ဘားအံမြို့ ဂျိုင်းမြစ်အတွင်း ငါးသားပေါက်တစ်သိန်းခွဲ စိုက်ထည့်

 

 

ဘားအံ   ဒီဇင်ဘာ  ၂၇
ကရင်ပြည်နယ်အတွင်း    ငါးသယံ ဇာတများ ရေရှည်တည်တံစေရေး၊   ကျေးလက်နေ       ပြည်သူများ    ငါးရိက္ခာကို ပိုမိုစားသုံးနိုင်ရေးနှင့်    အလုပ်အကိုင်   အခွင့် အလမ်းများ      ရရှိစေရေးတို့အတွက်      ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနမှ  ဘားအံ ခရိုင်   ဘားအံမြို့နယ်    ဇာသပြင် ကျေးရွာ    ဇာသပြင်တံတားအနီး      ဂျိုင်းမြစ်အတွင်း        ဒီဇင်ဘာ  ၂၇   ရက်က   ငါးမျိုးစိုက်ထည့် ခြင်း     ပြုလုပ်ရာ      ပြည်နယ် ဝန်ကြီးချုပ်  ဦးစောမြင့်ဦး၊  ပြည် နယ်  လွှတ်တော်တရားသူကြီး ချုပ်၊         ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများ    တက်ရောက်  သည်။ 
ငါးမျိုး      စိုက်ထည့်ပွဲတွင် ဘားအံငါးလုပ်ငန်း             စခန်းမှ နှစ်လက်မ             အောက်ခံအရွယ် ငါးမြစ်ချင်းသားပေါက်ကောင်ရေ  ၁၂၀၀၀၀       နှင့်        ငါးခုံးမကြီး   သားပေါက်ကောင်ရေ     ၃၀၀၀၀ စုစုပေါင်း ငါးသားပေါက်ကောင်ရေ တစ်သိန်းခွဲကို ပြည်နယ်ဝန်ကြီး ချုပ်နှင့်       တာဝန်ရှိသူများက ဂျိုင်းမြစ်အတွင်း   မျိုးစိုက်ထည့် ကြောင်း သိရသည်။ 
သတင်းစဉ်