
နေပြည်တော် ဒီဇင်ဘာ ၂၀
ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ပြည်သူ့ဝန်ထမ်းအကယ်ဒမီတွင် အုပ်ချုပ်မှုစွမ်းရည်မြင့်မားရေးသင်တန်း အမှတ်စဉ်(၂) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)ရှိ ရတနာခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည် ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးသန်းဆွေ က ယခုဖွင့်လှစ်သည့် သင်တန်းသည် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတွင် တာဝန် ထမ်းဆောင်နေသော ဝန်ထမ်း များကို စိတ်ဓာတ်၊ စည်းကမ်း၊ ခံယူချက်၊ ယုံကြည်ချက်၊ စိတ်နေ သဘောထား ပိုမိုကောင်းမွန်သည့် ဝန်ထမ်းကောင်းများ ဖြစ်လာ စေရန်၊ နိုင်ငံ့ဝန်ထမ်းများ သိရှိရ မည့် ဥပဒေ၊ နည်းဥပဒေများ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံး လုပ်နည်းများကို သိရှိနားလည်ရန်၊ ပြည်တွင်း/ ပြည်ပ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးအခြေအနေ များကို လေ့လာဆည်းပူး သိရှိ နားလည်စေရန်၊ ကောင်းမွန်သော အုပ်ချုပ်မှုနှင့် ခေါင်းဆောင်မှု သဘောတရားများကို မိမိတို့ အဆင့်နှင့် လျော်ညီစွာ သိရှိ နားလည်တတ်မြောက်စေရန်နှင့် ပြည်သူကို ဝန်ဆောင်မှုပေးရာတွင် အားကောင်းစွာ၊ အဂတိတရား ကင်းရှင်းစွာ၊ ခွဲခြားဆက်ဆံမှု ကင်းရှင်းစွာဖြင့်၊ တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့် ဥပဒေ လုပ်ထုံးလုပ်နည်းနှင့် အညီ ဝန်ဆောင်မှု ပေးနိုင်စေရန် ရည်ရွယ်၍ ဒုတိယအကြိမ်မြောက် အဖြစ် ဖွင့်လှစ်ခြင်းဖြစ်ကြောင်း။
အုပ်ချုပ်ရေးမဏ္ဍိုင်အတွက် အရေးပါသည့် အထွေထွေအုပ်ချုပ် ရေး ဝန်ထမ်းများ၏ လုပ်ငန်း စွမ်းဆောင်ရည်မြင့်မားရန် တစ်ဦး တစ်ယောက်ချင်းစီက အမြဲမပြတ် ကြိုးပမ်းကြရန်နှင့် ခေတ်အဆက် ဆက် တာဝန်ကျေပွန်ခဲ့ကြသည့် ဌာနဝန်ထမ်းကြီးများ၏ စိတ်ထား ကို စံနမူနာယူပြီး မွန်မြတ်သည့် နိုင်ငံ့ဝန်ထမ်းစိတ်ထား အပြည့် အဝဖြင့် တာဝန်ကိုယ်စီ ကျေပွန် အောင် ကြိုးစားကြရန် အလေး အနက် တိုက်တွန်းလိုပါကြောင်း။
သင်တန်း တက်ရောက်စဉ် ကာလအတွင်း ရရှိသည့်အခွင့် အရေးကို အသုံးချပြီး မိမိတို့ ရာထူးအဆင့်အလိုက် တတ်ကျွမ်း သင့်သည့် လုပ်ငန်းစွမ်းရည်၊ ထိရောက်သည့် စီမံခန့်ခွဲရေး စွမ်းရည်၊ ထက်မြက်ခိုင်မာ သည့် စိတ်ဓာတ်စွမ်းရည်နှင့် ခေါင်းဆောင်မှု အရည်အသွေး များ တိုးတက်ဖွံ့ဖြိုးလာစေရန် နှင့် သင်တန်းရည်ရွယ်ချက် များ ပေါက်မြောက်အောင်မြင် စေရန် စိတ်ရောကိုယ်ပါ ကြိုးစား သင်ယူ လေ့ကျင့်သွားကြရန် မှာကြား တိုက်တွန်းလိုပါကြောင်း၊ ဤတက္ကသိုလ်တွင် “သင်တန်း သားတစ်ဦး၏ အခြေခံအကျဆုံး တာဝန်သည် သင်တန်းမပျက်ကွက် ရေးပင်ဖြစ်သည်” ဟု အလေး အနက် သတ်မှတ်ထားရှိ၍ တစ်ဦး ချင်းစီက မိမိတို့၏ ကျန်းမာရေးကို အထူးဂရုပြုပြီး နေထိုင်ကြရန်နှင့် သင်တန်း တက်ရောက်နေစဉ် ကာလအတွင်း ကျန်းမာရေးပြည့်စုံ ပါမှ သင်တန်းပျက်ကွက်မှုမရှိဘဲ လေ့ကျင့်ပို့ချမှုများကို အပြည့်အဝ ခံယူနိုင်မည်ဖြစ်ပြီး သင်တန်း တက်ရောက်ရကျိုး နပ်မည်ဖြစ် ပါကြောင်း။
နိုင်ငံတော်၏ အုပ်ချုပ်ရေး မဏ္ဍိုင်အတွက် အရေးပါလှသည့် အထွေထွေအုပ်ချုပ်ရေး ဝန်ထမ်း များ၏ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားစေရေး တစ်ဦးတစ်ယောက် ချင်းစီက စဉ်ဆက်မပြတ် ကြိုးပမ်း အားထုတ်ကြရန်နှင့် သင်တန်းအတွက် သတ်မှတ်ထား ရှိသည့် ကိုဗစ်ရောဂါ ကူးစက် ပြန့်ပွားမှု မရှိစေရေး သတ်မှတ် ထားသော စည်းကမ်းများ၊သင်တန်း ဆိုင်ရာ စည်းကမ်း၊ တည်မြဲအမိန့်၊ ဒေသန္တရအမိန့်နှင့် ညွှန်ကြားချက် များကို တိကျစွာလိုက်နာပြီး မိမိ ဌာနအဖွဲ့အစည်း၏ ဂုဏ်သိက္ခာ မြှင့်တင်နိုင်ရေးအတွက် အစွမ်း ကုန် ကြိုးစားအားထုတ်ကြရန် မှာကြားသည်။
အဆိုပါသင်တန်းသို့ အထွေ ထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သင်တန်းသား ၉၉ ဦး၊ သင်တန်းသူ ၉၉ ဦး စုစုပေါင်း ၁၉၈ ဦးတို့ တက်ရောက်ခဲ့ကြပြီး သင်တန်း ကာလမှာ ဒီဇင်ဘာ၂၀ ရက်မှ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၅ ရက် အထိ ရက်သတ္တ ၁၀ ပတ် ကြာမြင့်မည်ဖြစ်ကြောင်း သိရ သည်။
သတင်းစဉ်