အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (၄၇) ပါးစုံညီ ဆဋ္ဌအစည်းအဝေးနှင့် သတ္တမအစည်းအဝေးကျင်းပ

ရန်ကုန် မတ် ၁၈ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (၄၇) ပါး စုံညီ ဆဋ္ဌအစည်းအဝေးနှင့် သတ္တမအစည်းအဝေးကို ယနေ့နံနက် ၈ နာရီတွင် ရန်ကုန်မြို့၊ သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေရှိ မဟာပါသာဏလိုဏ်ဂူ သိမ်တော်ကြီး၌ ကျင်းပသည်။ တက်ရောက်ကြည်ညို အစည်းအဝေးသို့ နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ ဥက္ကဋ္ဌ၊ မန္တလေးမြို့၊ ဗန်းမော်ကျောင်းတိုက် ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တ ကုမာရာဘိဝံသ အမှူးပြုသည့် နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဝင်ဆရာတော်ကြီးများ ကြွရောက်တော်မူ ကြပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ သာသနာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ် ဒုတိယပါမောက္ခချုပ် (စီမံ) နှင့် တိုင်း ဒေသကြီး/ ပြည်နယ် သာသနာရေးမှူးများ၊ သာသနာ ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ အရာထမ်း/ အမှုထမ်းများ တက်ရောက်ကြည်ညိုကြသည်။ အစည်းအဝေးတွင် နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ ဥက္ကဋ္ဌ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တကုမာရာ ဘိဝံသ က သဘာပတိအဖြစ် ဆောင်ရွက်တော်မူပြီး တွဲဖက်အကျိုးတော်ဆောင်ဆရာတော် ဘဒ္ဒန္တ ဓမ္မာစာရ (အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ) က အခမ်း အနားမှူးအဖြစ် ဆောင်ရွက်တော်မူသည်။ အောင်မြင်ကြောင်း ကြေညာ ရှေးဦးစွာ အခမ်းအနားမှူး ဆရာတော်က အစည်းအဝေး စတင်ကြောင်းနှင့် ကြွရောက်တော် မူလာကြသော နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများ၏ အရေအတွက်ကို ဖတ်ကြား လျှောက်ထားပြီး အစည်းအဝေး ထမြောက် အောင်မြင်ကြောင်း ကြေညာသည်။ ရှေးဦးစွာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော် ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသ က အစည်းအဝေးဖွင့် သာရဏီယ ဩဝါဒကထာကို မြွက်ကြားတော်မူသည်။ (နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော်၏ သာရဏီယ ဩဝါဒကထာကို စာမျက်နှာ - ၆ တွင် သီးခြားဖော်ပြထားပါသည်။) အဆုံးအမဩဝါဒများကို ခံယူ ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးကိုကို က သာသနာရေးဆိုင်ရာများ လျှောက်ထားရာတွင် တပည့်တော်တို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် သာသနာ့ဦးသျှောင် ဆရာတော် ကြီးများ၏ အဆုံးအမဩဝါဒများကို ခံယူလျက် ကျွန်းကိုကိုင်းမှီ ကိုင်းကျွန်းမှီသို့ ပမာမယွင်း အချင်းချင်းလျှင် မှီတင်းယှက်နွှဲ လက်တွဲကြပြီး သဒ္ဓမ္မ သုံးဖြာ သာသနာတော်မြတ်ကြီး မြင့်သည်ထက် မြင့်အောင် ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ပါ ကြောင်း။ ထွန်းလင်းတောက်ပနေဦးမည် မြတ်စွာဘုရားရှင်၏ သာသနာတော်မြတ်ကြီး သည် မူလကပင် သန့်ရှင်းစင်ကြယ်ပြီးဖြစ်ရာ ထိုသို့ သန့်ရှင်းစင်ကြယ်ပြီးသော သာသနာတော်မြတ်ကြီး အတွင်းသို့ မြတ်စွာဘုရားရှင်၏ ဓမ္မဝိနယနှင့် မလျော်သော အယူဝါဒများ၊ ထေရဝါဒပိဋကတ် တော်တွင် ပါဝင်မှုမရှိဘဲ မှားယွင်းစွာ တွေးထွင်ကြံဆ ထားသည့် အယူဝါဒအမှားများကို ရေးသား ဟောပြောနေသော အဓမ္မဝါဒီများ ရောနှောဝင်ရောက် နေခြင်း၊ သန့်ရှင်းစင်ကြယ်သော သံဃာတော်များ အတွင်းသို့ မသန့်ရှင်းသော အလဇ္ဇီ၊ ဒုဿီလပုဂ္ဂိုလ် များ ရောနှောဝင်ရောက်နေခြင်းတို့ကြောင့် သာသနာ တော် သန့်ရှင်းစင်ကြယ်စေရေးအတွက် အဓမ္မဝါဒီ၊ အလဇ္ဇီ၊ ဒုဿီလပုဂ္ဂိုလ်များ ရှင်းလင်းသန့်စင်သွားရန် သက်ဆိုင်ရာ မြို့နယ်၊ တိုင်းဒေသကြီး/ပြည်နယ်၊ နိုင်ငံတော် သံဃဝိနိစ္ဆယအဖွဲ့တို့ကို လိုအပ်သလို ဖွဲ့စည်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ သည်ကို သိရှိရပါကြောင်း၊ ဒေသအာဏာပိုင်များနှင့် တာဝန်ရှိပုဂ္ဂိုလ်များ ပေါင်းစပ်ညှိနှိုင်းကာ ဓမ္မစက်နှင့် အာဏာစက် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ထေရဝါဒ ဗုဒ္ဓသာသနာတော်မြတ်ကြီး သန့်ရှင်းစင်ကြယ်ပြီး ထွန်းလင်းတောက်ပနေဦးမည်ဟု ယုံကြည်မျှော်လင့် ပါကြောင်း။ အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (ဒုတိယအဖွဲ့ခွဲ) ၏ တတိယအကြိမ် တာဝန်ကျရာ ကာလတွင် ကိုကိုးကျွန်းမြို့နယ်မှအပ ရန်ကုန်တိုင်း ဒေသကြီးတစ်ခုလုံးနှင့် အခြားတိုင်းဒေသကြီး/ပြည်နယ်များရှိ အချို့သော မြို့နယ်များကို Stay at Home သတ်မှတ်ကြေညာခဲ့သော်လည်း ဆရာတော် ကြီးများက သာသနာရေးရာ၊ ဝိနိစ္ဆယရေးရာ၊ ပညာ ရေးရာလုပ်ငန်းများကို နှောင့်နှေးမှုမရှိဘဲ အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်တော်မူနိုင်ခဲ့သဖြင့် ကြည်ညို ဝမ်းမြောက်ရပါကြောင်း။ ဖူးမြော်ခွင့်ရရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့ တပည့်တော်တို့ နိုင်ငံတော်အစိုးရအနေဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက် နေ့မှစတင်၍ ရန်ကုန်မြို့၊ ရွှေတိဂုံစေတီတော်မြတ်ကြီး အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးရှိ ဘုရားပုထိုး၊ စေတီတော်များအား ရဟန်း၊ ရှင်၊ လူ ပြည်သူအများ ဖူးမြော်ကြည်ညိုခွင့်ရရှိနိုင်ရေးအတွက် ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ဖူးမြော်ခွင့်ရရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း။ မြတ်စွာဘုရားရှင် ဟောကြားတော်မူခဲ့သည့် ပရိယတ္တိ၊ ပဋိပတ္တိ၊ ပဋိဝေဓ သာသနာတော်သုံးရပ် အနက် “သာသနဋ္ဌိတိယာ ပန ပရိယတ္တိယေဝပမာဏံ” ဟူသော ကျမ်းဂန်စကားအရ “ စာပေကျမ်းဂန် သင်ယူပို့ချခြင်း ပရိယတ္တိသာသနာတော်သည်သာ မြတ်စွာဘုရားရှင်၏ သဒ္ဓမ္မသုံးဖြာ သာသနာတော် မြတ်ကြီး အရှည်ခံ့ တည်တံ့ခြင်း၏ အဓိကပဓာန ဖြစ်ပြီး သာသနာတော်၏ အသက်သွေးကြောသဖွယ် ဖြစ်ကြောင်း” ဆရာတော်ကြီးများ ဟောကြားတော်မူ သည်ကို နာယူမှတ်သားရပါကြောင်း။ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော် ကြီးများ ဦးဆောင်သည့် ပရိယတ္တိ၊ ပဋိပတ္တိသာသနာ့ ဝန်ဆောင် သံဃာတော် အရှင်သူမြတ်တို့က သင်ယူ ပို့ချ ဟောပြောကျင့်ကြံခြင်း၊ တရားတော်ဖြင့် ချီးမြှောက်ခြင်း ဓမ္မာနုဂ္ဂဟဖြင့် စွမ်းစွမ်းတမံ အားသွန် ကြိုးပမ်း ချီးမြှင့်တော်မူကြပြီး တပည့်တော်တို့ နိုင်ငံတော်အစိုးရနှင့် အလှူရှင်ပြည်သူများကလည်း ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး ပစ္စည်းလေးပါး တို့ဖြင့် ထောက်ပံ့အားပေးလှူဒါန်းကြခြင်းဖြင့် ဆရာဒကာ ညီညွတ်စွာ လက်တွဲ၍ ဆောင်ရွက်နိုင်ပါလျှင် ဗုဒ္ဓ မြတ်စွာ သာသနာတော်မြတ်ကြီး ဆက်လက် တည်တံ့ထွန်းလင်းဝေစည်နေဦးမည် ဖြစ်ပါကြောင်း။ မေတ္တာတရားများ ပွားများကျင့်ကြံ နိဂုံးချုပ်အားဖြင့် နိုင်ငံတော်၏ အမြင့်မြတ်ဆုံး ဗုဒ္ဓဘာသာ အဖွဲ့အစည်းဖြစ်သည့် နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ ဆရာတော်ကြီးများ၏ ဩဝါဒနှင့် အညီ တပည့်တော်တို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ ဦးဆောင်သော နိုင်ငံသူ နိုင်ငံသား များအနေဖြင့် ဘုရားရှင်အလိုတော်ကျ ကျင့်ကြံ နေထိုင်ကြလျက် တစ်ဦးနှင့်တစ်ဦး မေတ္တာတရားများ ပွားများကျင့်ကြံနိုင်ကြပြီး အေးချမ်းသာယာနိုင်ကြ ပါစေ၊ ဆရာတော် သံဃာတော် အရှင်သူမြတ်များ လည်း သက်ရှည်ကျန်းမာစွာဖြင့် သာသနာ့တာဝန်ကို ထမ်းဆောင်တော်မူနိုင်ကြပါစေ၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်ကြီးသည်လည်း ကပ်ရောဂါ နှင့် အနှောင့်အယှက်များ ကင်းရှင်းပြီး ငြိမ်းချမ်း သာယာနိုင်ပါစေ၊ ကမ္ဘာသူ ကမ္ဘာသားများအားလုံး ကပ်ရောဂါဘေးမှ ကင်းဝေးချမ်းသာနိုင်ကြ ပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း ဘုရား တပည့်တော်၏ လျှောက်ထားလွှာကို နိဂုံးချုပ်အပ် ပါကြောင်း လျှောက်ထားသည်။ အစည်းအဝေးကို အစီအစဉ် (၈) ရပ်ဖြင့် ဆောင်ရွက်တော်မူကြပြီး နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ တာဝန်ကျအဖွဲ့ခွဲ၏ လုပ်ငန်းတာဝန် များကို ပထမအဖွဲ့ခွဲသို့ သံဃာ့အဖွဲ့အစည်းအခြေခံ စည်းမျဉ်း လုပ်ထုံးလုပ်နည်းများနှင့်အညီ တာဝန် လွှဲပြောင်းပေးအပ်လက်ခံတော်မူခဲ့ကြသည်။ ထို့နောက် အစည်းအဝေးသို့ ကြွရောက်တော် မူလာကြသည့် ဆရာတော်ကြီးများက ဇယန္တော ဗောဓိယာ မူလေ အစချီသော နှစ်ဂါထာကို သုံးကြိမ် ရွတ်ဆိုတော်မူပြီး သာဓုသုံးကြိမ် ခေါ်ဆိုကာ အဋ္ဌမ အကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (၄၇) ပါး စုံညီ ဆဋ္ဌအစည်းအဝေးနှင့် သတ္တမအစည်းအဝေးကို မွန်းလွဲပိုင်းတွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့သည်။ ယနေ့အစည်းအဝေးသို့ ကြွရောက်တော်မူ လာကြသော နိုင်ငံတော်သံဃမဟာနာယက ဆရာ တော်ကြီးများအား တစ်နေ့တာ အလှူရှင်အဖြစ် ဦးထင်အောင် + ဒေါ်သီတာအောင် မိသားစုက ဆက်ကပ်လှူဒါန်းကြသည်။ သတင်းစဉ်