ဘေးကင်းလုံခြုံစိတ်ချရသည့် အင်တာနက်ဖြစ်စေရေး Social Media အသုံးပြုမှု အလေ့အကျင့်ကောင်းများဆိုင်ရာ Video Conferencing အလုပ်ရုံဆွေးနွေးပွဲ ပြန်ကြားရေးဝန်ကြီးဌာနမှ ဝန်ထမ်းများ တက်ရောက်ဆွေးနွေး

 

နေပြည်တော်  ဒီဇင်ဘာ   ၉

 


ဘေးကင်းလုံခြုံ    စိတ်ချရသည့် အင်တာနက်ဖြစ်စေရေး Social Media အသုံးပြုမှုဆိုင်ရာ အလေ့ အကျင့်ကောင်းများနှင့် စပ်လျဉ်း သည့်       အလုပ်ရုံဆွေးနွေးပွဲ “Workshop on Sharing Best Practices on the Use of Social Media towards a Safe, Secure and Reliable Internet” ကို  ယနေ့ မွန်းလွဲပိုင်းတွင် ဗီယက်နမ် နိုင်ငံ ပြန်ကြားရေးနှင့် ဆက်သွယ် ရေးဝန်ကြီးဌာနမှ   ဦးဆောင်၍ Video Conferencing စနစ်ဖြင့် ကျင်းပရာ   ပြန်ကြားရေးဝန်ကြီး ဌာန၊  မြန်မာ့အသံနှင့်   ရုပ်မြင် သံကြားမှ  ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင် ဦးဆောင်၍ ပြန်ကြားရေး ဝန်ကြီးဌာနမှ    ဝန်ထမ်းများ နေပြည်တော်နှင့်    ရန်ကုန်ရှိ သက်ဆိုင်ရာနေရာများမှ  ပါဝင် တက်ရောက်ကြသည်။ 

 


အလုပ်ရုံ      ဆွေးနွေးပွဲကို အာဆီယံအဖွဲ့ဝင်နိုင်ငံများ အချင်း ချင်း   ချစ်ခင်ရင်းနှီးနိုင်စေရေး၊ အသိပညာများ    မျှဝေနိုင်ရေး၊ နိုင်ငံတကာ   အတွေ့အကြုံများ အား   အပြန်အလှန်အထောက် အကူဖြစ်စေရေး၊ အာဆီယံအဖွဲ့ဝင် နိုင်ငံများတွင်   Social  Media အသုံးပြုမှုဆိုင်ရာ ထုတ်ပြန်ထား သည့် ဥပဒေ၊ စည်းမျဉ်းစည်းကမ်း များအား ဖလှယ်နိုင်စေရေးတို့နှင့် Social  Media  ဆိုင်ရာ  အလေ့ အကျင့်ကောင်းများ ဖြစ်ထွန်းပေါ် ပေါက်ရေးတို့အတွက်     ရည်ရွယ် ကျင်းပခြင်းဖြစ်ပြီး     ဆွေးနွေး ပွဲသို့  အာဆီယံအဖွဲ့ဝင်နိုင်ငံများ မှ ညွှန်ကြားရေးမှူးချုပ်အဆင့်ရှိ ကိုယ်စားလှယ်များနှင့် အာဆီယံ အတွင်းရေးမှူးချုပ်ရုံးမှ   တာဝန် ရှိသူများ     ပါဝင်တက်ရောက် ဆွေးနွေးကြသည်။

 


ဆွေးနွေးပွဲ၌    လူမှုကွန်ရက် စာမျက်နှာများတွင်       မီဒီယာ အသုံးပြုမှုနှင့် အွန်လိုင်းပေါ်တွင် မဟုတ်မမှန်သတင်းများ၊ သတင်း တု၊      သတင်းယောင်များအား တုံ့ပြန်ဖြေရှင်းခြင်းနှင့်  စီမံခန့်ခွဲ ခြင်းဆိုင်ရာ  အလေ့အကျင့်ကောင်း များမျှဝေခြင်း၊  ထိန်းကျောင်းခြင်း၊ ပြည်သူလူထုပညာပေးခြင်း၊ လူထု ဆက်သွယ်ရေးတွင်   မီဒီယာနှင့် ထိတွေ့ဆက်ဆံမှု၊ သတင်းမီဒီယာ လုပ်ငန်း လုပ်ကိုင်ဆောင်ရွက်သူ များနှင့် ဆက်ဆံရေးဆိုင်ရာများ ကို အာဆီယံအဖွဲ့ဝင်နိုင်ငံများက တစ်နိုင်ငံချင်းအလိုက်    Power Point   Presentation   ဖြင့် ရှင်းလင်းတင်ပြကြရာ မြန်မာနိုင်ငံ ကိုယ်စားပြု၍    ပြန်ကြားရေး ဝန်ကြီးဌာန၊    မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူး ချုပ်က   လက်ရှိမြန်မာနိုင်ငံတွင် Social Media အသုံးပြုမှုအခြေ အနေ၊ Social Media ကို အသုံးပြု ပြီး သတင်းတု၊ သတင်းမှားများ လွှင့်တင်ခြင်း၊    အမုန်းစကား ပြောဆိုခြင်း၊ မီဒီယာကျင့်ဝတ်များ လိုက်နာရန်    ပျက်ကွက်ခြင်း၊ Cyber Bullying ပြုလုပ်ခံရခြင်းနှင့် သတင်းမှားများ ပျံ့နှံ့ခြင်းတို့အပေါ် မြန်မာနိုင်ငံမှ ပြဋ္ဌာန်းထားသည့် အီလက်ထရောနစ်    ဆက်သွယ် ဆောင်ရွက်ရေးဥပဒေ၊ ဆက်သွယ် ရေးဥပဒေ၊ သတင်းမီဒီယာဥပဒေ စသည့် ဥပဒေများမှ ပုဒ်မအချို့ဖြင့် ထိန်းသိမ်းဆောင်ရွက်နေမှု အခြေ အနေများကို ရှင်းလင်းဆွေးနွေး ခဲ့ကြောင်း သိရသည်။  

သတင်းစဉ်