
ဘားအံ ဇန်နဝါရီ ၈
ပညာရေးဝန်ကြီးဌာန ဆရာ အတတ်ပညာဦးစီးဌာန ဘားအံ ပညာရေး ဒီဂရီကောလိပ်၏ သင်တန်းသူ ၂၀၀ ဆံ့ (၁၇၉ ပေ x ၃၆ ပေ) RCC လေးထပ် အိပ်ဆောင်တစ်ဆောင် ဆောက် လုပ်ခြင်း ပန္နတင်မင်္ဂလာကို ဇန်နဝါရီ ၈ ရက်က အဆိုပါ အဆောက်အအုံ ဆောက်လုပ်မည့် မြေနေရာ၌ ကျင်းပသည်။
အခမ်းအနားတွင် ကရင် ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့် ဦး၊ ပြည်နယ်ဥပဒေချုပ် ဦးရဲလွင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် အတွင်းရေးမှူး ဦးကျော်စိုးနှင့် ဘားအံပညာရေး ဒီဂရီကောလိပ် ဒုတိယကျောင်းအုပ်ကြီး ဒေါ်ခင် မြင့်လှိုင်တို့က မင်္ဂလာအချိန်တွင် တစ်ပြိုင်နက် ပန္နက်ရိုက်ခဲ့ကြပြီး အမွှေးနံ့သာရည်များ ပက်ဖျန်း ပေးသည်။
အဆိုပါအိပ်ဆောင်ကို ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် မီနီဘတ်ဂျက်တွင် အဆောက်အဦ၏ ၂၅ ရာခိုင်နှုန်းကို ပြည်ထောင်စုရန်ပုံငွေကျပ် ၂၆၁ ဒသမ ၅၂၄ သန်းဖြင့် လုပ်ငန်း စတင်ဆောင်ရွက်သွားမည်ဖြစ်ပြီး လုပ်ငန်းတစ်ခုလုံး၏ တန်ဖိုးမှာ ၁၀၂၉ ဒသမ ၆၀ သန်းဖြစ်ကာ မြန်မာတိုးတက်ချမ်းသာကုမ္ပဏီ က တာဝန်ယူတည်ဆောက်သွား မည်ဖြစ်သည်။
ဆက်လက်၍ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန ဘားအံမြို့နယ် ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြား ပေးအပ်ပွဲကို ဘားအံမြို့နယ် လှာကာကျေးရွာ ရွာလယ်ဓမ္မာရုံ၌ နံနက် ၁၁ နာရီ ခန့်က ကျင်းပရာ ပြည်နယ်ဝန်ကြီး ချုပ်နှင့် အဖွဲ့ တက်ရောက်အားပေး သည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီး ချုပ်နှင့် တာဝန်ရှိသူများသည် ဒေသခံတိုင်းရင်းသား ပြည်သူများ၊ ကျောင်းသား ကျောင်းသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်၍ နိုင်ငံသားစိစစ်ရေး ကတ်ပြား ကွင်းဆင်း ဆောင်ရွက်ပေးနေမှု အခြေအနေများကို ကြည့်ရှု စစ်ဆေးပြီး ကျုံမသွယ်ကျေးရွာ အုပ်စုမှ ဒေသခံတိုင်းရင်းသား ပြည်သူ ၆၆ ဦးကို နိုင်ငံသား စိစစ်ရေးကတ်များ လက်ဝယ် အရောက် ပေးအပ်သည်။
လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ဘားအံမြို့နယ် ဦးစီးမှူးရုံးအနေ ဖြင့် ပန်းခင်းစီမံချက် ကာလ အတွင်း ပြည်သူဦးရေ ၃၂၀၁၂ ဦး ကို နိုင်ငံသားစိစစ်ရေးကတ်ပြားဆောင်ရွက်ပေးရန် လျာထားခဲ့ပြီး ယခုအခါ ရာနှုန်းပြည့်ဆောင်ရွက် ပြီးစီးပြီဖြစ်ကာ နိုင်ငံသားစိစစ် ရေး ကတ်ပြားပြုလုပ်ရန် ထပ်မံ ကျန်ရှိသူများနှင့် အသက်ပြည့်မီ လာမည့်သူများအား ပန်းခင်း စီမံချက်ဖြင့် ဆက်လက် ဆောင် ရွက်ပေးလျက်ရှိကြောင်း သိရ သည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)