အသံတိတ်သပိတ်ဆင်နွှဲရန် အတင်းအဓမ္မခြိမ်းခြောက်ထားသည့်ကြားမှ နိုင်ငံတစ်ဝန်းသွားလာလှုပ်ရှားနေမှုပုံရိပ်များ

 

နေပြည်တော်    ဒီဇင်ဘာ    ၁၀


နိုင်ငံတော်က  အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာထားသော NUG နှင့်  CRPH အဖွဲ့က  ဒီဇင်ဘာ ၁၀ ရက်ကို    အသံတိတ်သပိတ် (Silent  Strike  Day)  သတ်မှတ်၍ ပြည်သူများ  အပြင်မထွက်ရန် လေလှိုင်းပေါ်မှ ထုတ်ပြန်ချက်အမျိုးမျိုးဖြင့်  ခြိမ်းခြောက်မှုများ ပြုလုပ် ခြင်းကြောင့် ယနေ့တွင် မြို့ကြီးအချို့နှင့် ဒေသအချို့၌  ဈေးဆိုင် များ ပိတ်ထားခြင်း၊  ကျောင်းသား    ကျောင်းသူများ ကျောင်းမတက် ခြင်း၊   ပြည်သူများ  သွားလာလှုပ်ရှားမှု    နည်းပါးခြင်းများ  ရှိခဲ့ သည်။

 

သို့ရာတွင် ထိုကဲ့သို့ ဈေးဆိုင်များပိတ်ခြင်း၊ ကျောင်းမတက်ခြင်း၊ သွားလာလှုပ်ရှားမှုနည်းပါးခြင်းမှာ  အကြမ်းဖက်အဖွဲ့များ  လိုလား သည့်အတိုင်း လက်ရှိအစိုးရအား ဆန့်ကျင်သည့်အနေဖြင့်  အသံတိတ် သပိတ်တွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းမဟုတ်ဘဲ   အကြမ်းဖက် သမားများ၏ လက်နက်အားကိုးဖြင့် ဒလန်ဟု အဓမ္မစွပ်စွဲကာ နိုင်ထက် စီးနင်း ပြုလုပ်မည့်အန္တရာယ်ကြောင့်  သွားလာလှုပ်ရှားမှုကို ဆင်ခြင် လိုက်ရခြင်းသာဖြစ်‌ကြောင်း  ပြည်သူအများစုက   ပြောကြားကြ သည်။  

 


နိုင်ငံတစ်ဝန်းရှိ နယ်မြေဒေသအသီးသီး၌  ယနေ့တွင်  ပုံမှန်နီးပါး ဈေးများ ဖွင့်လှစ်ရောင်းချခြင်း၊ ကျောင်းများဖွင့်လှစ်ခြင်း၊ သွားလာ လှုပ်ရှားခြင်း၊ ကိုဗစ် - ၁၉ ကာကွယ်ဆေးထိုးနှံခြင်းများ ပြုလုပ်လျက် ရှိသည်ကို အောက်ပါအတိုင်း မြင်တွေ့ရသည်-
 

သတင်းစဉ်