အယ်လ်နီညိုဖြစ်စဉ်သက်ရောက်မှုကြောင့် လယ်ယာကဏ္ဍတွင် ထိခိုက်မှုမဖြစ်ပေါ်စေရေး အကြိုလုပ်ငန်းများညှိနှိုင်းစည်းဝေး

 

နေပြည်တော်  စက်တင်ဘာ  ၃၀


အယ်လ်နီညိုဖြစ်စဉ်  သက်ရောက် မှုကြောင့်  လယ်ယာကဏ္ဍတွင် ထိခိုက်မှုမဖြစ်ပေါ်စေရေး အကြို လုပ်ငန်းများ ညှိနှိုင်းအစည်းအဝေး ကို    ယနေ့    မွန်းလွဲပိုင်းတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည် မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ  ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်၊ ဦးဗိုလ်ဗိုလ် ကျော်နှင့်     ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန် ရှိသူများတက်ရောက်ကြပြီး တိုင်း ဒေသကြီး ပြည်နယ်စိုက်ပျိုးရေး ဦးစီးဌာန   တာဝန်ရှိသူများက အွန်လိုင်းစနစ်ဖြင့် တက်ရောက် ကြသည်။


အစည်းအဝေးတွင်   ဒုတိယ ဝန်ကြီး   ဒေါက်တာတင်ထွဋ်က လယ်ယာကဏ္ဍ တာဝန်ရှိသူများ အနေဖြင့်  စားရေရိက္ခာဖူလုံရေး၊ တောင်သူလယ်သမား    အကျိုး စီးပွားနှင့်   လယ်ယာကဏ္ဍတွင် ပါဝင်ပတ်သက်သူများ   အားလုံး ထိခိုက်မှု    မရှိစေရေးအတွက် လိုအပ်ချက်များ     ကြိုတင်စီမံ ဆောင်ရွက်ကြရန်နှင့် အရေးပေါ် အခြေအနေတွင် တုံ့ပြန်ဖြေရှင်း နိုင်မည့်    လုပ်ငန်းအစီအမံများ ရေးဆွဲဆောင်ရွက်   ထားကြရန် လိုကြောင်း၊ ဒေသအလိုက်စိုက်ပျိုး ထုတ်လုပ်မှုသီးနှံပုံစံများ ရေးဆွဲ ပြီး မျိုးစေ့နှင့် သွင်းအားစုလိုအပ် ချက်များပါဝင်သော အယ်လ်နီညို သက်ရောက်မှုကြောင့်   စိုက်ပျိုး ထုတ်လုပ်မှု   ထိခိုက်မှုမဖြစ်ပေါ် စေရေး အကြိုလုပ်ငန်းစီမံချက်ကို ရေးဆွဲတင်ပြကြရန်နှင့် ဆက်စပ် ဌာနများ၊    တောင်သူများနှင့် ပုဂ္ဂ လိကများ၏ ပူးပေါင်းပါဝင်မှုကိုရယူ ဆောင်ရွက်ကြရန်လိုကြောင်း၊ အသိ ပေးနှိုးဆော်မှုနှင့်  သတင်းအချက် အလက်   ဖြန့်ဝေမှုလုပ်ငန်းများ အချိန်နှင့် တစ်ပြေးညီဖြစ်စေရေး  အလေးထား   ဆောင်ရွက်ရန်လို ကြောင်း ပြောကြားသည်။


ယင်းနောက်ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်က  ရာသီဥတု ပြောင်းလဲမှုနှင့်အတူ  ရေလှောင် တမံနှင့်    ရေလွှဲဆည်များတွင် ရေဝင်ရောက်မှု နည်းပါးခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း၊ ရေစီမံခန့်ခွဲ မှု  အားကောင်းလာသည်နှင့်အမျှ ရေသုံးစွဲမှု    အခြေအနေသည် လည်း လျော့နည်းလာမည်ဖြစ်၍ ရေအသုံးချသူများအဖွဲ့ WUG ပိုမို အားကောင်းလာရေး    ပူးပေါင်း ဆောင်ရွက်ရန်လိုကြောင်း၊ ရေရရှိ ရေးနည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက် သွားမည်ဖြစ်၍   ဒေသအလိုက် လယ်ယာကဏ္ဍ တာဝန်ရှိဌာနများ အကြား   ညှိနှိုင်းဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားသည်။


