ASEAN-RUSSIA Naval Exercise (ARNEX-2021) သို့ တက်ရောက်ခဲ့သော စစ်ရေယာဉ်(ကျန်စစ်သား) ပြန်လည်ရောက်ရှိ

 

 

နေပြည်တော်   ဒီဇင်ဘာ   ၆ 
အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကမ်းလွန်ပင်လယ်ပြင်တွင် ဒီဇင်ဘာ ၁ ရက်မှ ၃ ရက်အထိ ကျင်းပပြုလုပ်ခဲ့သည့် အာဆီယံ-ရုရှား   ရေတပ်ဆိုင်ရာလေ့ကျင့်ခန်း  ASEAN-RUSSIA Naval Exercise(ARNEX-2021)သို့ တက်ရောက်ခဲ့သော   တပ်မတော်(ရေ)မှ   ဗိုလ်မှူးချုပ် ဇော်ဇော်လတ်   ဦးဆောင်သည့်  စစ်ရေယာဉ် (ကျန်စစ်သား)သည်   ယနေ့ ညနေပိုင်းတွင်   ရန်ကုန်မြို့သို့   ပြန်လည်ရောက်ရှိရာ   အလယ်ပိုင်းရေတပ် ကွပ်ကဲမှု ဌာနချုပ်၊  ဌာနချုပ်မှူး  ဦးဆောင်၍  တပ်မတော်(ရေ)မှ   အရာရှိ၊ စစ်သည်များက  ကြိုဆိုနှုတ်ဆက် ကြသည်။ 
အဆိုပါ    အာဆီယံ-ရုရှား ရေတပ်ဆိုင်ရာ     လေ့ကျင့်ခန်းသို့ တက်ရောက်ရန်အတွက်  စစ်ရေ ယာဉ်(ကျန်စစ်သား)သည် နိုဝင် ဘာ ၂၆ ရက်တွင် ရန်ကုန်မြို့မှ စတင်ထွက်ခွာခဲ့ပြီး အင်ဒိုနီးရှား နိုင်ငံ BELAWAN ဆိပ်ကမ်းအနီးသို့ နိုဝင်ဘာ ၃၀ ရက်     နံနက်ပိုင်း တွင်  ရောက်ရှိခဲ့သည်။   ASEAN-RUSSIA     Naval     Exercise (ARNEX-2021)     ဖွင့်ပွဲအခမ်း အနားကို  ဒီဇင်ဘာ ၁ ရက်တွင် ကျင်းပခဲ့ရာ     အခမ်းအနားသို့ အာဆီယံဆိုင်ရာ ရုရှားသံအမတ် ကြီး    Mr. Alexander Ivanov၊ အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ   ရုရှား သံအမတ်ကြီး     Mr.  Lyudmila Vorobyeva ၊ အင်ဒိုနီးရှားရေတပ်မှ အမှတ်(၁)     စစ်ရေယာဉ်စုမှူး ဗိုလ်ချုပ် Arsyad Abdullah နှင့် အာဆီယံနိုင်ငံများမှ    တာဝန်ရှိ သူများ၊ စစ်သံမှူးများတက်ရောက် ကြပြီး  လေ့ကျင့်ခန်းတွင်  ပါဝင် သည့် စစ်ရေယာဉ်များမှ Virtual Conferencing ဖြင့် တက်ရောက် ခဲ့ကြသည်။ 
စစ်ရေယာဉ်   (ကျန်စစ်သား)သည်   ဒီဇင်ဘာ ၁ ရက်မှ ၃ ရက် အထိ အာဆီယံနှင့် ရုရှားရေတပ် တို့မှ စစ်ရေယာဉ်များ၊ လေယာဉ်/ရဟတ်ယာဉ်များနှင့်အတူ   ဆူမား တြား  ကမ်းလွန်ပင်လယ်ပြင်တွင် ရေယာဉ်များ ပုံပြုမောင်းနှင်ခြင်း၊ သံသယဖြစ်ဖွယ်    ရေယာဉ်များ အား ရှာဖွေထောက်လှမ်းခြင်းနှင့် ရေယာဉ်ပေါ်သို့     တက်ရောက် ရှာဖွေစီးနင်းခြင်း၊     အချက်ပြ ဆက်သွယ်ခြင်း၊ ကာကင်းထုတ် ချီတက်ခြင်း၊ ပျက်စီးထိန်း ဆောင် ရွက်မှု၊   စစ်နည်းဗျူဟာဆိုင်ရာ သင်ခန်းစာများ     အပြန်အလှန် မေးမြန်းခြင်း၊      ပင်လယ်ပြင် ထောက်ပံ့   ဖြည့်တင်းရေး  ဆောင် ရွက်ခြင်း၊    ရေယာဉ်များပေါ်သို့ ရဟတ်ယာဉ်    ဆင်းသက်ခြင်း၊ ညအချိန်     ရေယာဉ်အုပ်လိုက် ချီတက်ခုတ်မောင်းခြင်း၊  ရှာဖွေ ကယ်ဆယ်ရေး စသည့် လေ့ကျင့် ခန်းများကို ဆောင်ရွက်ခဲ့ကြသည်။  ဒီဇင်ဘာ ၃ ရက် မွန်းလွဲပိုင်းတွင်     လေ့ကျင့်ခန်းပြီးဆုံး၍      ပိတ်ပွဲ အခမ်းအနားကို ပင်လယ်ပြင်တွင်   ဆောင်ရွက်ခဲ့ပြီး    စစ်ရေယာဉ် များအချင်းချင်း    အပြန်အလှန်      နှုတ်ဆက်ကြသည်။
အာဆီယံ- ရုရှား     ရေတပ် ဆိုင်ရာ   လေ့ကျင့်ခန်း   ASEAN-RUSSIA     Naval     Exercise (ARNEX- 2021)တွင်   မြန်မာနိုင်ငံ မှ    စစ်ရေယာဉ်(ကျန်စစ်သား)၊ ရုရှားနိုင်ငံမှ ဖျက်သင်္ဘော Admi-ral Panteleyev တို့  အပါအဝင် အင်ဒိုနီးရှား၊ မလေးရှား၊ ဘရူနိုင်း၊ စင်ကာပူ၊    ဗီယက်နမ်နှင့်   ထိုင်း နိုင်ငံတို့မှ     စစ်ရေယာဉ်   ရှစ်စင်း၊ ရဟတ်ယာဉ် သုံးစင်းနှင့်  ပင်လယ် ရေကြောင်း        ကင်းထောက် လေယာဉ်တစ်စင်းတို့ ပါဝင်ခဲ့ကြ ပြီး   လာအို၊   ကမ္ဘောဒီးယားနှင့် ဖိလစ်ပိုင်နိုင်ငံတို့မှ        လေ့လာသူ ကိုယ်စားလှယ်များ     တက်ရောက် ခဲ့ကြသည်။    ယခုလေ့ကျင့်ခန်း သည်  ရုရှားနိုင်ငံနှင့်  အာဆီယံ နိုင်ငံများအကြား        နှစ်ပေါင်း  ၃၀  ကြာ   ဆက်ဆံရေးခိုင်မြဲသည့် အထိမ်းအမှတ်အဖြစ် ဒေသတွင်း တည်ငြိမ်အေးချမ်းမှု၊ လုံခြုံမှုနှင့် အချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ ရရှိရန်   လေ့ကျင့်ဆောင်ရွက်ခဲ့ ကြခြင်းဖြစ်ကြောင်း၊ ရုရှားနိုင်ငံ နှင့် မဟာဗျူဟာမြောက် အာဆီယံ မိတ်ဖက်နိုင်ငံများအကြား   သမိုင်း စာမျက်နှာသစ်တစ်ခု ဖွင့်လှစ်နိုင် ခဲ့ခြင်းဖြစ်ကြောင်းနှင့်    အာဆီယံ- ရုရှား  ရေတပ်များ   ပူးတွဲလေ့ကျင့် သည့်  ပထမဦးဆုံးသော   ရေတပ် လေ့ကျင့်ခန်းတစ်ခု ဖြစ်ကြောင်း သိရှိရသည်။
တပ်မတော်(ရေ)မှ     စစ်ရေ ယာဉ်(ကျန်စစ်သား)သည်   ယခု ခရီးစဉ်တစ်လျှောက်   စုစုပေါင်း ရေမိုင်   ၃၀၀၀ ခန့်ကို   ခရီးနှင် ခဲ့ပြီး ပင်လယ်ရေကြောင်းဆိုင်ရာ လုံခြုံရေးအတွက်       ဦးတည် ဆောင်ရွက်သည့် အာဆီယံ-ရုရှား ရေတပ်ဆိုင်ရာ     လေ့ကျင့်ခန်း တွင်      အောင်မြင်စွာ      ပူးပေါင်း လေ့ကျင့် ဆောင်ရွက်နိုင်ခဲ့ကြောင်း သတင်းရရှိသည်။         သတင်းစဉ်