အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေးကော်မတီအစည်းအဝေး(၂/၂၀၂၃) ကျင်းပ

 

နေပြည်တော်     ဒီဇင်ဘာ    ၁၉


အရွယ်မရောက်သေးသူ ကလေးသူငယ် များအား    စစ်မှုထမ်းခြင်းမှ    ကာကွယ် တားဆီးထိန်းသိမ်းရေးကော်မတီ   ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေး ဝန်ကြီးဌာန      ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း ဦးဆောင်၍ အရွယ်မရောက်သေးသူ ကလေးသူငယ် များအား    စစ်မှုထမ်းခြင်းမှ     ကာကွယ် တားဆီးထိန်းသိမ်းရေးကော်မတီ အစည်း အဝေး (၂/၂၀၂၃) ကို ယနေ့မွန်းလွဲပိုင်းတွင် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးရုံး          အစည်းအဝေးခန်းမ၌ ကျင်းပသည်။


လွှဲပြောင်းပေးရေးများဆောင်ရွက်


အစည်းအဝေးတွင်     ကာကွယ်ရေး ဝန်ကြီးဌာန     ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား     ပြောကြားရာတွင် အရွယ်မရောက်သေးသူ    ကလေးသူငယ် များအား    စစ်မှုထမ်းခြင်းမှ    ကာကွယ် တားဆီးထိန်းသိမ်းရေးအတွက်     ၂၀၀၄ ခုနှစ် ဇန်နဝါရီ ၅ ရက်တွင် အရွယ်မရောက် သေးသူ    ကလေးသူငယ်များအား    စစ်မှု ထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်း ရေးကော်မတီကို     စတင်ဖွဲ့စည်းဆောင် ရွက်ခဲ့ရာ     ကော်မတီအစည်းအဝေးကို ၆ လ တစ်ကြိမ် ပုံမှန်ပြုလုပ်လျက်ရှိပြီး  ကော်မတီ၏     အဓိကတာဝန်ဖြစ်သည့် တပ်မတော်အတွင်း      အရွယ်မရောက် သေးသူကလေးသူငယ်များအား စစ်သည် အဖြစ်  စုဆောင်းခြင်းနှင့်  အသုံးပြုမှုမရှိ စေရေးနှင့်    တပ်မတော်သို့      တာဝန် ထမ်းဆောင်ရန်      ဝင်ရောက်လာသော သံသယဖြစ်ဖွယ် လူငယ်များကို လက်ခံမှု မရှိစေရေးအပြင် အသက်မပြည့်ကြောင်း  စိစစ်တွေ့ရှိသည့်   စစ်သည်များကို    မိဘ အုပ်ထိန်းသူများထံသို့ ပြန်လည်လွှဲပြောင်း ပေးရေးများ         ဆောင်ရွက်လျက်ရှိပါ ကြောင်း၊   ၂၀၀၆  ခုနှစ်တွင် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ အစီရင် ခံစာတွင် တပ်မတော်(ကြည်း)အား ပထမ ဦးစားပေးစာရင်းတွင် ပါဝင်လာခဲ့သဖြင့်  အဆိုပါစာရင်းမှ ပယ်ဖျက်နိုင်ရန်အတွက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရနှင့်   Country  Task  Force  on Monitoring and Reporting (CTFMR)တို့အကြား       အရွယ်မရောက်သေးသူ  ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်းစီမံချက်(Plan of Action)ကို ၂၀၁၂ ခုနှစ် ဇွန် ၂၇ ရက်တွင် လက်မှတ် ရေးထိုးပြီး         ပူးပေါင်းဆောင်ရွက်ခဲ့ ပါကြောင်း။


