
နေပြည်တော် ဩဂုတ် ၂၃
အာရှ-ပစိဖိတ် ပူးတွဲအဖွဲ့ (Asia Pacific Joint Group – AP JG) ၏ မြန်မာနိုင်ငံ ငွေကြေးခဝါချမှု နှင့် အကြမ်းဖက်မှုကို ငွေကြေး ထောက်ပံ့မှုတိုက်ဖျက်ရေး (Anti-Money Laundering and Countering the Financing of Terrorism-AML/CFT) လုပ်ငန်း စဉ်များအပေါ် အကဲဖြတ်ခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ၏ တိုးတက် ဆောင်ရွက်ချက်များ ဆွေးနွေးခြင်း ဆိုင်ရာ အစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီခွဲတွင် မြန်မာနိုင်ငံ တော်ဗဟိုဘဏ်၌ Video Confe-rencing စနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးသို့ ငွေကြေး ဆိုင်ရာ အရေးယူဆောင်ရွက်ရေး အဖွဲ့ (Financial Action Task Force-FATF) နှင့် အာရှ-ပစိဖိတ် ဒေသ ငွေကြေးခဝါချမှုတိုက်ဖျက် ရေးအဖွဲ့ (Asia Pacific Group-APG) အတွင်းရေးမှူးအဖွဲ့မှ ပုဂ္ဂိုလ်များနှင့် AP JG အဖွဲ့ဝင်နိုင်ငံ များမှ ကိုယ်စားလှယ်များ၊ မြန်မာ နိုင်ငံဘက်မှ မြန်မာနိုင်ငံတော်ဗဟို ဘဏ် ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ ဦးဆောင်၍ ဥပဒေရေးရာဝန်ကြီး ဌာန၊ အဂတိလိုက်စားမှုတိုက်ဖျက် ရေးကော်မရှင်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ပြည်ထောင်စု တရားစီရင်ရေး ကြီးကြပ်မှုရုံး၊ ငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေး ဦးစီးဌာန၊ ပြည်တွင်းအခွန်များ ဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ သစ်တော ဦးစီးဌာန၊ မြန်မာ့ကျောက်မျက် ရတနာရောင်းဝယ်ရေးလုပ်ငန်းနှင့် ငွေကြေးဆိုင်ရာ စုံစမ်းထောက် လှမ်းရေးအဖွဲ့တို့မှ ကိုယ်စားလှယ် များ တက်ရောက်ကြသည်။
အစည်းအဝေးတွင် AP JG အဖွဲ့၏ Co chair ဖြစ်သူ အိန္ဒိယ နိုင်ငံမှ Mr. Yogpal Singh နှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေတို့က အဖွင့် အမှာစကား ပြောကြားသည်။ မြန်မာနိုင်ငံ၏ AML/CFT ဆိုင်ရာ တိုးတက် ဆောင်ရွက်မှုများ အား ဆွေးနွေးပြောကြားရာတွင် ငွေကြေးခဝါချမှုနှင့် ပတ်သက် သည့် ဆုံးရှုံးနိုင်ခြေအန္တရာယ်များ အား အထောက်အထားများကို အခြေခံ၍ စနစ်တကျ ချဉ်းကပ် ဆောင်ရွက်ခြင်း၊ ဆုံးရှုံးနိုင်ခြေ အန္တရာယ်များ လျော့ပါးစေရန် ဆောင်ရွက်ခြင်း၊ အသိပညာ မြှင့်တင်ရေးလုပ်ငန်းများ ဆောင် ရွက်ခြင်း၊ သက်ဆိုင်ရာကဏ္ဍ အလိုက် ကုမ္ပဏီအဖွဲ့အစည်းများ အပေါ် အပြည့်အဝ အရေးယူနိုင် သည့် ကြီးကြပ်ရေးအာဏာပိုင် အသစ်များ ပြောင်းလဲပြင်ဆင် ခန့်အပ်၍ ကြီးကြပ်သည့်လုပ်ငန်း များ စနစ်တကျ ချဉ်းကပ်ဆောင် ရွက်ခြင်း၊ တရားဥပဒေစိုးမိုးရေး အဖွဲ့အစည်းများက စုံစမ်းစစ်ဆေး ခြင်း၊ သိမ်းဆည်းခြင်းတို့တွင် ပြည့်စုံစွာဖော်ပြနိုင်ရေး ဆောင် ရွက်ခြင်း၊ ပစ္စည်းများစီမံခန့်ခွဲမှု နှင့်ပတ်သက်၍ ဥပဒေမူကြမ်း ရေးဆွဲရေးကော်မတီက မူကြမ်း ရေးဆွဲခြင်း၊ အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက် ရေးနှင့် ကုလသမဂ္ဂလုံခြုံရေး ကောင်စီ ဆုံးဖြတ်ချက်များနှင့် အညီ လူအများအပြားသေကျေ စေသော လက်နက်များပြန့်ပွား ရေးကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးနှင့် သက်ဆိုင် သည့် အသိပညာပေးရေးဆိုင်ရာ တိုးတက် ဆောင်ရွက်မှုများနှင့် ဘဏ်နှင့် ငွေရေးကြေးရေးအဖွဲ့ အစည်းများ၏ လိုက်နာမှုကို ကွင်းဆင်းစစ်ဆေးခြင်း စသည့် ကိစ္စရပ်များအား နှစ်ဖက်အပြန် အလှန် ဆွေးနွေးကြသည်။
မြန်မာဘက်အနေဖြင့် FATF မှ အကြံပြုထားသည့် Action Plan ပါ အားနည်းချက်များကို ပြည့်စုံစွာ ပြင်ဆင်ဆောင်ရွက် ထားရှိပြီးဖြစ်၍ ကြီးမားစွာ လိုက်နာဆောင်ရွက်မှု အဆင့်သို့ တိုးမြှင့်ပေးစေလိုကြောင်း AP JG အဖွဲ့သို့ တောင်းဆိုခဲ့ကြောင်း သိရသည်။
သတင်းစဉ်