
နေပြည်တော် ဩဂုတ် ၃၁
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုဦးစီးဌာနနှင့် United Nations Office for the Coordination of Humanitarian Affairs (UNOCHA) တို့အကြား သဘောတူညီမှုစာလွှာ (Letter of Agreement - LoA) လက်မှတ် ရေးထိုးပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြား ရေးမှူးချုပ်များနှင့် တာဝန်ရှိသူ များ၊ UNOCHA မှ ဌာနေရုံး အကြီးအကဲ Mr. David Carden နှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။
ချိတ်ဆက်ဆောင်ရွက်
လက်မှတ်ရေးထိုးပွဲ အခမ်း အနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်က UNOCHA နှင့် သဘောတူညီမှု စာလွှာရေးထိုးခြင်းဖြင့် အစိုးရက ဦးဆောင်သော ဘေးအန္တရာယ် စီမံခန့်ခွဲမှုလုပ်ငန်းများ ပိုမို အားကောင်းစေရန် အားဖြည့် ဆောင်ရွက်ပေးခြင်း၊ အရေးပေါ် တုံ့ပြန်ရေးလုပ်ငန်းများ၊ သဘာဝ ဘေး အရေးပေါ်တုံ့ပြန်မှုအတွက် တပ်မတော်နှင့် ဝန်ကြီးဌာနများ အကြား စွမ်းဆောင်ရည် မြှင့်တင် ခြင်းလုပ်ငန်းများ၊ နည်းပညာပိုင်း ဆိုင်ရာ အထောက်အကူပေးခြင်း၊ ကြိုတင်ပြင်ဆင်ရေးနှင့် သတင်း အချက်အလက် စီမံခန့်ခွဲခြင်း လုပ်ငန်းများတွင် ပူးပေါင်း ဆောင်ရွက်သွားနိုင်မည် ဖြစ် ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ဘေးအန္တရာယ်စီမံခန့်ခွဲမှု လုပ်ငန်း များကို နိုင်ငံတော်အဆင့်မှသည် တိုင်းဒေသကြီး/ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့်အထိ ဘေးအန္တရာယ် စီမံခန့်ခွဲမှု ကော်မတီများဖွဲ့၍ ခိုင်မာစွာ အားထုတ်ကြိုးပမ်း ဆောင်ရွက်လျက် ရှိကြောင်း၊ အားလုံး အကျုံးဝင်ပါဝင်စေရေး ဟူသော (All-Inclusive) ကို အလေးထား၍ ပြည်သူ့အကျိုးကို ရှေးရှုပြီး ဘေးအန္တရာယ်စီမံခန့်ခွဲ မှုလုပ်ငန်းများ၊ လူသားချင်းစာနာ ထောက်ထားမှု လုပ်ငန်းများနှင့် လူမှုဖွံ့ဖြိုးရေး လုပ်ငန်းများကို လူမျိုး၊ ဘာသာမခွဲခြားဘဲ ဆောင်ရွက်လျက် ရှိပါကြောင်း၊ ပြည်သူများ၏ ရေရှည်အကျိုး အတွက် ဆောင်ရွက်ရန် ဆန္ဒရှိ သည့် မိတ်ဖက်အဖွဲ့အစည်းများ အနေဖြင့် ဆောင်ရွက်မည့် လုပ်ငန်းများကို နိုင်ငံတော်၏ တည်ဆဲဥပဒေ၊ စည်းမျဉ်း စည်းကမ်းများ၊ ဝန်ကြီးဌာန၏ မူဝါဒများနှင့်အညီ ညှိနှိုင်း ချိတ်ဆက်ဆောင်ရွက်ရန် လိုအပ် ကြောင်း ပြောကြားသည်။
ထို့နောက် UNOCHA (Myanmar)၏ ဌာနေရုံးအကြီး အကဲ Mr. David Carden က သဘောတူညီမှု စာလွှာအရ ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်း များ၊ လူသားချင်းစာနာထောက် ထားမှုလုပ်ငန်းများ ဆောင်ရွက် ပေးခဲ့မှုနှင့် ရှေ့ဆက်ပူးပေါင်း ဆောင်ရွက်မည့် အခြေအနေများ ကို ရှင်းလင်းတင်ပြသည်။
လက်မှတ်ရေးထိုး
ယင်းနောက် ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ကိုကိုနိုင်နှင့် UNOCHA (Myanmar)ဌာနေရုံးအကြီးအကဲ Mr. David Carden တို့က သဘော တူညီမှုစာလွှာကို လက်မှတ် ရေးထိုးကြပြီး အပြန် အလှန် လဲလှယ်ကြသည်။
အဆိုပါ သဘောတူညီစာလွှာ (LoA) သက်တမ်းကာလအတွင်း UNOCHA သည် ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် ပူးပေါင်း၍ ဘေအန္တရာယ် စီမံခန့်ခွဲမှုလုပ်ငန်းများ၊ အရေးပေါ် တုံ့ပြန်ရေး လုပ်ငန်းများ၊ စွမ်းဆောင်ရည် မြှင့်တင်ခြင်းနှင့် နည်းပညာဆိုင်ရာ ပံ့ပိုးကူညီပေး ခြင်းလုပ်ငန်းများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်