
နေပြည်တော် ဒီဇင်ဘာ ၂၄
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ဘားအံ - ကော့ကရိတ်သွားကားလမ်း မိုင်တိုင်အမှတ် ၁၁၁ နှင့် ၁၁၂ ကြား ငါးတိုင်ကျေးရွာ၏ အရှေ့ဘက် မီတာ ၁၅၀၀ ခန့်အကွာရှိ အရှည် ၄၆ ပေ၊ အကျယ် ၃၂ ပေ၊ အမြင့် ၁၂ ပေ ရှိ သံကူကွန်ကရစ်အမျိုးစားတံတား အား ယနေ့ မွန်းလွဲ ၁ နာရီ မိနစ် ၅၀ ခန့်တွင် KKO (ခွဲထွက်)အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမား များက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း၊ အဆိုပါ ဖောက်ခွဲဖျက်ဆီးခဲ့မှုကြောင့် ဘားအံမြို့ ဘက်မှ ကော့ကရိတ်မြို့ဘက်သို့သွားသည့် ကားလမ်း ၏ ညာဘက်ခြမ်းမှာ နှစ်ပေပတ်လည်ခန့် ပေါက်ထွက် ပျက်စီးခဲ့ကြောင်း သိရှိရသည်။
အဆိုပါ တံတားပျက်စီးမှုအား သက်ဆိုင်ရာမှ အမြန်ဆုံး ပြန်လည်ပြင်ဆင်လျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။ သတင်းစဉ်