
နေပြည်တော် ဇူလိုင် ၂
ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြန်မာ နိုင်ငံဘောလုံး အဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသော ၂၀၂၁ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်(၂၁) နှစ်အောက် (အမျိုး သား) ဘောလုံးပြိုင်ပွဲများကို နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ အားကစား လေ့ကျင့်ရေးကွင်း များ၌ ကျင်းပရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမျိုးလှိုင် တက်ရောက် ကြည့်ရှုအားပေးသည်။
ယနေ့ညနေပိုင်းတွင် ဝဏ္ဏ သိဒ္ဓိ အားကစားလေ့ကျင့်ရေး ကွင်း(၁)နှင့် ကွင်း(၃)တို့၌ အုပ်စု (က)နောက်ဆုံးပွဲစဉ် ဖြစ်သော ကရင်ပြည်နယ်အသင်းနှင့် ရှမ်း ပြည်နယ်အသင်းတို့ ယှဉ်ပြိုင် ကစားကြရာ ကရင်ပြည်နယ် အသင်းက ခြောက်ဂိုး- တစ်ဂိုးဖြင့် လည်းကောင်း၊ ရန်ကုန်တိုင်း ဒေသကြီးအသင်းနှင့် ရခိုင် ပြည်နယ်အသင်းတို့ ယှဉ်ပြိုင် ကစားကြရာ ရန်ကုန်တိုင်းဒေသ ကြီး အသင်းက သုံးဂိုး- နှစ်ဂိုးဖြင့် လည်းကောင်း အနိုင်ရရှိခဲ့ကြပြီး ကွာတားဖိုင်နယ်ပွဲစဉ်သို့ ကရင် ပြည်နယ်အသင်းနှင့် ရန်ကုန်တိုင်း ဒေသကြီးအသင်းတို့ တက်ရောက် သွားကြောင်း သိရှိရသည်။
ထို့အတူ ဇူလိုင် ၃ ရက် ပွဲစဉ်များအဖြစ် နံနက် ၇ နာရီတွင် ဝဏ္ဏသိဒ္ဓိ အားကစားလေ့ကျင့် ရေးကွင်း(၃)၌ ပဲခူးတိုင်းဒေသကြီး အသင်းနှင့် မန္တလေးတိုင်းဒေသ ကြီးအသင်း၊ ညနေပိုင်းတွင် ဝဏ္ဏသိဒ္ဓိအားကစား လေ့ကျင့်ရေး ကွင်း(၁)နှင့် ကွင်း(၃)တို့၌ မွန်ပြည်နယ်အသင်းနှင့် ကယား ပြည်နယ်အသင်း၊ မကွေးတိုင်း ဒေသကြီး အသင်းနှင့် တနင်္သာရီ တိုင်းဒေသကြီး အသင်းတို့ ယှဉ်ပြိုင် ကစားသွားကြမည် ဖြစ်ရာ ဘောလုံးအားကစားနည်း ကို စိတ်ပါဝင်စားသော မိဘ ပြည်သူများအနေဖြင့် အခမဲ့ လာရောက် ကြည့်ရှုနိုင်ကြောင်း သိရသည်။
သတင်းစဉ်