ဘာသာရေးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ၊ ဆေး၊ အလှူငွေများ ပေးအပ်လှူဒါန်း

 

နေပြည်တော်   ဒီဇင်ဘာ   ၃၁


တပ်မတော်   (ကြည်း၊ရေ၊လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့်     စေတနာရှင် အလှူရှင်များက       မြို့နယ် အသီးသီးရှိ ဘုန်းတော်ကြီးကျောင်း များ၊ သာသနာ့နွယ်ဝင် သီလရှင် ကျောင်းများနှင့်       ဘာသာရေး ကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်း၊ နေ့ဆွမ်းများ  ဆက်ကပ်လှူဒါန်း ခြင်းများ ဆောင်ရွက်လျက်ရှိသည်။

 


ထိုသို့ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာ ၃၀ ရက်နှင့် ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး  သန်လျင် မြို့နယ် အောင်ချမ်းသာရပ်ကွက် ရှိ သာသနာ့မဏ္ဍိုင်ကျောင်းတိုက်၊ ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတ မြို့      သာသနာ့ဝေပုလ္လာ ရာမ ကျောင်းတိုက်၊   ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ      ဝိမလဓမ္မနာဒ (ဓာတ်လယ်)     ကျောင်းတိုက်၊ စစ်ကိုင်းတိုင်းဒေသကြီး  ကလေး မြို့နယ်   ကံသာယာကျေးရွာရှိ ကံသာယာထေရဝါဒဗုဒ္ဓသာသနာ ပြု ဗဟိုကျောင်းတိုက်၊  မန္တလေး တိုင်း ဒေသကြီး ပုသိမ်ကြီးမြို့နယ် ရန်ကင်းတောင်ခြေရှိ       ရေငုံ ကျောင်းတိုက်တို့ရှိ ဆရာတော်၊ သံဃာတော်များနှင့်    သာသနာ့ နွယ်ဝင်  သီလရှင်များအတွက် ဆွမ်းဆန်တော်၊ ဆီ၊  ဆား၊   ပဲ အမယ်လေးမျိုး၊    နဝကမ္မအလှူ ငွေများ၊    ကိုဗစ်-၁၉     ရောဂါ ကာကွယ်ရေးအထောက်အကူပြုပစ္စည်းများ၊      နေ့ဆွမ်းများနှင့် လှူဖွယ်ပစ္စည်းများကို သက်ဆိုင် ရာ တိုင်းစစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများ က သွားရောက်ဆက်ကပ်လှူဒါန်း ခဲ့ကြကြောင်း သတင်းရရှိသည်။


သတင်းစဉ်