
ရန်ကုန် ဧပြီ ၁၄
ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေး အဖွဲ့က ကြီးမှူးကျင်းပသည့် ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် စတုဒိသာ ကျွေးမွေးလှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်တိုင်းဒေသ ကြီး ဗဟန်းမြို့နယ် ရွှေတိဂုံစေတီ တော် အနောက်ဘက်မုခ် ယာဉ် ရပ်နားနေရာ၌ ကျင်းပသည်၊၊
အခမ်းအနားသို့ ဘာသာ ပေါင်းစုံ ချစ်ကြည်ညီညွတ်ရေး အဖွဲ့(ဗဟို)ဥက္ကဋ္ဌ ဦးဝဏ္ဏ၊ ဒုတိယ ဥက္ကဋ္ဌ ဦးအောင်ဇော်ဝင်း (အစ္စ လာမ်ဘာသာ)၊ အတွင်းရေးမှူး ဦးအောင်မျိုးသန့်၊ အတွင်းရေးမှူး (ခရစ်ယာန်ဘာသာ) ဒေါ်ခင်ခင် မေ၊ ရန်ကုန်တိုင်းဒေသကြီး ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ် ရေးအဖွဲ့ အထွေထွေအတွင်း ရေးမှူး ဦးထွန်းထွန်းဦးနှင့် တာဝန်ရှိသူများ၊ အလှူရှင်များ တက်ရောက်ကြသည်၊၊
ဘာသာပေါင်းစုံ ချစ်ကြည် ညီညွတ်ရေးအဖွဲ့ (ဗဟို) ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ က မဟာသင်္ကြန် အကျနေ့တွင် ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ လာရောက်ဖူးမြော်ကြသူများကို သီးစုံသက်သတ်လွတ် ဒံပေါက် ထမင်းနှင့် အချိုရည်၊ ရေသန့်များ ဖြင့် အာဟာရဒါနလှူဒါန်းကြသည်၊၊
ဘာသာပေါင်းစုံ ချစ်ကြည် ညီညွတ်ရေး အဖွဲ့(ဗဟို)သည် ဧပြီ ၁၅ ရက် မဟာသင်္ကြန်အကြတ် နေ့၊ ဧပြီ ၁၆ရက် သင်္ကြန်အတက် နေ့နှင့် ဧပြီ ၁၇ ရက် နှစ်ဆန်း တစ်ရက်နေ့တို့တွင်လည်း ရွှေတိဂုံ စေတီတော်မြတ်ကြီးသို့ ဘုရား ဖူးလာပြည်သူများကို အာဟာရ ဒါနဖြင့် လှူဒါန်းကျွေးမွေးသွား မည်ဖြစ်ကြောင်း သိရသည်။
ကိုကိုဇော်(MNA)