
နေပြည်တော် ဖေဖော်ဝါရီ ၂၂
မသမာသူများသည် လူပုဂ္ဂိုလ် အချို့၏ Bank Account များ အတွင်းမှ နည်းပညာပိုင်းဖြင့် ဆက်သွယ်ရေး ကွန်ရက်ကို အသုံးပြု၍ ငွေကြေးလိမ်လည် လွှဲပြောင်းထုတ်ယူမှုများ ကျူးလွန် လျက်ရှိသဖြင့် လူပုဂ္ဂိုလ်အချို့ အနေဖြင့် ငွေကြေးဆုံးရှုံးနစ်နာ မှုများ ဖြစ်ပွားလျက်ရှိသည်။ ထိုသို့ ငွေကြေးလိမ်လည် လွှဲပြောင်းထုတ်ယူသူ ဒုစရိုက် သမားများကို သက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်း ဖော်ထုတ်ဖမ်းဆီးခြင်းများ ဆောင် ရွက်ခဲ့ရာ ပြစ်မှုကျူးလွန်သူ နိုင်ငံခြားသားများနှင့် ပူးပေါင်း ကျူးလွန်သူ မြန်မာနိုင်ငံသား တရားခံများအား ဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့သည်။
လွှဲပြောင်းထုတ်ယူ
ပြစ်မှု ကျူးလွန်သူများအနေ ဖြင့် နည်းပညာပိုင်းဖြင့် ဆက်သွယ် ရေးကွန်ရက်ကို အသုံးပြု၍ ငွေကြေးလိမ်လည် လွှဲပြောင်း ထုတ်ယူမှုများ ပြုလုပ်ရာတွင် ဇယား(၁)ပါ နည်းလမ်းများကို အသုံးပြု၍ လိမ်လည်ခံရမည့်သူ ကို ရှာဖွေပြီး လိမ်လည်ခံရမည့်သူ နှင့် အဆက်အသွယ်ရရှိပါက ဇယား(၂)ပါ နည်းလမ်းများဖြင့် လိမ်လည်ခံရမည့်သူ၏ Bank Account နှင့် KBZ Pay Account တို့အတွင်းမှ ငွေများအား အဆင့် ဆင့် လွှဲပြောင်းထုတ်ယူကြခြင်း ဖြစ်သည်။
ဇယားများပါ လိမ်လည်မှု ကျူးလွန်ပုံ နည်းစနစ်များအရ အချို့သော လူပုဂ္ဂိုလ်များအနေဖြင့် မိမိ၏ Email Account ၊ ဖုန်း နံပါတ်၊ ကိုယ်ရေးအချက်အလက် များနှင့် လုပ်ငန်းလိပ်စာများကို ဆက်သွယ်မှု လွယ်ကူစေရန် အတွက် လူမှုကွန်ရက် Social Media များနှင့် Facebook တို့တွင် ဖော်ပြထားခြင်း၊ လိပ်စာကတ် များတွင် ဖော်ပြထားခြင်းတို့ ကြောင့် ပြစ်မှုကျူးလွန်သူများ အနေဖြင့် Email Account များ ကို စောင့်ကြည့်ရယူပြီး ငွေများ လိမ်လည်လွှဲပြောင်း ထုတ်ယူနိုင် သည့် အခွင့်အလမ်းများ ရရှိခြင်း ဖြစ်ကြောင်းနှင့် လိမ်လည်မည့်သူ များသည် KBZ Pay Account များအား မသိနားမလည်သူအချို့ ထံမှ ငွေကြေးအနည်းငယ် အသုံးပြု၍ ဝယ်ယူကာ အဆိုပါ Account များဖြင့် ငွေများ လွှဲပြောင်းထုတ်ယူရာတွင် ကြားခံ အဖြစ် အသုံးပြုကြကြောင်း ဖော်ထုတ်သိရှိရသည်။
သို့ဖြစ်ပါ၍ အများပြည်သူ များအနေဖြင့် မိမိတို့၏ Bank Account များအတွင်းမှ ငွေကြေး များအား မသမာသူ ဒုစရိုက်သမား များ၏ နည်းပညာပိုင်းဖြင့် ဆက်သွယ်ရေးကွန်ရက်ကို အသုံး ပြု၍ လိမ်လည် လွှဲပြောင်းထုတ်ယူ မှုမခံရစေရေး မိမိတို့၏ Email၊ ဖုန်းနံပါတ်နှင့် ကိုယ်ရေးအချက် အလက်များအား လုံခြုံမှုရှိစေရေး အထူးဂရုပြု ဆောင်ရွက်ကြရန်နှင့် မသမာသူများ၏ အသုံးချခံမဖြစ်စေ ရေး ကိုယ်ရေးကိုယ်တာ လိုအပ် ချက်မှတစ်ပါး Bank Account နှင့် KBZ Pay Account များ ဖွင့်လှစ် ရောင်းချခြင်း မပြုလုပ်ကြရန် အသိပေးထုတ်ပြန်ထားကြောင်း သိရသည်။
သတင်းစဉ်