
မော်လမြိုင် ဩဂုတ် ၈
၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အခမ်းအနားသို့ မွန်ပြည်နယ် ကိုယ်စားပြု တက်ရောက်မည့် ထူးချွန်လူငယ် များအား ဩဝါဒအမှာစကား ပြောကြားခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပြည်နယ် အစိုးကအဖွဲ့ရုံး အောင်ဆန်းခန်းမ ၌ ကျင်းပသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ အရည်အချင်းရှိသည့် လူငယ်များ နှင့် တွေ့ဆုံပြီး အသိပညာ ဗဟုသုတများ နှီးနှောဖလှယ်ခွင့် ရရှိပြီး ပိုမိုကောင်းမွန်သည့် အသိပညာနှင့် ဗဟုသုတများကို လူငယ်ထုကြား မျှဝေပေးနိုင်ရေး ကို အဓိကထား ဆောင်ရွက်ပေးစေ လိုကြောင်း၊ ပြည်နယ်ကိုယ်စားပြု မောင်/မယ်များအနေဖြင့် အသိ ပညာ၊ အတတ်ပညာများ ပိုမို တိုးပွားအောင် မွန်ပြည်နယ်၏ ဂုဏ်ကို ဆောင်နိုင်အောင် စည်းကမ်းရှိရှိ စည်းစည်းလုံးလုံး နှင့် လေ့လာမှတ်သားကြရန်နှင့် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းများကို ဘက်ပေါင်းစုံ မှ ဟန်ချက်ညီညီ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီး ချုပ်က ၂၀၂၄ ခုနှစ် အပြည်ပြည် ဆိုင်ရာ လူငယ်များနေ့ အခမ်း အနားသို့ မွန်ပြည်နယ်ကိုယ်စားပြု တက်ရောက်မည့် ထူးချွန်လူငယ် များအတွက် ထောက်ပံ့ငွေကျပ် ၈၆၉၇၀၀၀ ကို ထောက်ပံ့ ပေးအပ်ပြီး ထူးချွန်လူငယ်များ အား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်အားပေးကာ လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးကြောင်း သိရ သည်။
သက်နိုင်(မော်လမြိုင်)