ဘိုကလေးမြို့နယ် မိန်းမလှကျွန်းကမ်းဘေးတွင် ကဏန်းထောင်သူတစ်ဦး မိကျောင်းဆွဲခံရ

 

ဘိုကလေး အောက်တိုဘာ ၁၄


ရေချိုရေငန်စပ်    မိကျောင်းများ၏ ကျင်လည်ကျက်စားရာ နေရာဖြစ် သည့်   ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ်ရှိ မိန်းမလှ ကျွန်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့ တော ကမ်းဘေးတွင် အောက်တို ဘာ ၁၂ ရက် ညနေ ၅ နာရီခန့်က  အမျိုးသားတစ်ဦး မိကျောင်းဆွဲခံရသည်။

 


ဖြစ်စဉ်မှာ ဘိုကလေးမြို့နယ် ဆတ်ကျွန်းကျေးရွာအုပ်စု ပဒဲ ကောကျေးရွာနေ    စိုင်းခန့်ဇော် (၁၆ နှစ်)သည် ဦးလေးတော်စပ် သူများနှင့်အတူ ပဒဲကောကျေးရွာ တစ်ဖက်ကမ်းရှိ   မိန်းမလှကျွန်း ဘေးတွင်   ကဏန်းထောင်နေစဉ် အလျား ၁၂ ပေခန့်ရှိ မိကျောင်း ကိုက်ချီသွားခဲ့သဖြင့်      ကျေးရွာ အုပ်စု        အုပ်ချုပ်ရေးအဖွဲ့များ၊ ကျေးရွာနေ         ပြည်သူများက မိကျောင်းဆွဲခံရသူ  ရုပ်အလောင်း အား လိုက်လံရှာဖွေလျက်ရှိကြောင်း သိရသည်။

 


အလားတူ လွန်ခဲ့သည့်တစ်လ ကျော်ခန့်   ဩဂုတ် ၂၂ ရက်တွင် လည်း ဘိုကလေးမြို့နယ် သရော် ချောင်းကျေးရွာအုပ်စု ဘောဂဝတီ ကျေးရွာတွင်    အမျိုးသမီးငယ် တစ်ဦး  ရေချိုးရန်   ရေခပ်နေစဉ် မိကျောင်းကိုက်ချီခံရ၍ သေဆုံးခဲ့ ပြီး    ဩဂုတ်    ၃၀ ရက်တွင်လည်း ဘောဂဝတီချောင်းစပ်၌ မျိုးစပါး များအား ရေဆေးနေသည့် အမျိုး သားတစ်ဦး   မိကျောင်းကိုက်ခံရ ကြောင်းလည်း သိရသည်။


မိုးစက်(ဘိုကလေး)