ပြည်သူ များအား ကြိုတင်ရွှေ့ပြောင်းပေး ခြင်းတို့ ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။
သတင်းစဉ်