အသိပေးနှိုးဆော်ချက်

 

(၇၈) နှစ်မြောက်၊ တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားအား ၂၇-၃-၂၀၂၃ ရက်တွင်  ကျင်းပပြုလုပ်မည်ဖြစ်သဖြင့်  အဆိုပါနေ့ရက်  တွင်  ရန်ကုန် - မန္တလေးလမ်းဟောင်း၊ ပျဉ်းမနားမြို့နယ်၊ ဘောဂသီရိမီးပွိုင့်မှ ဇေယျာသီရိမြို့နယ်၊  သိုက်ချောင်းလမ်းဆုံမီးပွိုင့်အထိ ယာဉ်  သွားလာမှုအား နံနက် (၀၀၀၅) အချိန်မှ (၁၀၀၀) အချိန်အထိ ခေတ္တလမ်းပိတ်/ လမ်းလွှဲဆောင်ရွက်သွားမည်ဖြစ်သဖြင့်  မော်တော်ယာဉ် မောင်းနှင်သွားလာနေကြသည့် ယာဉ်မောင်းများအနေဖြင့် ၎င်းနေ့တွင် နေပြည်တော် ၊ ဇေယျာသီရိမြို့နယ်၊  သိုက်ချောင်းလမ်းဆုံမီးပွိုင့် မှ နိဗ္ဗာန်လမ်း(မြို့ပတ်လမ်း)  အတိုင်း  ခွာညိုပန်းအဝိုင်းအထိ၊  ၎င်းမှ  ရာဇသင်္ဂဟလမ်းအတိုင်း၊ ကုမုဒြာကြာပန်းအဝိုင်းအထိ၊  ရာဇဌာနီလမ်း အတိုင်း  ပျဉ်းမနားမြို့နယ်၊  ပန်းခင်းလမ်းမီးပွိုင့် - ဘောဂသီရိမီးပွိုင့်မှတစ်ဆင့် ရန်ကုန် - မန္တလေးလမ်းဟောင်းမှ   လမ်းလွှဲမောင်းနှင်ပေး ကြပါရန် သတိပေးနှိုးဆော်အပ်ပါသည်။
        နေပြည်တော်ယာဉ်စည်းကမ်းထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီ