
နေပြည်တော် ဖေဖော်ဝါရီ ၂၂
မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား မြန်မာနိုင်ငံတွင် ထေရဝါဒ ဗုဒ္ဓသာသနာတော် ထွန်းလင်းတောက်ပလျက်ရှိသည်ကို ကမ္ဘာကို ပြသရန်၊ တိုင်းပြည်အေးချမ်းသာယာမှုရှိစေရန်၊ ရုပ်ပွားတော်မြတ်ကြီး အား ပြည်တွင်း၊ ပြည်ပ ဘုရားဖူးများ လာရောက်ခြင်းဖြင့် ဒေသ တိုးတက်စည်ကားမှုကို အထောက်အကူဖြစ်စေရန်၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှုအား အထောက်အကူဖြစ်စေရန် ရည်သန်လျက် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်အတွင်း၌ သာသနာတော်ထုံး၊ ရုပ်ပွားဆင်းတုတော်ထုံး၊ မြန်မာ့ရိုးရာ တည်ထုံး များနှင့်အညီ တည်ဆောက်ပူဇော်လျက်ရှိပါသည်။
ထိုကဲ့သို့ တည်ဆောက်ပူဇော်လျက်ရှိရာတွင် ကျောက်စာရုံ စေတီလှူဒါန်းနိုင်သည့်အရေအတွက် အဆူ ၇၂ဝတွင် စေတနာရှင် အလှူရှင်များက ၇၁၇ ဆူအား လှူဒါန်းပြီးဖြစ်ပါသည်။
သို့ဖြစ်ပါ၍ လှူဒါန်းရန်ကျန်ရှိနေသည့် ကျောက်စာရုံစေတီ သုံးဆူအား စေတီတစ်ဆူလျှင် ငွေကျပ် ၂၇၉ သိန်းနှုန်းဖြင့် လှူဒါန်း ပူဇော်နိုင်ရေး ဒုတိယဗိုလ်မှူးကြီးအောင်ကျော်ဇော (ဖုန်း-ဝ၉-၆၅၀၁ ၉၉၉၉၆၊ ၀၃၆-၃၁ဝဝ၅) နှင့် ဒေါ်အေးအေးကြည် (ဖုန်း-ဝ၉-၄၂၉၇၂၂ ၅၄၈၊ ၀၉-၂၅၅၈၂၅၂၁၆) တို့သို့ ဆက်သွယ်စုံစမ်းနိုင်ပါကြောင်း နိဗ္ဗာန် အကျိုးမျှော်၍ အသိပေးနှိုးဆော်အပ်ပါသည်။
သတင်းစဉ်