
ကျောက်ဆည် အောက်တိုဘာ ၁၂
စိုက်ပျိုးရေးဦးစီးဌာန ကျောက် ဆည်ခရိုင်နှင့် တံတားဦးမြို့နယ် စိုက်ပျိုး နည်းပညာပေးအဖွဲ့ (Working Group ) တို့ ပူးပေါင်း၍ အောက်တိုဘာ ၁၁ ရက် နံနက်က တံတားဦးမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနရုံး၌ အယ်လ်နီညို ရာသီ ဥတု အကျိုးသက်ရောက်မှုကြောင့် သီးနှံများထိခိုက်ပျက်စီးမှုမရှိစေရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိ စေရေး အသိပညာပေးဆွေးနွေးပွဲ ကျင်းပသည်။
အသိပညာပေး ဆွေးနွေးပွဲ တွင် စိုက်ပျိုးရေးဦးစီးဌာန ခရိုင် ဦးစီးမှူး ဦးချစ်ဆွေဦး ဦးဆောင် ၍ ခရိုင်/မြို့နယ်ရှိ စိုက်ပျိုးပညာ ရှင်ဝန်ထမ်းများက ယခုနှစ် ၂၀၂၃ ခုနှစ် အောက်တိုဘာလမှ ၂ဝ၂၄ ခုနှစ် ဇန်နဝါရီလအထိ အားကောင်း သော အယ်လ်နီညိုရာသီဥတု ဝင်ရောက်နိုင်ကြောင်း၊ အကျိုး သက်ရောက်မှုအနေဖြင့် ရေကြီး ခြင်း၊ မိုးခေါင်ခြင်း၊ အပူချိန် မြင့်မားခြင်းနှင့် မုန်တိုင်းများ ဖြစ်ပေါ်နိုင်ကြောင်း၊ မိုးရေချိန် လျော့နည်း၍ ဆည်များအတွင်း ရေဝင်ရောက်မှု လျော့နည်းနိုင်ပါ ကြောင်း၊ စိုက်ပျိုးရေးကဏ္ဍသည် ရာသီဥတုအပေါ် များစွာမှီခိုနေ သောကြောင့် ကြိုတင်ဆောင်ရွက် မှုများ ဆောင်ရွက်ထားရန်လို ကြောင်း၊ ရေရရှိနိုင်မည့်နည်းလမ်း များကို ရှာဖွေထားရန်လို ကြောင်း၊ ရေကြီးခြင်းများဖြစ်ပေါ် လာပါက ယာသီးနှံများတွင် ရေထုတ်မြောင်းများ စီစဉ်ထားရန် လိုအပ်ကြောင်း၊ ကြိုတင်သတိ ပေးချက်များ ထုတ်ပြန်လာပါက လိုက်နာဆောင်ရွက်ရန် လိုအပ်ပါ ကြောင်း၊ သက်လျင်မျိုး၊ ရေငတ် ဒဏ်ခံနိုင်သောမျိုး၊ ပိုးမွှားရောဂါခံ နိုင်သောမျိုးများ ရွေးချယ်စိုက်ပျိုး ရန် လိုအပ်ကြောင်း၊ သင့်လျော် သော သီးနှံပုံစံများ ပြောင်းလဲ စိုက်ပျိုးရန်လိုအပ်ကြောင်း၊ သီးနှံ ဆုံးရှုံးမှုလျော့နည်းစေရန် တစ်မျိုး တည်းစိုက်ခြင်းအစား သီးရော၊ သီးညှပ်၊ သီးနှံအကန့်လိုက် စိုက်ပျိုးခြင်းများ ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ တောင်သူများမှ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြ ရန်လိုအပ်ကြောင်း အသိပညာပေး ဆွေးနွေးသည်။
အဆိုပါဆွေးနွေးပွဲတွင် သီးနှံ များ ပန်းတိုင်အထွက်နှုန်း ရရှိစေ ရေးအတွက် သိပ္ပံနည်းကျ စိုက်ပျိုး ရေးနည်းစနစ်များ၊ မျိုးကောင်း မျိုးသန့် သုံးစွဲရေးနည်းလမ်း များကို သီးနှံအလိုက် အသိ ပညာပေးဆွေးနွေးခဲ့ပြီး စိုက်ပျိုး ရေး ဝန်ထမ်း ၂၂ ဦးနှင့် တံတားဦး မြို့နယ် ချောင်းပတ်ကျေးရွာ၊ ကုတို့ဆိတ်ကျေးရွာ၊ ချောင်းခွ ကျေးရွာနှင့် သစ်တော်ဗျားကျေးရွာ တို့မှ တောင်သူ ၄ဝ တက်ရောက် ခဲ့ကြောင်း သိရသည်။
သက်ထက်