အထည်အလိပ်ကဏ္ဍသည် လုပ်သားအခြေပြုစက်မှုလုပ်ငန်းဖြစ်၍ ဖွံ့ဖြိုးတိုးတက်အောင် ကြိုးစားဆောင်ရွက်ရမည်

နေပြည်တော်   ဒီဇင်ဘာ    ၂၃


စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်းသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်း ဒေသကြီး သန်လျင်မြို့နယ်ရှိ စက်မှုဝန်ကြီးဌာနမှ မိဘဂုဏ်ရည်ကုမ္ပဏီ၊ ရွှေစကားကုမ္ပဏီလီမိတက်၊ မြတ်မိဘကုမ္ပဏီလီမိတက်၊ Leader One Co., Ltd. တို့သို့  ငှားရမ်းထားသည့်  စက်ရုံများသို့ရောက်ရှိပြီး    အဝတ်အထည်များ ချုပ်လုပ်နေသည့် လုပ်ငန်းစဉ် အဆင့်ဆင့်တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။


အထည်အလိပ်မူဝါဒ ‌ပြဋ္ဌာန်းထုတ်ပြန်နိုင်ရေး


ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက  စက်ရုံငှားရမ်းသည့် ကုမ္ပဏီများအနေဖြင့် ဒေသခံများ ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကို ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ အထည်အလိပ် ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမျိုးသားအဆင့် အထည်အလိပ်မူဝါဒ(National Textile Policy)ကို  ပြဋ္ဌာန်းထုတ်ပြန်နိုင်ရေးအတွက်   ရေးဆွဲလျက်ရှိ ကြောင်း၊    အထည်အလိပ်ကဏ္ဍသည်   လုပ်သား အခြေပြုစက်မှုလုပ်ငန်းဖြစ်၍ ဖွံ့ဖြိုးတိုးတက်အောင် ကြိုးစားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊   အထည် အလိပ်လုပ်ငန်း  ဖွံ့ဖြိုးတိုးတက်လျှင်  ထုတ်လုပ်မှု ကွင်းဆက်(Supply Chain)တစ်လျှောက်  ပါဝင် လုပ်ကိုင်သူများ အလုပ်အကိုင် အခွင့်အလမ်းရရှိ၍ လူနေမှုအဆင့်အတန်းများလည်း တိုးတက်လာမည် ဖြစ်ကြောင်း၊   စက်ရုံငှားရမ်းကုမ္ပဏီများအနေဖြင့် ရရှိသည့် အမြတ်အစွန်းမှ အချို့ကို ဝန်ထမ်းများ၏ သက်သာချောင်ချိရေး        လုပ်ငန်းများအတွက် ဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားသည်။


အဆိုပါ အထည်ချုပ်စက်ရုံများတွင် ဝန်ထမ်း ၃၀၀၀ ခန့်ဖြင့် လုပ်ငန်းများ လည်ပတ်ဆောင်ရွက် လျက်ရှိပြီး     အမျိုးသမီးဝတ်အထည်အမျိုးမျိုး၊ အနွေးဂျာကင်များ၊ ဘောင်းဘီရှည်များ ထုတ်လုပ်၍ ကိုရီးယား၊ ဂျပန်၊ ဥရောပ နိုင်ငံများသို့ တင်ပို့လျက်ရှိ သည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မြန်မာ နိုင်ငံ     အထည်ချုပ်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ အလုပ်အမှုဆောင် အဖွဲ့ဝင်များနှင့်တွေ့ဆုံပြီး အထည် ချုပ်လုပ်ငန်းကဏ္ဍလက်ရှိအခြေအနေ၊ စိန်ခေါ်မှုများ နှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးကြရာ ပြည်ထောင်စု ဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
မွန်းလွဲပိုင်းတွင်    ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး တောင်ဒဂုံမြို့နယ်ရှိ အမှတ် (၂၄)အကြီးစားစက်ရုံသို့ ရောက်ရှိပြီး စက်ရုံရှိ အရင်း အမြစ်များကို အကျိုးရှိအောင် စီမံဆောင်ရွက်ရန်၊ ဝန်ထမ်းများ၏ စွမ်းဆောင်ရည် မြှင့်တင်ရေးလုပ်ငန်း များကို စီမံချက်များချမှတ်ဆောင်ရွက်ရန်၊ ကျေးလက် မီးလင်းရေးလုပ်ငန်းများတွင်    အထောက်အကူပြု မည့် အရည်အသွေးမီ ဆိုလာပြားများ ထုတ်လုပ်နိုင် ရေး ကြိုးစားဆောင်ရွက်ရန်၊ နိုင်ငံပိုင်မြေ၊ အဆောက် အအုံ၊  စက်ပစ္စည်းများနှင့်ပတ်သက်သည့် ပုံသေပိုင် ပစ္စည်းများ စီမံခန့်ခွဲမှုစနစ် (Asset Management) ကို စနစ်တကျ‌ဆောင်ရွက်ရန်၊ လုပ်ငန်းတာဝန်များ ကို Business Plan  များ ရေးဆွဲဆောင်ရွက်ရန်တို့ကို မှာကြားပြီး စက်ရုံအတွင်း ကုန်ထုတ်လုပ်မှုလုပ်ငန်း စဉ်အဆင့်ဆင့်တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ ကြောင်း သိရသည်။                       

       သတင်းစဉ်