အုတ်တွင်းမြို့နယ်၌အခြေခံပညာကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက်စုပေါင်းသန့်ရှင်းရေးပြုလုပ်

အုတ်တွင်းမြို့နယ်၌အခြေခံပညာကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက်စုပေါင်းသန့်ရှင်းရေးပြုလုပ်

အုတ်တွင်း    စက်တင်ဘာ    ၂၁

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ်တွင်စစ်တောင်းမြစ်ရေမြင့်တက်မှုကြောင့်အခြေခံပညာကျောင်းအချို့ရေဝင်ရောက်ခဲ့ရာယခုအခါရေများပြန်လည်ကျဆင်းသွားပြီဖြစ်သောကြောင့်အခြေခံပညာအထက်တန်း( အုတ်တွင်း) ကျောင်းပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက်ယနေ့နံနက်ပိုင်းကအဆိုပါကျောင်း၌စုပေါင်းသန့်ရှင်းရေးပြုလုပ်ခဲ့သည်။

အဆိုပါစုပေါင်းသန့်ရှင်းရေးအား အုတ်တွင်းတပ်နယ်မှတပ်နယ်မှူးဗိုလ်မှူးချုပ်ဇော်မြင့်ဦးနှင့် တပ်ဖွဲ့ဝင်များ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးသီဟထွန်းနှင့်အဖွဲ့ဝင်များ၊၊မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့်တပ်ဖွဲ့ဝင်များ၊ဌာနဆိုင်ရာဝန်ထမ်းများ၊မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များကစုပေါင်း၍သန့်ရှင်းရေးပြုလုပ်ခဲ့ကြကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)