
တပ်ကုန်း မတ် ၂၃
အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန(ရုံးချုပ်) နေပြည်တော်မှ ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံ) ဦးကျော်ဇင်လတ်နှင့် အဖွဲ့သည် ယမန်နေ့က အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာန အောက် ရှိ ဆောင်းဒါးရက်ကန်းနှင့် အသက်မွေးပညာသိပ္ပံနှင့် အသက် မွေးပညာ ရက်ကန်းကျောင်း ၁၃ ကျောင်းတို့တွင် ကုန်ကြမ်းချည်အခက်အခဲများဖြစ်ပေါ်မှုအတွက် ချည်မျှင်ရရှိမှု၏ အရင်းအမြစ် များဖြစ်သော ဝါ၊ ဝါကြိတ်စက် နှင့် ချည်မျှင်ထုတ်လုပ်မှုတို့ကို ကွင်းဆင်းလေ့လာ ဆောင်ရွက် ကြောင်း သိရသည်။
ဦးစွာ ဒုတိယညွှန်ကြားရေးမှူး ချုပ်နှင့်အဖွဲ့သည် တပ်ကုန်း မြို့နယ် ညောင်လွန့်ကျေးရွာရှိ ဝါကြိတ်စက်ရုံတွင် ဝါကြိတ် လုပ်ငန်းရှင်နှင့် တွေ့ဆုံ၍ ကုန်ကြမ်းဝါရရှိမှု၊ ထုတ်လုပ်မှု အဆင့်ဆင့်နှင့် တွေ့ကြုံရသည့် အခက်အခဲများကို မေးမြန်း ဆွေးနွေးခြင်း၊ ရမည်းသင်းမြို့နယ် ဆည်ကြီးကျေးရွာရှိ ဝါစိုက်ခင်း များသို့ ကွင်းဆင်း၍ ဝါစိုက် တောင်သူများနှင့် တွေ့ဆုံကာ ဝါစိုက်ပျိုးရာတွင် ဝါအထွက် ကောင်းရရှိစေရန် မျိုးကောင်း မျိုးသန့်နှင့် အခြားလိုအပ်ချက်များ တွေ့ဆုံမေးမြန်းခြင်း၊ ထို့နောက် ပျော်ဘွယ်မြို့ရှိ အမှတ် (၈)အထည်စက်ရုံသို့ သွားရောက်ကာ စက်ရုံမှူး ဦးဇော်ဇော်မြင့်နှင့် တွေ့ဆုံမေးမြန်းခြင်းများ ဆောင် ရွက်ကာ ချည်မျှင်ထုတ်လုပ်မှု အဆင့်ဆင့်တို့အား ကြည့်ရှု၍ ချည်မျှင်ထုတ်လုပ်ခြင်းကို မေးမြန်း ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
မောင်မွှေး