
တွေ့ဆုံမေးမြန်း- ကိုသိုက်၊ ဓာတ်ပုံ- ကိုဇော်
ဦးစိန်သန်း (ဥက္ကဋ္ဌ၊
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်
ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို) (ဗုဒ္ဓဘာသာ)
အားလုံး မင်္ဂလာပါ ခင်ဗျာ။ ယနေ့ဟာ ၂၀၂၁ ခုနှစ် ကုန်ဆုံးပြီး ၂၀၂၂ ခုနှစ်ကို ရောက်ရှိလာတဲ့ နှစ်သစ်မင်္ဂလာ အခါသမယ ဖြစ်ပါတယ်။ နှစ်သစ်အခါသမယမှာ မြန်မာနိုင်ငံအနေနဲ့ တည်ထောင်ထားသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဘာသာပေါင်းစုံ ချစ်ကြည် ညီညွတ်ရေးအဖွဲ့ (ဗဟို) ကနေပြီးတော့ မြန်မာနိုင်ငံ အတွင်း မှီတင်းနေကြပါသော တိုင်းရင်းသား ပြည်သူအပေါင်း၊ ဘာသာပေါင်းစုံ ကိုးကွယ်ကြသော လူပုဂ္ဂိုလ် အပေါင်းတို့ဟာ ချစ်ချစ်ခင်ခင် ရင်းရင်း နှီးနှီးနဲ့ စုပေါင်းနေထိုင်ကြပြီး မိမိတို့ရဲ့ ယုံကြည် ကိုးကွယ်ရာ ဘာသာ၊ သာသနာများကို ဆတက် ထမ်းပိုးတိုးပြီးတော့ ဆောင်ရွက်နိုင်ပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။ ယခုလို နှစ်သစ်အခါသမယမှာ ဘာသာပေါင်းစုံ အသင်းကြီး အနေနဲ့ မြန်မာနိုင်ငံအတွင်း ကျရောက်ခဲ့သော ရောဂါဘယဘေးများ ကင်းဝေးပါစေကြောင်းနှင့် ရှေ့ဆက်လက်ပြီး အေးချမ်းသာယာဝပြောတဲ့ တိုင်းပြည်ကြီးဖြစ်ပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သ အပ်ပါတယ်။
ဦးဘစိန်(ခ) နာဒရာချန်ပိလေး
(ဂုဏ်ထူးဆောင် နာယက၊
မြန်မာနိုင်ငံလုံးဆိုင်ရာ
ဟိန္ဒူပရောဟိတ်- ပူဂျာရိများ ဗဟိုအဖွဲ့ချုပ်)
(ဟိန္ဒူဘာသာ)
ဒီနေ့ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ နှစ်သစ်မင်္ဂလာ အခါသမယမှာ မြန်မာနိုင်ငံသူ မြန်မာနိုင်ငံသားများအားလုံး ကမ္ဘာသူ ကမ္ဘာသား များအားလုံး ကျန်းမာချမ်းသာကြပါစေလို့ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။ မြန်မာနိုင်ငံမှာ ရောဂါဘယတွေ ကင်းဝေးပြီး နိုင်ငံတော်အေးချမ်း သာယာပြီး ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်ကြီး ဖြစ်ပါ စေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။
ဦးမြင့်သန်း(နာယက၊ ဘာသာပေါင်းစုံ
ချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)၊
မက်သဒစ်အသင်းတော်
(အောက်မြန်မာပြည်)
ဌာနချုပ်၊ ဂုဏ်ထူးဆောင်
ကိုယ်စားလှယ်(ခရစ်ယာန်ဘာသာ))
ဒီနေ့က ၂၀၂၁ ခုနှစ်ကုန်ဆုံးလို့ ၂၀၂၂ခုနှစ်ရဲ့ နှစ်သစ်ပထမဆုံးနေ့ရက် ဖြစ်ပါတယ်။ နှစ်သစ် အခါသမယမှာ တိုင်းရင်းသားလူမျိုးများ အပါအဝင် မြန်မာပြည်သူပြည်သားအပေါင်း ကျန်းမာချမ်းသာ ပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။ မြန်မာပြည်ကြီး ဖွံ့ဖြိုးတိုးတက်အောင် အဓိကထား ပြီး ဘာသာပေါင်းစုံ အသီးသီးက လူတွေ ကိုယ်စီ ကိုယ်စီ ဘာသာတရား အဆုံးအမအောက်မှာနေကြ ပြီး ညီညီညွတ်ညွတ်နဲ့သွားကြဖို့ တိုက်တွန်းချင် ပါတယ်။ မြန်မာနိုင်ငံအတွင်း ရောဂါဘယတွေ ကင်းဝေးပြီး အပူအပင်ကင်းတဲ့ဘဝနဲ့ နေထိုင်သွား နိုင်ကြဖို့ ၂၀၂၂ ခုနှစ်က မင်္ဂလာနှစ်သစ်ဖြစ်ဖို့ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။
ဦးအောင်ဇော်ဝင်း (ဒုတိယဥက္ကဋ္ဌ၊
ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို) (အစ္စလာမ်ဘာသာ))
၂၀၂၁ခုနှစ်ကုန်ဆုံးပြီးတော့ ၂၀၂၂ခုနှစ် နှစ်ဦး အခါသမယမှာ မြန်မာနိုင်ငံသူ မြန်မာနိုင်ငံသားများ အားလုံး တိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံး ကျန်းမာချမ်းသာကြပြီး မိမိတို့ယုံကြည် ကိုးကွယ်ရာ ဘာသာသာသနာကို ဆတက်ထမ်းပိုး တိုးပြီးဆောင်ရွက်နိုင်ပါစေကြောင်း ဆုတောင်း မေတ္တာပို့သအပ်ပါတယ်။ ယနေ့အခါမှာ အရေး တကြီးဖြစ်ပေါ်နေတဲ့ ကိုဗစ်-၁၉ ကပ်ရောဂါကြီး ကနေ မြန်မာပြည်သူ ပြည်သားအပေါင်း ကင်းဝေး ပါစေကြောင်း မေတ္တာပို့သအပ်ပါတယ်။ မြန်မာ ပြည်သူ ပြည်သားအားလုံး ကျန်းမာချမ်းသာပြီး နိုင်ငံအကျိုး သာသနာအကျိုး ဆတက်ထမ်းပိုး ထမ်းဆောင်နိုင်ကြပါစေ။ နိုင်ငံတော်ကြီးသာယာဝ ပြောပြီး ခေတ်မီဖွံ့ဖြိုးသော နိုင်ငံတော်ကြီးအဖြစ်သို့ ရောက်ရှိအောင် အားလုံးဝိုင်းဝန်း ပူးပေါင်းပြီး တည်ဆောက် ကြပါစို့လို့ ပြောကြားလိုပါတယ်။