ထို့နောက်   တာဝန်ရှိသူများ က      အယ်လ်နီညိုဖြစ်စဉ်  သက်ရောက်မှုကြောင့် လယ်ယာ ကဏ္ဍတွင် ထိခိုက်မှုမဖြစ်ပေါ်စေ ရေးအတွက်  သက်ဆိုင်ရာဦးစီး ဌာနအလိုက်     အကြိုလုပ်ငန်း ဆောင်ရွက်နေမှုများကို  လည်း ကောင်း၊ တိုင်းဒေသကြီး ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူ များက ဒေသအလိုက် သီးနှံပုံစံ များ၊ မျိုးစေ့သွင်းအားစု  လိုအပ် ချက်များ၊ အသိပညာနှင့်    နည်း ပညာပေးလုပ်ငန်း   ဆောင်ရွက် သွားမည့် လုပ်ငန်းအစီအမံများကို တင်ပြကြရာ ဒုတိယဝန်ကြီးများ က  လိုအပ်ချက်များ   ဖြည့်စွက် ဆွေးနွေးမှာကြားကြသည်။


အယ်လ်နီညို ရာသီဥတုအခြေ အနေတွင် မိုးရွာသွန်းရက် လျော့ နည်းတိုတောင်းခြင်း၊   ဆောင်း ကာလတွင်  အအေးဓာတ်လျော့ နည်းခြင်း၊ နွေရာသီတွင် ပို၍ပူပြင်း ခြောက်သွေ့ခြင်းတို့    ဖြစ်ပေါ်  ပြီး အယ်လ်နီညိုအားကောင်းပါက အပူလွန်ကဲခြင်း၊ အပူလှိုင်းဖြတ် ခြင်းတို့အပြင် နွေရာသီတွင် ပူပြင်း ခြောက်သွေ့ပြီး သာမန်ထက်ပို၍ ရှည်ကြာနိုင်မည့်   နွေကာလကို ဖြတ်သန်းရနိုင်မည်ဖြစ်၍ စိုက်ပျိုး ထုတ်လုပ်မှုလုပ်ငန်းများ ထိခိုက်မှု မဖြစ်ပေါ်စေရေးအတွက် စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနရှိ   လယ်ယာကဏ္ဍ၊ သားငါးကဏ္ဍနှင့်   ဆည်မြောင်း ကဏ္ဍ တာဝန်ရှိသူများ ပူးပေါင်း၍ ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။


ယနေ့  နံနက်ပိုင်းကလည်း ရေဆင်းစိုက်ပျိုးရေး သုတေသန ဦးစီးဌာန   စုဝေးဆောင်ခန်းမ၌  အပတ်စဉ်  စနေနေ့တိုင်း  ကျင်းပ သည့် (၉)ကြိမ်မြောက် တောင်သူ နည်းပညာဆွေးနွေးပွဲ (Farmers’ Technical Forum) ကို  သီးထပ် သီးနှံ  စိုက်ပျိုးနည်းစနစ်များနှင့် အယ်လ်နီညို    ဖြစ်စဉ်ဆိုင်ရာ ဆွေးနွေးပွဲခေါင်းစဉ်ဖြင့် ကျင်းပ ခဲ့ပြီး ဆွေးနွေးပွဲသို့ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်နှင့် လယ်ယာ ကဏ္ဍဆိုင်ရာ   တာဝန်ရှိသူများ၊ စိုက်ပျိုးရေးပညာရှင်များ၊ သုတေ သီများနှင့် ဒေသခံတောင်သူလယ် သမားများ တက်ရောက်ဆွေးနွေးခဲ့ ကြကြောင်း သိရသည်။

သတင်းစဉ်