အသေးစားငွေရေးကြေးရေး လုပ်ငန်းကြီးကြပ်မှုကော်မတီ အစည်းအဝေး (၁/၂၀၂၁) ကျင်းပ တိုင်းဒေသကြီး/ ပြည်နယ် ၁၅ ခုရှိ အသင်းဝင်ဦးရေ ၅ ဒသမ ၅၀၈ သန်းကို ငွေကြေးဝန်ဆောင်မှုပေးလျက်ရှိ

 

နေပြည်တော်    ဒီဇင်ဘာ    ၁၀


ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေး တို့ကို   အထောက်အကူဖြစ်စေမည့်   ဝင်ငွေနည်း ပြည်သူများ    ငွေကြေးဝန်ဆောင်မှုကို   လွယ်ကူ သက်သာစွာရရှိရေးကို  နိုင်ငံတော်မှ   အလေးထား ဆောင်ရွက်လျက်ရှိရာ    အဆိုပါလုပ်ငန်းစဉ်များ ကြီးကြပ်ကွပ်ကဲ  အကောင်အထည်ဖော် ဆောင်ရွက် သည့် အသေးစားငွေရေးကြေးရေးလုပ်ငန်း ကြီးကြပ်မှု ကော်မတီ၏ အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၁) ကို ယနေ့မွန်းလွဲ ၁ နာရီတွင် စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 


ငွေကြေးဝန်ဆောင်မှုပေး


အစည်းအဝေးတွင် အသေးစားငွေရေးကြေးရေး လုပ်ငန်းကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီး  ဦးဝင်းရှိန်က  အသေးစားငွေရေးကြေးရေး လုပ်ငန်းဥပဒေကို ၂၀၁၁ ခုနှစ် တွင် ပြဋ္ဌာန်းခဲ့ပြီးနောက်  ကျေးလက်နှင့်  မြို့ပြနေ   ဝင်ငွေနည်းပြည်သူများ၊ အသေးစားနှင့်   အလတ်စားစီးပွားရေးလုပ်ငန်းများအတွက် တရားဝင် ငွေကြေးဝန်ဆောင်မှုကို ကုန်ကျ စရိတ် သက်သာစွာနှင့် လွယ်ကူစွာရရှိနိုင်ရေးအတွက် အသေးစား    ငွေရေးကြေးရေးဝန်ဆောင်မှုများကို ပံ့ပိုးပေးလျက်ရှိကြောင်း၊ ယခုအချိန်အထိ အသေးစား ငွေရေးကြေးရေးလုပ်ငန်း     လုပ်ကိုင်ခွင့်ပြုပြီးသည့် INGO နှစ်ဖွဲ့၊ NGO ခြောက်ဖွဲ့၊ ပြည်ပကုမ္ပဏီ  ၅၃ ခု၊ ပြည်တွင်းကုမ္ပဏီ  ၁၁၇ ခု၊ အစုစပ်ကုမ္ပဏီ  ရှစ်ခု စုစုပေါင်း  ၁၈၆  ဖွဲ့ရှိနေပြီး  မတည်ငွေရင်း ငွေကျပ်  ၈၂၂ ဒသမ ၇၉၆ ဘီလီယံ၊ ထုတ်ချေးငွေ လက်ကျန် ကျပ်  ၂၄၃၃ ဒသမ ၇၉၃ ဘီလီယံဖြင့် တိုင်းဒေသကြီး/ ပြည်နယ် ၁၅ ခုရှိ မြို့နယ်ပေါင်း ၂၅၉ မြို့နယ်၊ ရပ်ကွက်  ၂၁၇၂ ရပ်ကွက်၊ ကျေးရွာပေါင်း ၂၇၂၃၆ ရွာရှိ   အသင်း ဝင် ဦးရေ    ၅  ဒသမ  ၅၀၈ သန်းကို ငွေကြေးဝန်ဆောင်မှု ပေးလျက်ရှိကြောင်း၊ အသေးစား ငွေရေးကြေးရေးလုပ်ငန်းကဏ္ဍအနေဖြင့် အရွယ်ရောက်ပြီးသူဦးရေ၏  ၁၆ ဒသမ ၀၆ ရာခိုင်နှုန်းကို ငွေကြေးဝန်ဆောင်မှု ပေးနိုင်သည့် အခြေအနေ ဖြစ်ကြောင်း။

 


ရွှေ့ဆိုင်းချေးငွေများ ထုတ်ချေး


ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် လုပ်ငန်းများ ပုံမှန်မဆောင်ရွက်နိုင်စဉ်ကာလအတွင်း ကိုဗစ်-၁၉ Economic Relief Plan (CERP) အရ မြန်မာ့စီးပွားရေး ဘဏ်မှတစ်ဆင့် အသေးစား ငွေရေးကြေးရေးအဖွဲ့ အစည်းများသို့  စီးပွားရေးချေးငွေ  (Commercial Loan) ကာလတို   သုံးနှစ်   ချေးငွေထုတ်ချေးခြင်း၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်း အခြေတကျဆိုင်ဖွင့်ရောင်းချလျက် ရှိသော  လက်ဖက်ရည်ဆိုင်၊   စားသောက်ဆိုင်ငယ် များသို့ အထူးသက်သာသောအတိုးနှုန်းဖြင့် ချေးငွေ ထုတ်ချေးခြင်း၊ ကိုဗစ်-၁၉ ဒုတိယ လှိုင်းကာလတွင် ထိခိုက်မှု အများဆုံးဖြစ်ခဲ့သည့် ပဲခူးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် လုပ်ငန်းလုပ်ကိုင်နေသည့် အသေးစားငွေရေးကြေးရေး အဖွဲ့အစည်းများသို့ ရွှေ့ဆိုင်းချေးငွေများ ထုတ်ချေး ပေးခဲ့ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း။

