
(၇၈) နှစ်မြောက်၊ တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားအား ၂၇-၃-၂၀၂၃ ရက်တွင် ကျင်းပပြုလုပ်မည်ဖြစ်သဖြင့် အဆိုပါနေ့ရက် တွင် ရန်ကုန် - မန္တလေးလမ်းဟောင်း၊ ပျဉ်းမနားမြို့နယ်၊ ဘောဂသီရိမီးပွိုင့်မှ ဇေယျာသီရိမြို့နယ်၊ သိုက်ချောင်းလမ်းဆုံမီးပွိုင့်အထိ ယာဉ် သွားလာမှုအား နံနက် (၀၀၀၅) အချိန်မှ (၁၀၀၀) အချိန်အထိ ခေတ္တလမ်းပိတ်/ လမ်းလွှဲဆောင်ရွက်သွားမည်ဖြစ်သဖြင့် မော်တော်ယာဉ် မောင်းနှင်သွားလာနေကြသည့် ယာဉ်မောင်းများအနေဖြင့် ၎င်းနေ့တွင် နေပြည်တော် ၊ ဇေယျာသီရိမြို့နယ်၊ သိုက်ချောင်းလမ်းဆုံမီးပွိုင့် မှ နိဗ္ဗာန်လမ်း(မြို့ပတ်လမ်း) အတိုင်း ခွာညိုပန်းအဝိုင်းအထိ၊ ၎င်းမှ ရာဇသင်္ဂဟလမ်းအတိုင်း၊ ကုမုဒြာကြာပန်းအဝိုင်းအထိ၊ ရာဇဌာနီလမ်း အတိုင်း ပျဉ်းမနားမြို့နယ်၊ ပန်းခင်းလမ်းမီးပွိုင့် - ဘောဂသီရိမီးပွိုင့်မှတစ်ဆင့် ရန်ကုန် - မန္တလေးလမ်းဟောင်းမှ လမ်းလွှဲမောင်းနှင်ပေး ကြပါရန် သတိပေးနှိုးဆော်အပ်ပါသည်။
နေပြည်တော်ယာဉ်စည်းကမ်းထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီ