ဘားအံမြို့ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက်ဆေးကုသမှုခံယူနေသူများကို ကြည့်ရှုအားပေး

 

နေပြည်တော်  ဧပြီ    ၂၂


မွန်ပြည်နယ်    မော်လမြိုင်မြို့ရှိ နယ်မြေခံ   တပ်မတော်ဆေးရုံ၌ တက်ရောက်       ဆေးကုသမှုခံယူ လျက်ရှိသော  အရာရှိ၊   စစ်သည်၊ မိသားစုဝင်များနှင့်      ဒေသခံ ပြည်သူများကို     ယနေ့နံနက်ပိုင်း က      ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ    ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေ၊  အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးမင်းနှင့်အဖွဲ့ဝင်များက      သွား ရောက်ကြည့်ရှု၍      တစ်ဦးချင်း ရောဂါဖြစ်ပွားမှု၊ ဆေးဝါးကုသပေး ထားမှုနှင့်  ကျန်းမာရေးတိုးတက် ကောင်းမွန်မှု  အခြေအနေများကိုရင်းရင်းနှီးနှီး     မေးမြန်းအားပေး စကားပြောကြားပြီး စားသောက်          ဖွယ်ရာများနှင့် ထောက်ပံ့ငွေများ ပေးအပ်သည်။

 


ထို့နောက် ကာကွယ်ရေးဦးစီး ချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ် ကြီး   ညွန့်ဝင်းဆွေ၊  တိုင်းမှူးနှင့် အဖွဲ့ဝင်များသည်  ဆေးရုံအတွင်း လှည့်လည်ကြည့်ရှု၍ လိုအပ်သည် များ     ညှိနှိုင်းဆောင်ရွက်ပေးခဲ့ ကြောင်း သတင်းရရှိသည်။

သတင်းစဉ်