ဆက်လက်စိစစ်ဆောင်ရွက်လျက်ရှိ


အဆိုပါစီမံချက်အရ   CTFMR   နှင့်  ပူးပေါင်းပြီး   ယခုအချိန်အထိ   အသက်  မပြည့်စစ်သည် ၁၀၅၇ ဦးကို တပ်မတော်မှ  နုတ်ထွက်ခွင့်ပြုကာ    မိဘအုပ်ထိန်းသူ များထံ     ပြန်လည်လွှဲပြောင်းပေးခဲ့ပြီး ဖြစ်ပါကြောင်း၊   တပ်မတော်သို့   တာဝန် ထမ်းဆောင်ရန်      ဝင်ရောက်လာသော လူငယ်များအား      အရိုးဓာတ်မှန်ရိုက်၍ စိစစ်ခဲ့ရာ အသက်မပြည့်ကြောင်း သံသယ ရှိသူ  လူငယ်များအား လက်ခံခြင်းမပြုဘဲ  သက်ဆိုင်ရာ နေရပ်လိပ်စာအသီးသီးသို့ ပြန်လည်  စေလွှတ်ပေးနိုင်ခဲ့ပါကြောင်း၊ CTFMR   မှ   ပေးပို့လာသည့်    သံသယ ဖြစ်ဖွယ်စစ်သည်များကိုလည်း ဆက်လက် စိစစ်ဆောင်ရွက်လျက်ရှိပြီး မှန်ကန်ပါက  နုတ်ထွက်ခွင့်ပြုနိုင်ရေး ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း၊ လက်ရှိတွင် တပ်မတော် အနေဖြင့်     တပ်သားသစ်စုဆောင်းရေး ကဏ္ဍတွင် အရွယ်မရောက်သေးသူ ကလေး သူငယ်များအား           စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေး ကော်မတီ နှင့် CTFMR  တို့  သဘောတူသတ်မှတ် ပြဋ္ဌာန်းချက်များနှင့်အညီ ဥပဒေ၊ စည်းမျဉ်း စည်းကမ်းများအတိုင်း စုဆောင်းလျက် ရှိပါကြောင်း၊ အသိပညာပေးလုပ်ငန်းများ ကိုလည်း သက်ဆိုင်ရာဝန်ကြီးဌာနများ နှင့်     ပေါင်းစပ်ဆောင်ရွက်လျက်    ရှိပါ ကြောင်း၊   ကော်မတီအနေဖြင့်   အစည်း  အဝေးများကို          ပုံမှန်ကျင်းပလျက်ရှိပြီး တပ်မတော်အတွင်း      ကလေးစစ်သား အသုံးပြုမှုမရှိစေရေးကော်မတီ၏ ရည်မှန်း ချက်အတိုင်း ဆောင်ရွက်လျက်ရှိသကဲ့သို့  ဆက်လက်အကောင်အထည်ဖော်သွား မည်ဖြစ်ပါကြောင်းနှင့်     အစည်းအဝေး တွင် ဆွေးနွေးခဲ့သည့် ဆုံးဖြတ်ချက်များ အပေါ် ဆောင်ရွက်ပြီးစီးမှု အခြေအနေ များကိုလည်း     CTFMR   သို့   အသိပေး အကြောင်းကြားလျက်           ရှိပါကြောင်း ဆွေးနွေးသည်။


အကြံပြုဆွေးနွေး


ထို့နောက် အစည်းအဝေးတက်ရောက် လာကြသည့်        ကော်မတီဝင်များနှင့် ကိုယ်စားလှယ်များက အရွယ်မရောက် သေးသူ ကလေးသူငယ်များအား စစ်မှု ထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်း ရေး     လုပ်ငန်းများနှင့်       ပတ်သက်၍ သက်ဆိုင်ရာကဏ္ဍအလိုက်     အကောင် အထည်ဖော်          ဆောင်ရွက်နေမှုများ၊ ဆက်လက်အကောင်အထည်ဖော် ဆောင် ရွက်မည့်   အခြေအနေများအား အကြံပြု ဆွေးနွေးခဲ့ကြပြီး         ကော်မတီဥက္ကဋ္ဌ၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးက   လိုအပ်သည်များ   ဖြည့်စွက် ဆွေးနွေးခဲ့သည်။


တာဝန်ရှိသူများတက်ရောက်


အဆိုပါ    အစည်းအဝေးသို့    အရွယ် မရောက်သေးသူ ကလေးသူငယ်များအား  စစ်မှုထမ်းခြင်းမှ        ကာကွယ်တားဆီး ထိန်းသိမ်းရေး         ကော်မတီဝင်များနှင့် သက်ဆိုင်ရာ ရုံး/ဌာနများမှ တာဝန်ရှိသူ များ   တက်ရောက်ခဲ့ကြကြောင်း   သတင်း ရရှိသည်။            

     
 သတင်းစဉ်