
ဘားအံ မတ် ၂၃
ကရင်ပြည်နယ် ဘားအံမြို့၌ ကျေးလက်နေပြည်သူများ လူမှု စီးပွားဘဝ တိုးတက်မြင့်မားလာ စေရန် စိုက်ပျိုးရေးဦးစီးဌာနနှင့် KOICA တို့ ပူးပေါင်းဆောင်ရွက် သည့် စွမ်းအားမြှင့် မီးဖိုများ ဖြန့်ဖြူးခြင်း စီမံကိန်းအစီအစဉ် ဖြင့် ကျေးရွာသစ်လှုပ်ရှားမှု စီမံချက်ကျေးရွာများ၏ ရန်ပုံငွေ ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းက ပြည်နယ်စိုက်ပျိုး ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ကရင်ပြည်နယ် စီးပွားရေးရာဝန်ကြီး ဦးစော ခင်မောင်မြင့်က စွမ်းဆောင်ရည် မြှင့်တင်ရေး၊ လူနေမှုဝန်းကျင် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဝင်ငွေ တိုးတက်ရရှိရေးအတွက် ရန်ပုံ ငွေများ ပေးအပ်ခြင်းဖြစ်ကြောင်း၊ မိမိကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေး အတွက် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများကို ပိုမိုဆောင်ရွက် ကြစေလိုကြောင်း ပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ် ဦးစီးမှူး ဦးဇော်ဝမ်းက စီမံကိန်း လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် ကျေးရွာသစ် လှုပ်ရှားမှုစီမံချက်ဖြင့် ဆောင်ရွက် မည့် ပျဉ်းကတိုးကုန်းကျေးရွာမှ စိုက်ပျိုးရေး၊ မွေးမြူရေး၊ အသေးစားလုပ်ငန်းများဆောင်ရွက်မည့် တောင်သူ ၅၂ ဦးအတွက် အတိုး တစ်ကျပ်နှုန်းဖြင့် စိုက်ပျိုးရေး စရိတ်ချေးငွေကျပ် ၁၁၁၀၀၀၀၀၊ မွေးမြူရေးစရိတ် ချေးငွေကျပ် ၂၇၀၀၀၀၀၊ အသေးစားချေးငွေ ကျပ် ၁၀၅၀၀၀၀၊ စက်ကိရိယာ ချေးငွေကျပ် ၁၅၉၄၅၇၀ စုစုပေါင်း ချေးငွေကျပ် ၁၆၄၄၄၅၇၀ အား ပြည်နယ် စီပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်နှင့် တာဝန်ရှိ သူများက တောင်သူများထံသို့ လွှဲပြောင်းပေးအပ်သည်။
အခမ်းအနားသို့ ပြည်နယ် စီးပွားရေးရာဝန်ကြီး ဦးစောခင် မောင်မြင့်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိ သူများ၊ စီမံကိန်းကော်မတီဝင် များ၊ ကျေးရွာသူ ကျေးရွာသား များ တက်ရောက်ကြကြောင်း သိရသည်။
ဇော်ဘီ