ဘားအံပညာရေးဒီဂရီကောလိပ် လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာသင်တန်း မောင်မယ်သစ်လွင်ကြိုဆိုပွဲကျင်းပ


 

ဘားအံ   ဒီဇင်ဘာ   ၂၁
ကရင်ပြည်နယ်  ဘားအံပညာရေးဒီဂရီကောလိပ်တွင် လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာ သင်တန်း PPTT (၇/၂၀၂၀) မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကို ဒီဇင်ဘာ  ၂၁  ရက်က အဆိုပါ ကောလိပ် သီရိခန်းမ၌ ကျင်းပသည်။ 
ဝန်ထမ်းကောင်းဘဝကို ခံယူကြစေလို
မောင်မယ်သစ်လွင်ကြိုဆိုပွဲတွင်  ကရင်ပြည်နယ် ဝန်ကြီးချုပ်  ဦးစောမြင့်ဦးက အနန္တဂိုဏ်းဝင် ဆရာ ဆရာမများ ဖြစ်လာကြမည့် သင်တန်းသား သင်တန်း သူများအနေဖြင့် ထားရှိရမည့် ယုံကြည်ချက်၊ ခံယူ ချက်များ ခိုင်မာမှန်ကန်စေရေး သင်တန်းကာလတွင် ကျင့်ကြံအားထုတ် လေ့ကျင့်ကြရမည်ဖြစ်ကြောင်း၊ ပြည်နယ်အစိုးရအနေဖြင့်     သင်တန်းကာလတွင် နေထိုင်စားသောက်မှုအဆင်ပြေစေရေး တတ်နိုင်သမျှ    ထောက်ပံ့ကူညီပေးမည်ဖြစ်ကြောင်း၊       မိမိမှ  တာဝန်ယူသင်ကြားပေးရမည့်         ကျောင်းသား ကျောင်းသူလေးများအား      စာပေတစ်ခုတည်း သာမက  လိမ္မာရေးခြားရှိစေရေး၊ ဘက်စုံထူးချွန်သူ များ  ဖြစ်လာစေရေးကို  လေ့ကျင့်သင်ကြားပေးနိုင် ရေးအတွက်  ယခုမှစ၍  ကြိုတင်ပြင်ဆင်ပေးကြရန် တိုက်တွန်းလိုကြောင်း၊ စောင့်သိရိုသေခြင်း၊ တည်ဆဲ ဥပဒေများကို လေးစားလိုက်နာခြင်း စသည့်ကျင့်ဝတ် စည်းကမ်းများကို လိုက်နာ၍ ပါတီနိုင်ငံရေးကင်းရှင်း ပြီး ဝန်ထမ်းကောင်းဘဝကို ခံယူကြစေလိုကြောင်း၊  အစဉ်အမြဲ  သင်ယူလေ့လာနေမည့်  Life-Long-Learner  ဖြစ်အောင်   ကြိုးစားကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက်   ပြည်နယ်ဝန်ကြီးချုပ်က  ဘားအံ ပညာရေးဒီဂရီကောလိပ် လုပ်ငန်းခွင်အကြိုမူလတန်း ဆရာ အတတ်ပညာသင်တန်း  PPTT (၇/၂၀၂၀)သို့ တက်ရောက်နေသော   သင်တန်းသား   သင်တန်းသူ များအား   တစ်လလျှင်    ငွေကျပ်သိန်း   ၃၀   ဖြင့် သုံးလအတွက်  ငွေကျပ်  သိန်း  ၉၀  ကို  ထောက်ပံ့ ပေးအပ်ရာ သင်တန်းသား သင်တန်းသူများ ကိုယ်စား သင်တန်းသားနှစ်ဦးက  လက်ခံရယူခဲ့ပြီး  ဘားအံ ပညာရေးဒီဂရီကောလိပ် ဒုတိယကျောင်းအုပ်ကြီး ဒေါ်ခင်မြင့်လှိုင်က သင်တန်းဆိုင်ရာ အချက်အလက် များကို ရှင်းလင်းပြောကြားသည်။
