ဘွဲ့လွန်မဟာသိပ္ပံ (M.Sc) သင်တန်းသားများ ခေါ်ယူ

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၊ ရေဆင်း
ဘွဲ့လွန်မဟာသိပ္ပံ (M.Sc) သင်တန်းသားများ ခေါ်ယူခြင်း
၁။    သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၊ ရေဆင်း၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊  ဘွဲ့လွန်မဟာသိပ္ပံတန်းသို့ အောက်ဖော်ပြပါ သတ်မှတ်ချက်များနှင့် ကိုက်ညီသည့် တက်ရောက်လိုသူများ လျှောက် ထားနိုင်သည်-
    (က)    သိပ္ပံ (သစ်တောပညာ) ဘွဲ့ B.Sc (Forestry) ဘွဲ့ရရှိပြီးသူ ဖြစ်ရမည်။
    (ခ)    သိပ္ပံ  (သစ်တောပညာ)  ဘွဲ့ရစာမေးပွဲ  (နောက်ဆုံးနှစ် စာမေးပွဲ) တွင် ပျမ်းမျှ ရမှတ် ၆၅% နှင့်အထက် ရရှိသူ ဖြစ်ရမည်။
    (ဂ)    ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ (၃၁) ရက် (ကြာသပတေးနေ့)  တွင် အသက် (၄၅)နှစ် အထက် မကျော်လွန်သူဖြစ်ရမည်။
    (ဃ)    ဘွဲ့လွန်မဟာသိပ္ပံတန်းသို့    အချိန်ပြည့်   တက်ရောက် နိုင်သူဖြစ်ရမည်။
၂။    သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန အောက်ရှိ  လုပ်ငန်း/ ဌာနများ၌  တာဝန်ထမ်းဆောင်နေကြသည့် သတ်မှတ်အရည်အချင်းနှင့်ပြည့်စုံသူဝန်ထမ်းများသည်     အစိုးရ ဝတ္တရား (on deputation) ဖြင့် တက်ရောက်ရန် လျှောက်ထားနိုင် သည်။ လျှောက်ထားလိုသူများသည်-
     (က)    မိမိတာဝန်ထမ်းဆောင်နေသည့်  သက်ဆိုင်ရာ လုပ်ငန်း/ ဌာန   အကြီးအကဲမှတစ်ဆင့်    တရားဝင်လျှောက်ထား ရမည်။
    (ခ)    မဟာသိပ္ပံတန်းသို့    အချိန်ပြည့်    တက်ရောက်ခွင့်ပြု ကြောင်း  သက်ဆိုင်ရာလုပ်ငန်း/ ဌာန  အကြီးအကဲ၏ ထောက်ခံစာ ပူးတွဲတင်ပြရမည်။
    (ဂ)    တက်ရောက်ခွင့် ရရှိပါက လစာ၊ စရိတ်နှင့် အခြားရပိုင်ခွင့် များကို သက်ဆိုင်ရာ လုပ်ငန်း/ ဌာနမှ ရယူခံစားကြရမည်။
၃။    ပူးတွဲပါ  ဘွဲ့လွန်တန်းပညာသင်ကြားခွင့်  လျှောက်လွှာပုံစံဖြင့် လျှောက်ထားရမည်။
၄။    လျှောက်လွှာနှင့်အတူ အောက်ဖော်ပြပါ အထောက်အထားများ ပူးတွဲတင်ပြရမည်-
    (က)    တစ်လက်မခွဲ နှစ်လက်မအရွယ် ဓာတ်ပုံ (၄) ပုံ (တစ်ပုံ လျှောက်လွှာတွင် ကပ်ရန် ဖြစ်သည်)
    (ခ)    သိပ္ပံ (သစ်တောပညာ) ဘွဲ့လက်မှတ်မိတ္တူ (သို့မဟုတ်) နောက်ဆုံးနှစ်အောင်မြင်ကြောင်း  ထောက်ခံစာ  မိတ္တူ တစ်စောင်
    (ဂ)    သိပ္ပံ  (သစ်တောပညာ)  ဘွဲ့  စာမေးပွဲ  (နောက်ဆုံးနှစ်) စာမေးပွဲအောင် အမှတ်စာရင်း မိတ္တူတစ်စောင်
    (ဃ)    ကျန်းမာရေး   (က)   အဆင့်ရှိကြောင်း     ဆရာဝန်၏ ဆေးထောက်ခံချက်    
၅။    လျှောက်လွှာကို သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၊ ရေဆင်း၊ မော်ကွန်းထိန်းရုံးသို့ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ  (၁၅) ရက် (သောကြာနေ့) နောက်ဆုံးထားအရောက် ပေးပို့ကြရမည်။
၆။    ဝင်ခွင့်အရည်အချင်းစစ်   ရေးဖြေစာမေးပွဲကို     သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၊ ရေဆင်း၊ နေပြည်တော်၌ အောက်ပါ အစီအစဉ်အတိုင်း ကျင်းပစစ်ဆေးမည်-
    စဉ်    ဘာသာရပ်    နေ့ရက်/ အချိန်
    (က)    အင်္ဂလိပ်စာ ဘာသာရပ်    ၅-၁၀-၂၀၂၃  ရက်
                (ကြာသပတေးနေ့)
            (၂) နာရီမေးခွန်း    နံနက် (၉ : ၀၀) နာရီမှ
                (၁၁:၀၀) နာရီအထိ
    (ခ)    သစ်တောနှင့်ပတ်ဝန်းကျင်    ၅-၁၀-၂၀၂၃  ရက်
            ဘာသာရပ်    (ကြာသပတေးနေ့)
            (၂) နာရီမေးခွန်း    မွန်းလွဲ (၁:၀၀) နာရီမှ
                (၃:၀၀) နာရီအထိ
၇။    သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၊ ရေဆင်း၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ဘွဲ့လွန်မဟာသိပ္ပံတန်းကို ၂၀၂၃ ခုနှစ်၊ နိုဝင် ဘာလ (၁၆) ရက် (ကြာသပတေးနေ့) တွင် ဖွင့်လှစ်မည်။
၈။    အသေးစိတ်    အချက်အလက်များနှင့်   စပ်လျဉ်း၍       စုံစမ်း မေးမြန်းလိုပါက မော်ကွန်းထိန်းရုံး ဖုန်း-၀၆၇-၃၄၁၆၅၁၉ သို့မဟုတ် E.mail လိပ်စာ ufes.registrar@gmail.com သို့ ဆက်သွယ် စုံစမ်းနိုင် ပါသည်။

    သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်
    ရေဆင်း