ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌   ကိုဗစ် - ၁၉ နောက်ထပ်ကူးစက်ခံရသူ  ၂၄၃၀ ထပ်တိုးလာ

 

 

ဒါကာ  စက်တင်ဘာ  ၆ 


 ဘင်္ဂလားဒေ့ရှ်နိုင်ငံ   ဒါကာမြို့၌    စက်တင်ဘာ ၅ ရက်က ကိုဗစ်- ၁၉ကူးစက်ခံရသူ ၂၄၃၀   ထပ်မံတွေ့ရှိခဲ့ပြီး   သေဆုံးသူ ၇၀ ကျော် ရှိသည်ဟု ကျန်းမာရေးညွှန်ကြားရေးမှူးချုပ်ရုံးက ပြောသည်။
ထို့ကြောင့်   ကူးစက်ခံရသူစုစုပေါင်းမှာ   ၁၅၁၄၄၅၆ ဦးရှိပြီး သေဆုံးသူစုစုပေါင်းမှာလည်း ၂၆၅၆၃ ဦးရှိပြီဖြစ်သည်။    ရောဂါ ကူးစက်ခံရပြီးနောက်    ပြန်လည်ကျန်းမာလာသူဦးရေ   ၅၀၆၀ တိုးလာပြီး   စုစုပေါင်းပြန်လည်ကျန်းမာလာသူအရေအတွက်မှာ ၁၄၅၁၀၆၃ ဦးရှိသည်။ 
တရားဝင်ထုတ်ပြန်သည့်အချက်အလက်များအရ ဘင်္ဂလားဒေ့ရှ် နိုင်ငံ၌ ကိုဗစ်- ၁၉ကြောင့် သေဆုံးမှုနှုန်းမှာ ၁ ဒသမ ၇၅ ရာခိုင်နှုန်း တွင်ရှိသည်။ ပြန်လည်ကျန်းမာလာသူနှုန်းမှာမူ ၉၅ ဒသမ ၈၁ ရာခိုင် နှုန်းရှိသည်ဟု သိရသည်။ 
ဆင်ဟွာ