 


အဆိုပါချေးငွေများရယူထားသည့်  အသေးစား ငွေရေးကြေးရေးအဖွဲ့အစည်းများအနေဖြင့် သတ်မှတ် ကာလအတွင်း   ချေးငွေပြန်လည်ပေးဆပ်ရာတွင် အခြေအနေလိုအပ်ချက်အရ    ချေးငွေသက်တမ်း တိုးမြှင့်ခြင်းများ    ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မြန်မာနိုင်ငံ အသေးစားငွေရေးကြေးရေး လုပ်ငန်းများ ကူညီရေးအသင်းအနေဖြင့်လည်း အသေးစားငွေရေး  ကြေးရေးအဖွဲ့အစည်းများ လုပ်ငန်းဆောင်ရွက်ရာ တွင်   တွေ့ကြုံရသော  အခက်အခဲများကို မြေပြင် လက်ရှိအခြေအနေများနှင့် ပေါင်းစပ်ညှိနှိုင်းဖြေရှင်း ပေးရန်    လိုအပ်ပါကြောင်း၊   အသေးစားငွေရေး ကြေးရေးလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း များ  ရေရှည်ရပ်တည်  ဆောင်ရွက်နိုင်ရေးအတွက် ပံ့ပိုးကူညီကြရန်ဖြစ်ကြောင်း ပြောကြားသည်။

 


ရှင်းလင်းတင်ပြ


ဆက်လက်၍     အသေးစားငွေရေးကြေးရေး လုပ်ငန်းကြီးကြပ်မှုကော်မတီ၊ ဒုတိယဥက္ကဋ္ဌ၊ စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး  ဦးမောင် မောင်ဝင်းက  အသေးစားငွေရေးကြေးရေးလုပ်ငန်း ကဏ္ဍ၏ လက်ရှိလုပ်ငန်းဆောင်ရွက်မှု အခြေအနေ များကို ရှင်းလင်းတင်ပြသည်။

 


ထို့နောက် အသေးစားငွေရေးကြေးရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီ    အတွင်းရေးမှူး၊   ငွေရေး ကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြား ရေးမှူးချုပ်    ဦးဇော်နိုင်က    အသေးစားငွေရေး ကြေးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီသို့ တင်ပြ သည့် လိုင်စင်လျှောက်ထားမှုများ၊ အမြဲတမ်းလိုင်စင်  ထုတ်ပေးရေး၊ အပ်ငွေလက်ခံသည့် အသေးစားငွေရေး ကြေးရေးအဖွဲ့အစည်းအဖြစ်ခွင့်ပြုရေး       စသည့် ဆုံးဖြတ်ရန်အချက်များနှင့် မှတ်တမ်းတင်ရန်အချက် များကို တင်ပြသည်။

 


ယင်းနောက်  မြန်မာနိုင်ငံ   အသေးစားငွေရေး ကြေးရေးလုပ်ငန်းများ ကူညီရေးအသင်းက  အသေး စား     ငွေရေးကြေးရေးလုပ်ငန်းအဖွဲ့အစည်းများ ကြုံတွေ့ရသော အခက်အခဲများ၊ ဖြေရှင်းဆောင်ရွက် ပေးရန်လိုအပ်သည့်    အချက်များနှင့်   စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။ 

 


စိစစ်သုံးသပ်ဆောင်ရွက်ပေး


ဆက်လက်၍     အသေးစားငွေရေးကြေးရေး လုပ်ငန်းကြီးကြပ်မှုကော်မတီဝင်များက အသေးစားငွေရေးကြေးရေးလုပ်ငန်းဆောင်ရွက်နေသည့် အဖွဲ့ အစည်းများနှင့်   ကုမ္ပဏီများမှ   တင်ပြထားသည့် အဆိုပြုချက်များအပေါ် အသေးစိတ်ညှိနှိုင်းဆွေးနွေး ကြပြီး ကော်မတီမှ စိစစ်သုံးသပ်ဆောင်ရွက်ပေးသည်။ 

 


ထို့နောက် ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က နိဂုံးချုပ်ပြောကြားရာတွင် အသေးစားငွေရေးလုပ်ငန်းအဖွဲ့အစည်းများအနေဖြင့်   လူထု လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရေးအတွက် ချေးငွေ များထုတ်ချေးရာတွင် သတ်မှတ်စည်းမျဉ်းစည်းကမ်း များနှင့်အညီ    စနစ်တကျ      ဆောင်ရွက်ပေးရန် လိုကြောင်း၊ ငွေချေးယူသူများအနေဖြင့်လည်း ချေးယူ ထား သည့်ချေးငွေများအား သတ်မှတ်ချိန်အတွင်း ပြန်လည်ပေးဆပ်နိုင်ရေးအတွက်        သက်ဆိုင်ရာ အသေးစား    ငွေရေးကြေးရေးအဖွဲ့အစည်းများက ကြုံတွေ့နေရသည့်အခြေအနေများအား  ဆက်စပ် စဉ်းစား၍ သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်း များနှင့်အညီ   ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ ပြည်သူလူထုအတွက်   အထောက်အကူဖြစ်စေမည့် အသေးစားငွေရေးကြေးရေးလုပ်ငန်းများဖြစ်စေရေးအတွက် အားလုံးပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်း ပြောကြားခဲ့ကြောင်း သိရသည်။  

 

သတင်းစဉ်