
ဘားအံ စက်တင်ဘာ ၂
ကရင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသတွင်းဘက်စုံဖွံ့ဖြိုးရေးလုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက် လျက်ရှိပြီး လူအများစုဝေး၍ စားသုံးကုန်၊ လူသုံးကုန်ပစ္စည်းများ ရောင်းဝယ်ဖောက်ကားရာ ဌာနနေရာများ ကို ခေတ်စနစ်နှင့် လျော်ညီ၍ သန့်ရှင်းသပ်ရပ်သော၊ သက်သောင့်သက်သာဖြစ်စေသော ဈေးများအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိရာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများ သည် ယနေ့ နံနက်ပိုင်းက ဘားအံမြို့မဈေး သား ငါးဈေးရုံသစ် တည်ဆောက်ခြင်းနှင့် မာန်အောင်ဈေးရုံများ အဆင့်မြှင့်တင်တည်ဆောက်ခြင်းလုပ်ငန်းများကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
သား ငါး ဈေးရုံသစ်တည်ဆောက်
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ် နှင့်အဖွဲ့သည် ဘားအံမြို့မဈေး သားငါးဈေးရုံသစ်တည်ဆောက် ခြင်းလုပ်ငန်းကို သွားရောက် ကြည့်ရှုစစ်ဆေးရာ ဈေးတာဝန်ခံ ရုံးခန်း၌ ပြည်နယ်စည်ပင်သာယာ ရေးအဖွဲ့ ညွှန်ကြားရေးမှူး သူရ မြင့်သူက ၆၆ပေ x ၄၂ ပေ R.C.C နှစ်ထပ် သားငါးဈေးရုံသစ် (မြို့မ ဈေး) တည်ဆောက်ခြင်းလုပ်ငန်း၊ ရေ၊ မီး၊ မိလ္လာပြည့်စုံရေး စီမံ ဆောင်ရွက်ထားသည့် အခြေအနေ များကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန် ရှိသူများ၊ ဈေးကော်မတီဝင်များ က ဈေးရုံသစ်တည်ဆောက်ရေးလုပ်ငန်းခွင်ကို လှည့်လည် ကြည့်ရှုစစ်ဆေးကြကာ လိုအပ် သည်များ မှာကြားသည်။
၇၀ ရာခိုင်နှုန်း ပြီးစီး
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ယခင် ပျံကျဈေး ပုံစံမျိုးဖြင့်သာ တည်ရှိပြီး စည်း စနစ်ကျနမှုမရှိသော ကျပ်တည်း ကျဉ်းမြောင်းစွာ ဈေးရောင်းကို ဈေးဝယ် ပြုလုပ်နေကြသော ဘားအံမြို့ အမှတ် (၅) ရပ်ကွက်ရှိ မာန်အောင်ဈေး(ရဲဘော်ဈေး)ကို ၉၂ ပေ x ၅၂ ပေ x ၁၃ ပေ Steel Structure အမျိုးအစား ဈေးရုံ သုံးရုံ တည်ဆောက်အဆင့် မြှင့်တင်ခြင်းလုပ်ငန်းကို သွား ရောက်ကြည့်ရှု စစ်ဆေးရာ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးက လုပ်ငန်း တစ်ခုလုံးအနေဖြင့် ၇၀ ရာခိုင်နှုန်း ပြီးစီးနေပြီး ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၇ ရက်တွင် ကျရောက်မည့် ကရင်ပြည်နယ်နေ့အမီ ပြီးစီးမည် ဖြစ်ကြောင်း ရှင်းလင်းတင်ပြခဲ့ သည်။
စနစ်တကျ နေရာချ
ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ က စုစုပေါင်း ကုန်ကျငွေ ၄၉၁ ဒသမ ၇၁ သန်းဖြင့် ဈေးရုံတည် ဆောက်ခြင်းလုပ်ငန်း၊ ခြံစည်းရိုး ပြုလုပ်ခြင်းလုပ်ငန်း၊ ဈေးအဖွဲ့ရုံး ဆောက်လုပ်ခြင်း၊ အများသုံး သန့်စင်ခန်းပြုလုပ်ခြင်း၊ ရေလှောင် ကန်နှင့် ရေစင်တည်ဆောက်ခြင်း၊ ဈေးရေမြောင်း ပြုလုပ်ခြင်းနှင့် ပျံကျဈေးရောင်းနေရာ ကွန်ကရစ် ခင်းခြင်းလုပ်ငန်းတို့ကို လှည့် လည်ကြည့်ရှုစစ်ဆေးပြီး ဆိုင် ခန်ပေါင်း ၁၅၄ ခန်းနှင့် ပျံကျဈေး ရောင်းနေရာများအား စနစ်တကျ နေရာချထားပေးရန်၊ ယာဉ်ရပ်နား ရာနေရာများ ထည့်သွင်းဆောင် ရွက်ပေးရန်နှင့် လိုအပ်သည် များ မှာကြားကြောင်း သိရ သည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)