အုတ်တွင်းမြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းဖွင့်

 

အုတ်တွင်း အောက်တိုဘာ၅


ပဲခူးတိုင်းဒေသကြီး   အုတ် တွင်းမြို့နယ်  မီးသတ်ဦးစီး ဌာနမှ     သဘာဝဘေးအန္တ ရာယ်   ကျရောက်လာပါက ပြည်သူများအား    အသက်၊ အိုးအိမ်၊  စည်းစိမ်ပစ္စည်း များအား ပျက်စီးဆုံးရှုံးနစ်နာ မှုမရှိစေရေးအတွက်    ရည် ရွယ်၍ အရန်မီးသတ်တပ်ဖွဲ့ ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းကို အောက်တိုဘာ ၃ ရက်က မီးသတ်ဦးစီးဌာနရုံး ၌ ပြုလုပ်သည်။

 


ဖွင့်ပွဲတွင်    မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့       ဥက္ကဋ္ဌ  ဦးညီညီက    အမှာစကား ပြောကြားပြီး    မြို့နယ်    မီး သတ်ဦးစီးအရာရှိ ဦးအောင် ကျော်မြင့်က   သဘာဝဘေး အန္တရာယ်   ကျရောက်လာ ပါက  ရှာဖွေကယ်ဆယ်ရေး နှင့်  ပြန်လည်ထူထောင်ရေးဆောင်ရွက်ရမည့်  လုပ်ငန်း များကို ရှင်းလင်းပြောကြား သည်။

 


အဆိုပါ      သင်တန်းသို့ သင်တန်းသား   ၅၀   တက် ရောက်ပြီး   အောက်တိုဘာ ၃ ရက်မှ နိုဝင်ဘာ ၂၈ ရက် အထိ   စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည် ဖြစ်ကြောင်း သိရသည်။


ခင်ခင်မာ(ပြန်/ဆက်)