 လုပ်ငန်းခွင်အကြို   မူလတန်းဆရာအတတ် ပညာသင်တန်း PPTT(၇/၂၀၂၀)တွင် ကရင်ပြည်နယ် အတွင်းရှိ ဒေသခံ အမျိုးသား ၂၉ ဦးနှင့် အမျိုးသမီး ၁၇၀  စုစုပေါင်း ၁၉၉ ဦး တက်ရောက်လျက်ရှိကာ ပညာရေးဘာသာ နှစ်ခု၊ သင်ပြနည်းဘာသာရပ် ငါးခု၊ ICT နှင့် ဖွံ့ဖြိုးရေးဘာသာရပ်ခြောက်ခုတို့ကို ယခင် သင်တန်းများအတိုင်း သင်ရိုးကုန်သင်ကြားပို့ချပေး သွားမည်ဖြစ်ပြီး သင်တန်းဆုံးစစ်ဆေးခြင်းစာမေးပွဲ အပြီးတွင် အခြေခံပညာကျောင်းများ၌ လက်တွေ့ တန်းပြအနေဖြင့် ၄၅ ရက် သွားရောက်သင်ကြား ပြီးမှသာ သင်တန်းပြီးမြောက်မည်ဖြစ်သည်။
ခွင့်ပြုချက်မရှိ မြေအသုံးချမှုများ တရားမဝင်
ယင်းနောက်        ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ (၄/၂၀၂၁)ကြိမ်မြောက်နှင့်    ပြည်နယ်မြေလွတ်၊   မြေလပ်နှင့် မြေရိုင်းများ   စီမံခန့်ခွဲရေးကော်မတီ၏ (၃/၂၀၂၁)ကြိမ်မြောက်     လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မွန်းလွဲ   ၂  နာရီခန့်တွင်   ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၂)၌   ကျင်းပရာ   ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၊   ပြည်နယ်မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီများ ၏ဥက္ကဋ္ဌ   ပြည်နယ်ဝန်ကြီးချုပ်  ဦးစောမြင့်ဦးက လယ်ယာမြေပေါ်တွင် အခြားနည်းအသုံးပြုခွင့်မရှိဘဲ ကျူးကျော်မြေဖို့ခြင်း၊      ခြံစည်းရိုးကာရံခြင်း၊ အဆောက်အအုံ      ဆောက်လုပ်နေခြင်းများကို သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်၊ ကျေးရွာအဆင့်ဆင့်မှ ထိရောက်စွာ အရေးယူဆောင်ရွက်ရန်လိုကြောင်း၊ ခွင့်ပြုချက်မရှိဘဲ မြေအသုံးချနေမှုများသည် တရား မဝင်ဘဲ ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရေး သက်ဆိုင် ရာ လယ်ယာမြေစီမံခန့်ခွဲရေးကော်မတီအဆင့်ဆင့် မှ  ကြပ်မတ်ကွပ်ကဲပေးရန်လိုကြောင်း၊   မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ  အခြားနည်းအသုံးပြုရန် လျှောက်ထားသူများအနေဖြင့်    ဥပဒေနှင့်အညီ မြေလွတ်မြေရိုင်း ငှားရမ်းလုပ်ကိုင်ခွင့်လက်မှတ်ကိုသာ  ရရှိမည်ဖြစ်ကြောင်းနှင့်   တက်ရောက်လာသူ များက     ဝိုင်းဝန်းအကြံပြု  ဆွေးနွေးပေးကြရန် ပြောကြားသည်။
အကြံပြုဆွေးနွေး
ထို့နောက်    ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့၊ ပြည်နယ်မြေလွတ်၊ မြေလပ်နှင့် မြေရိုင်များ စီမံခန့်ခွဲရေးကော်မတီများ၏    အတွင်းရေးမှူး ဦးမင်းမင်းက လယ်ယာမြေစီမံခန့်ခွဲရေးကိစ္စရပ်များနှင့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ကိစ္စရပ်များအား    ရှင်းလင်းတင်ပြရာ    ပြည်နယ် ကော်မတီဝင်များက အကြံပြုဝိုင်းဝန်းဆွေးနွေးခဲ့ကြ ပြီး ပြည်နယ်ဝန်ကြီးချုပ်က  နိဂုံးချုပ်အမှာစကား ပြောကြားသည်။       စောမျိုးမင်းသိန်း(ပြန်/ဆက်)