
နေပြည်တော် ဇန်နဝါရီ ၂
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ဇန်နဝါရီ ၁ ရက် နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ပလိပ်မြို့ရှိ ချည်မျှင်နှင့်အထည်စက်ရုံသို့ ရောက်ရှိပြီး စက်ရုံအစည်းအဝေးခန်းမ၌ မန္တလေးတိုင်းဒေသကြီးအတွင်း ချည်မျှင်ထုတ်လုပ်သည့် စက်မှု လုပ်ငန်းရှင်များနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စု ဝန်ကြီးက ပြည်တွင်းထွက် ကုန်ကြမ်းများကို အသုံးပြု၍ စက်ရုံများ လည်ပတ်ခြင်းဖြင့် ပြည်တွင်းစားသုံးမှုများ ဖူလုံနိုင် သည့်အပြင် ဒေသခံပြည်သူများ အလုပ်အကိုင်ရရှိခြင်း၊ ပြည်ပ သွင်းကုန်အစားထိုးဖြစ်၍ နိုင်ငံ ခြား ငွေသုံးစွဲရမှု လျော့နည်း သက်သာခြင်းစသည့် အကျိုး ကျေးဇူးများ ရရှိမည်ဖြစ်ကြောင်း၊ စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အစိုးရနှင့် ပုဂ္ဂလိကတို့ ဟန်ချက်ညီညီ ပူးပေါင်းဆောင် ရွက်လျှင် မြန်မြန်ဆန်ဆန် ဖွံ့ဖြိုးမည်ဖြစ်ကြောင်း၊ ချည်မျှင် ထုတ်လုပ်သည့်ကဏ္ဍ ဖွံ့ဖြိုး တိုးတက်လျှင် အဝတ်အထည် ကဏ္ဍတွင် ပါဝင်ပတ်သက်သူ များအားလုံး အလုပ်အကိုင်ရရှိ ပြီး လူနေမှုအဆင့်အတန်းများ တိုးတက်မြင့်မားလာမည် ဖြစ် ကြောင်း၊ ချည်မျှင်စက်ရုံများ အတွက် ဝါကုန်ကြမ်းများ ပြည့်စုံ လုံလောက်အောင် ရရှိရေးအတွက် ဝါစိုက်တောင်သူများသို့ အထွက် နှုန်းကောင်းမွန်သည့် ဝါမျိုးစေ့များ ဖြန့်ဝေ၍ သိပ္ပံနည်းကျ စိုက်ပျိုး နိုင်ရေး အသိပညာပေးရေး လုပ်ငန်းများကို ကျယ်ကျယ် ပြန့်ပြန့် ဆောင်ရွက်ရမည်ဖြစ် ကြောင်း၊ ချည်မျှင်ထုတ်လုပ်သည့် လုပ်ငန်းရှင်များအနေဖြင့် ကြုံတွေ့ နေရသည့် အခက်အခဲများကို ပွင့်ပွင့်လင်းလင်း တင်ပြပေးစေ လိုကြောင်း ဆွေးနွေးပြောကြား သည်။
ထို့နောက် လုပ်ငန်းရှင်များက လုပ်ငန်းများ လည်ပတ်ဆောင် ရွက်နေမှုနှင့် တွေ့ကြုံနေရသည့် စိန်ခေါ်မှုများကို တင်ပြဆွေးနွေး ကြရာ ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေး ပြီး ချည်မျှင်ထုတ်လုပ်သည့် လုပ်ငန်းစဉ် အဆင့်ဆင့်တို့ကို လှည့်လည်ကြည့်ရှု စစ်ဆေး သည်။
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးသည် စက္ကူစက်ရုံ(ပလိပ်)သို့ရောက်ရှိပြီး စက်ရုံ၌ ရှိပြီး ဖြစ်သည့် နည်းပညာနှင့် အတတ် ပညာများ မပျောက်ပျက်စေရေးဆင့်ပွားသင်တန်းများ ပြုလုပ်ပေး ရန်မှာကြားပြီး စက်ရုံအတွင်း ကုန်ထုတ်လုပ်မှု လုပ်ငန်းစဉ် အဆင့်ဆင့်တို့ကို လှည့်လည် ကြည့်ရှု စစ်ဆေးသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးသည် ဝမ်းတွင်းမြို့ရှိ အမှတ်(၇) အထည်စက်ရုံခွဲ (ဝမ်းတွင်း)သို့ ရောက်ရှိကြကာ ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်း တို့မှ အမှာစာများ တိုးတက်ရရှိ ရေး ကြိုးစားဆောင်ရွက်ရန်၊ လုပ်ငန်းတာဝန်များကို Business Plan ရေးဆွဲ၍ စနစ်တကျဆောင် ရွက်ရန်၊ အဝတ်အထည်များကို သုံးစွဲသူများအား ဆွဲဆောင်မှု ရှိမည့် အရောင်အဆင်း၊ ဒီဇိုင်း များဖြစ်အောင် ဆောင်ရွက်ရန်၊ ဈေးကွက် သုတေသနလုပ်ငန်း များကို စဉ်ဆက်မပြတ်ပြုလုပ်ရန် မှာကြားပြီး စက်ရုံအတွင်း ကုန်ထုတ်လုပ်မှု လုပ်ငန်းစဉ် အဆင့်ဆင့်တို့ကို လှည့်လည် ကြည့်ရှုစစ်ဆေးသည်။
ညနေပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးသည် ရမည်းသင်းမြို့ရှိ အမှတ်(၈) အထည်စက်ရုံခွဲ (ရမည်းသင်း)အတွင်း၌ စက်ရုံရှိ ဝန်ထမ်းများက ထုတ်ကုန်အမယ် သစ် ထုတ်လုပ်နိုင်ရေးအတွက် စမ်းသပ်လည်ပတ်လျက်ရှိသည့် ရက်ကန်းစက်များကို ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်