ဘောလုံးကြယ်ပွင့်မက်ဆီ  ကိုဗစ် - ၁၉ ကူးစက်ခံရ 


 

ပါရီ   ဇန်နဝါရီ  ၃
ဘောလုံးကြယ်ပွင့်လီယိုနယ်မက်ဆီနှင့် အခြားသော ကစားသမားသုံးဦးတွင် ကိုဗစ် -၁၉ ကူးစက်ခံထား ရကြောင်း ဇန်နဝါရီ  ၂ ရက်တွင်  ပြင်သစ်ဘောလုံး ကလပ်ဖြစ်သည့် ပီအက်စ်ဂျီက ကြေညာခဲ့သည်။ 
၎င်းတို့၏          ကျန်းမာရေးအခြေအနေနှင့် ပတ်သက်ပြီး ကလပ်အသင်းက မည်သည့်ကြေညာ ချက်မှ ထုတ်ပြန်ခဲ့ခြင်း   မရှိချေ။
၎င်းတို့ကို  သီးခြားခွဲထားကြောင်းသာ  ပြော သည်။  မက်ဆီတွင်  ကိုဗစ် - ၁၉ ကူးစက်ခံထားရ သည်ဟု    စစ်ဆေးတွေ့ရှိသည့်အခါ   မက်ဆီမှာ အာဂျင်တီးနားရှိ   ၎င်း၏နေအိမ်သို့   ကာကွယ်ဆေး ထိုးရန်ပြန်ခဲ့ကြောင်း  အပြည်ပြည်ဆိုင်ရာ မီဒီယာ များတွင် ဖော်ပြကြသည်။ 
အာဂျင်တီးနားတွင်   ဒီဇင်ဘာလလယ်ပိုင်းမှ စတင်ကာ ကိုဗစ် -၁၉ ကူးစက်ခံရမှု   များပြားလာ ခဲ့သည်။ 
အမေရိကန်ပြည်ထောင်စုရှိ    ဂျွန်ဟော့ကင်း တက္ကသိုလ်၏တွက်ချက်မှုအရ အာဂျင်တီးနားနိုင်ငံ တွင် ဒီဇင်ဘာ ၃၀ ရက်၌ ကိုဗစ် - ၁၉ ကူးစက်ခံရသူ ၅၀၀၀၀ ကျော်ရှိကြောင်း သိရသည်။
ပြင်သစ်နိုင်ငံတွင်လည်း ဒီဇင်ဘာ ၃၁ ရက်က ကိုဗစ် -၁၉ ကူးစက်ခံရသူ  ၂၃၂၂၀၀   တွေ့ရှိခဲ့ပြီး ကပ်ရောဂါစတင်ဖြစ်ပွားသည့်   အချိန်မှစတင်ကာ ဥရောပတစ်လွှားတွင်  အမြင့်ဆုံး  နေ့စဉ်ကူးစက်မှု ဖြစ်သည်ဟု ကျန်းမာရေးဝန်ကြီးဌာန၏ ဖော်ပြချက် အရ သိရသည်။
အင်န်အိတ်ချ်ကေ