ဘားအံ ဇွန် ၂၃
ဘားအံမြို့နယ် ကော့ထော်ကျေးရွာအုပ်စု တောင်ကလေးကျေးရွာ၌ တောင်သူတစ်ဦး စိုက်ပျိုးထားသော နှစ်ဧကခန့်ရှိ နေဗီယာမြက်သရုပ်ပြ စိုက်ခင်းကို ဘားအံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဘားအံမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ စိုက်ပျိုးရေး ဦးစီးဌာန၊ ဆည်မြောင်းဦးစီးဌာနတို့ ပူးပေါင်း၍ ဇွန် ၂၂ ရက်က ကွင်းဆင်းကြည့်ရှုသည်။
တိရစ္ဆာန်အစာပင်ဖြစ်သည့် နေဗီယာမြက် စိုက်ပျိုးခြင်းနှင့် ပတ်သက်၍ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာ စောဖောင်ဟိက ယခုအခါ ကျွဲနွားများအတွက် လွှတ်ကျောင်းစားကျက် အသုံးပြုနိုင်သည့် မြေဧရိယာမှာ တဖြည်းဖြည်းကျဉ်းမြောင်းလာသည့် အတွက် တိရစ္ဆာန်များ အစာရှားပါးမှုပြဿနာကို ဖြေရှင်းနိုင်ရန် မြေနေရာ ကျဉ်းကျဉ်းတွင် အာဟာရတန်ဖိုးမြင့်မားသည့် တိရစ္ဆာန်အစာပင် စိုက်ပျိုး၍ ရိတ်သိမ်းကျွေးမွေးသည့် Cut and carry စနစ်သို့ ပြောင်းလဲ ကျင့်သုံးခြင်းဖြင့် ကျွဲ၊ နွား၊ သိုး၊ ဆိတ် မွေးမြူရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုး တိုးတက်လာခြင်းစသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ခရိုင် (ပြန်/ဆက်)



