အုတ်တွင်းမြို့နယ်၌ မိုးရာသီသစ်ပင်စိုက်ပျိုး

 

တောင်ငူ   ဇွန်   ၂၂ 


ပဲခူးတိုင်းဒေသကြီး  အုတ်တွင်းမြို့နယ်၌ သစ်တောဦးစီးဌာနက သဘာဝ ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်လာစေရန်၊ ဂေဟစနစ်ထိန်းညှိရန်၊ ဒေသခံ ပြည်သူများ သစ်ပင်စိုက်ပျိုးသည့် အလေ့အကျင့်များရရှိစေရန် ရည်ရွယ် ၍ ၂၀၂၂   ခုနှစ်   မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို  ဇွန် ၂၂ ရက်က ပေါက်တောကြိုးဝိုင်း အကွက်အမှတ်(၁၃)၌ ပြုလုပ်သည်။

 


သစ်ပင်စိုက်ပျိုးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီ နှင့် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ တက်ရောက်ကြပြီး ကျွန်း၊ ပျဉ်းကတိုး၊  မဟော်ဂနီ၊  မဲဇလီပင်  စုစုပေါင်း  ၅၄၀  စုပေါင်းစိုက်ပျိုး ကြောင်း သိရသည်။                                      

 

ခင်ခင်မာ(ပြန်/ဆက်)