
ရန်ကုန် နိုဝင်ဘာ ၉
အူရီဒူးမြန်မာအနေဖြင့် အူရီဒူးသုံးစွဲသူများနှင့် အမြဲမပြတ် ဆက်သွယ်နေရန်နှင့် နောက်ဆုံးရ သတင်းများ၊ အသစ်ထွက်ဝန်ဆောင်မှုများနှင့် ပရိုမိုးရှင်းပက်ကေ့ချ်များအကြောင်းကို အချိန် နှင့်တစ်ပြေးညီ အကြောင်းကြားပေးနိုင်ရန် အတွက် တယ်လီဂရမ်ချန်နယ်ကို စတင် အသုံး ပြုမည်ဖြစ်ကြောင်း သိရသည်။
အူရီဒူးသုံးစွဲသူများအနေဖြင့် အူရီဒူးမြန်မာ ၏ ဝန်ဆောင်မှုများကို အဆိုပါ တယ်လီဂရမ် ချန်နယ်မှတစ်ဆင့် အချိန်နှင့်တစ်ပြေးညီ သိရှိ နိုင်မည်ဖြစ်သည်။ တယ်လီဂရမ်ချန်နယ်သည် သုံးစွဲရလွယ်ကူပြီး မြန်မာပြည်သူများအကြား အသုံးများသည့် ဒစ်ဂျစ်တယ်ချန်နယ်တစ်ခု ဖြစ်လာသည့်အတွက် အူရီဒူးက သုံးစွဲသူများ အား အချိန်နှင့်တစ်ပြေးညီ ဆက်သွယ် အကြောင်းကြားနိုင်ရန် ထပ်တိုးအသုံးပြုခြင်း ဖြစ်ကြောင်း သိရသည်။
အူရီဒူးဆင်းကတ်များကို အသုံးပြုနေသူ များအနေဖြင့် အူရီဒူးမြန်မာ၏ တယ်လီဂရမ် ချန်နယ်ကို https://t.me/Ooredoo_Myan-mar မှတစ်ဆင့် ဝင်ရောက်ချိတ်ဆက်နိုင်မည် ဖြစ်သည်။
ကိုစိုး