ဘင်္ဂလားပင်လယ်အော်အတွင်း ဖြစ်ပေါ်နေသော အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း မိုခါဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်ခြင်းနှင့် ကြိုတင်ရွှေ့ပြောင်းခြင်းလုပ်ငန်းများဆောင်ရွက်

 

နေပြည်တော်   မေ    ၁၃ 


ပြည်ထဲရေးဝန်ကြီးဌာနကွပ်ကဲမှုအောက်ရှိ    မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှင့် မီးသတ်ဦးစီးဌာနတို့မှ မုန်တိုင်း ဘေးအန္တရာယ် ကျရောက်လာပါ က ကူညီကယ်ဆယ်ရေး လုပ်ငန်း များ၊ အရေးပေါ်ရှာဖွေကယ်ဆယ် ရေးလုပ်ငန်းများနှင့်   အရေးပေါ် ပြုစုခြင်း၊ အရေးပေါ်ရွှေ့ပြောင်း ပေးခြင်းလုပ်ငန်းများကို လျင်မြန် စွာ     တုံ့ပြန်ဆောင်ရွက်နိုင်ရေး အတွက်        တိုင်းဒေသကြီး/ ပြည်နယ်အသီးသီး၌   ကြိုတင် ပြင်ဆင်ခြင်းလုပ်ငန်းများ၊   ဘေး အန္တရာယ် ကျရောက်နိုင်သောနေရာ များမှ  ပြည်သူများအား ကြိုတင် ရွှေ့ပြောင်းပေးခြင်းများ၊   ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းသုံးပစ္စည်း ကိရိယာများ၊   ရိက္ခာများအသင့် စုဖွဲ့ထားရှိခြင်းများ၊ သောက်သုံးရေ လုံလောက်စွာရရှိရန်ဆောင်ရွက် ခြင်းများကို    အရှိန်အဟုန်ဖြင့် ဆက်လက်  ဆောင်ရွက်လျက်ရှိ သည်။

 


ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင်     ကချင်ပြည်နယ် ဗန်းမော်မြို့နယ်တွင်လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့နယ် တွင်လည်းကောင်း၊ မန္တလေးတိုင်း ဒေသကြီး     ဝမ်းတွင်းမြို့နယ်၊ မိတ္ထီလာမြို့နယ်၊ ညောင်ဦးမြို့နယ်၊ ပြင်ဦးလွင်မြို့နယ်၊ တံတားဦးမြို့နယ်တို့တွင်လည်းကောင်း၊ ရခိုင် ပြည်နယ် ကျောက်တော်မြို့နယ်၊ ဂွမြို့နယ်၊ စစ်တွေမြို့နယ်၊ တောင် ကုတ်မြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ပေါက်တောမြို့နယ်၊    ဘူးသီး တောင်မြို့နယ်၊ မင်းပြားမြို့နယ်၊ မာန်အောင်မြို့နယ်၊ မြေပုံမြို့နယ်၊ မြောက်ဦးမြို့နယ်၊  ရသေ့တောင် မြို့နယ်၊  ရမ်းဗြဲမြို့နယ်၊   သံတွဲ မြို့နယ်၊   အမ်းမြို့နယ်တို့တွင် လည်းကောင်း၊ ရန်ကုန်တိုင်းဒေသ ကြီး   ဒဂုံမြို့သစ်    (တောင်ပိုင်း)မြို့နယ်တွင်     လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး ကျောင်း ကုန်းမြို့နယ်၊  ကျုံပျော်မြို့နယ်၊ ငသိုင်းချောင်းမြို့နယ်၊  ငပုတော မြို့နယ်၊   ငရုတ်ကောင်းမြို့နယ်၊ ပုသိမ်မြို့နယ်၊    ဖျာပုံမြို့နယ်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ဒေးဒရဲ မြို့နယ်၊     ကျိုက်လတ်မြို့နယ်၊ ရေကြည်မြို့နယ်၊ လပွတ္တာမြို့နယ်၊ သာပေါင်းမြို့နယ်၊ ဟိုင်းကြီးကျွန်း မြို့တို့တွင်လည်းကောင်း ပြည်ထဲ ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက် ရှိ တပ်ဖွဲ့/ဦးစီးဌာနတို့မှ တပ်ဖွဲ့ဝင်/ ဝန်ထမ်းများက  သက်ဆိုင်ရာတိုင်း ဒေသကြီး/ ပြည်နယ်များ၊  ခရိုင် များ၊    မြို့နယ်အသီးသီးတို့တွင် ပြည်သူများအား အသိပေးနှိုးဆော် ခြင်းများ၊    အသိပညာပေးခြင်း များကို   ဆောင်ရွက်ခဲ့ပြီး    ဘေး အန္တရာယ်   ကျရောက်နိုင်သော နေရာများမှ         ပြည်သူများ  အား ကြိုတင်ရွှေ့ပြောင်းပေးခြင်း၊ မိုးသက်လေပြင်း ကျရောက်ခြင်း ကြောင့်   သစ်ပင်များ   လဲကျ၍ လမ်းပိတ်ဆို့မှု၊ ချောင်းရေကျော် နေမှုကြောင့် သွားလာရေးခက်ခဲမှု များကို ကူညီဆောင်ရွက်ပေးခြင်း နှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်း များ၊ အရေးပေါ်ရှာဖွေကယ်ဆယ် ရေးလုပ်ငန်းများ၊ အရေးပေါ်ပြုစု ခြင်း၊   အရေးပေါ်ရွှေ့ပြောင်းပေး ခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်း စသည်ဖြင့် မုန်တိုင်းဘေးအန္တရာယ် လျင်မြန်စွာတုံ့ပြန် ဆောင်ရွက်နိုင် ရေးအတွက် ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။  

သတင်းစဉ်