ဒါကာ ဇန်နဝါရီ ၂၈
၂၀၂၂ ခုနှစ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပညာရေးအဖွဲ့အစည်းများအတွင်း ရှိ ကျောင်းသား ကျောင်းသူ ၅၃၂ ဦးခန့် မိမိကိုယ်ကိုယ် အဆုံးစီရင်မှု ဖြစ်ပွားကြောင်း ဒေသတွင်း လူမှုရေးအဖွဲ့အစည်း တစ်ခုဖြစ်သည့် Aachol Founda-tion ၏ စစ်တမ်းတစ်ခုအရ သိရ သည်။
အဆိုပါစစ်တမ်းကို ဘင်္ဂလား ဒေ့ရှ် နိုင်ငံပိုင်သတင်းစာနှင့် ပြည်တွင်း သတင်းစာအစောင် ၁၅၀ ခန့်က ထုတ်ဝေဖော်ပြသော အဆုံးစီရင်မှုများအပေါ် အခြေခံ၍ ကောက်ယူရရှိထားသော စစ်တမ်း ဖြစ်ကြောင်း ဇန်နဝါရီ ၂၇ ရက် တွင် ပြုလုပ်သော ဗာကျူရယ် သတင်းစာ ရှင်းလင်းပွဲတစ်ခု၌ လူမှုရေးအဖွဲ့အစည်း ကိုယ်စား ဖာဇာနာ အက်တာ လာဘာနီက ပြောသည်။
ဘင်္ဂလားဒေ့ရှ် မြို့တော် ဝန်းကျင်တွင် မိမိကိုယ်ကိုယ် အဆုံးစီရင်သော ကျောင်းသား ကျောင်းသူအရေအတွက် အများ ဆုံးဖြစ်ပြီး စုစုပေါင်းဖြစ်ပွားမှု၏ ၂၃ ဒသမ ၇၇ ရာခိုင်နှုန်းရှိကြောင်း Aachol Foundation မှ သုတေသနနှင့် ဆန်းစစ်ခြင်းအဖွဲ့မှ အသင်းခေါင်းဆောင် လာဘာနီက ပြောသည်။ စိတ်ခံစားမှုဆိုင်ရာ ပြဿနာများကြောင့် မိမိ ကိုယ်ကိုယ် အဆုံးစီရင်မှုအများဆုံး ဖြစ်ပွားကြောင်း သိရသည်။
ကျောင်းသား ကျောင်းသူများ ၏ စိတ်ကျန်းမာရေးတိုးတက်မှု ရှိစေရန်အလို့ငှာ ဘင်္ဂလားဒေ့ရှ် အစိုးရအနေဖြင့် ခရိုင်တစ်ခုချင်းစီ ရှိ ကျောင်းတိုင်းတွင် စိတ်ပညာရှင် တစ်ဦးကို ငှားရမ်းရန် စီစဉ်ထား သည်ဟု ဆိုသည်။ ဆင်ဟွာ



